ပါကစ္စတန် ၀န်ကြီးချုပ်အပေါ် အယုံအကြည်မရှိ အဆိုမဲခွဲဖို့ တရားရုံးချုပ် ဆုံးဖြတ်၊ ၀န်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရဖွယ်ရှိနေ

အစ္စလာမ္မာဘတ်၊ ဧပြီ-၈-၂၀၂၂
မျိုးဆက်(VOM)

လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို ပိတ်ပင်ဖို့ ပါကစ္စတန်၀န်ကြီးချုပ်ရဲ့ လုပ်ဆောင်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပါကစ္စတန်တရားရုံးချုပ်က ဧပြီ ၇ ရက်မှာ ဆုံးဖြတ်လိုက်ပြီးနောက် ၀န်ကြီးချုပ် အိုင်မရာခန်းဟာ ယခုသီတင်းပတ်ကုန်မှာ ရာထူးမှဖယ်ရှားခံရဖွယ်ရှိနေပါတယ်။

မစ္စတာခန်းရဲ့ အာဏာရပါတီဟာ ၀န်ကြီးချုပ်ရှုံးနိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ထားတဲ့ အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ဖို့ အတိုက်အခံတွေက စီစဉ်နေတာကို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ ပိတ်ဆို့တားဆီးခဲ့ပါတယ်။

အဲဒီနောက်မှာ သူ့ရဲ့ပါကစ္စတန်အစိုးရဟာ လွှတ်တော်ကိုဖျက်သိမ်းခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

အယုံအကြည်မရှိအဆို မဲခွဲဖို့ကို ပိတ်ဆို့ခံရတာနဲ့ပတ်သက်ပြီး အတိုက်အခံတွေက တရားရုံးချုပ်သို့ အယူခံ၀င်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အယုံအကြည်မရှိအဆိုကို မဲခွဲဆုံးဖြတ်ဖို့ကို ရှေ့ဆက်လုပ်ဆောင်သင့်ကြောင်း ပါကစ္စတန်တရားရုံးချုပ်က ဧပြီ ၇ ရက်နှောင်းပိုင်းမှာ ဆုံးဖြတ်ခဲ့ပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့ အနေဖြင့် ၀န်ကြီးချုပ်အိုင်မရာခန်းဟာ အစိုးရအဖွဲ့အစည်းအဝေးခေါ်ယူခဲ့ပြီး ဧပြီ ၈ ရက်ညနေပိုင်းမှာ မိန့်ခွန်းပြောကြားမယ်လို့ ကြေညာခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #အစ္စလာမ္မာဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW