ယူရိုနဲ့ရောင်းချမယ့် ၅၇ ကြိမ်မြောက် ကျောက်စိမ်းပွဲကျင်းပဖို့ နစကပြင်ဆင်နေ

ဧပြီ ၈-၂၀၂၂
KT(VOM)

ယူရိုနဲ့ရောင်းချမယ့် ၅၇ ကြိမ်မြောက် ကျောက်စိမ်းပွဲကျင်းပဖို့ နစကကောင်စီက နေပြည်တော်မှာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အဲ့ဒီပွဲဟာ တတိယအကြိမ် နဲ့ ပြည်ပကျောက်မျက်ရတနာကုန်သည်တွေ ဖိတ်ကြားပြီးကျောက်စိမ်း၊ကျောက်မျက်ရတနာနဲ့ပုလဲတွေကို ရောင်းချဖို့ စီစဥ်နေတာဖြစ်တယ်လို့ သိရပါတယ်။

“အခုရောင်းချမယ့်ပွဲကတော့ နိုင်ငံခြားငွေ(ယူရို)နဲ့ရောင်းချမှာပေါ့နော်၊ ပြည်တွင်းရတနာကုန်သည်တွေကိုရောင်းချတဲ့ပွဲတော့မဟုတ်ပါ၊ ပြည်ပရတနာကုန်သည်တွေကိုရောင်းမယ့်ပွဲပေါ့နော်၊ ပြည်တွင်းရောင်းရင်တော့ ကျပ်ပွဲပေါ့နော်၊ နစကတာဝန်ယူပြီးနောက် ကျောက်ပွဲလုပ်တာ ဒီအကြိမ်နဲ့ဆိုသုံးကြိမ်ပေါ့နော်၊ ပထမ ပြည်တွင်းရတနာကုန်သည်တွေကိုရောင်းတဲ့ကျပ်ပွဲ၊ဒုတိယပွဲက မီနီယူရိုနဲ့ပွဲ အခုပွဲကတော့ ပြည်ပရတနာကုန်သည်တွေကိုရောင်းမယ့်ပွဲကြီးပေါ့”လို့ မြန်မာနိုင်ငံကျောက်မျက်ရတနာအသင်းချူပ်မှ တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။

အခုကျင်းပမယ့် ၅၇ ကြိမ်မြောက်ကျောက်စိမ်း၊ကျောက်မျက်၊ပုလဲရောင်းချပွဲကို လာမယ့် ဧပြီ ၂၂ ရက်မှ ၂၈ နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ကျောက်မျက်ပွဲ #ယူရိုနဲ့ရောင်းချပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW