ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င်အများအပြားကျဆုံးခဲ့ကြောင်း ပထမဆုံးအကြိမ် ရုရှား၀န်ခံ

မော်စကို၊ ဧပြီ-၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှု ၄၄ ရက်မြောက်ထိ ရောက်ရှိလာချိန်မှာ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် အများအပြား ကျဆုံးခဲ့ကြောင်း ရုရှားဘက်က ၀န်ခံပြောဆိုလိုက်ပါတယ်။

ဒီလို အသေအပျောက်များစွာကြုံရခြင်းဟာ မိမိတို့အတွက် ကြီးမားတဲ့ ၀မ်းနည်းကြေကွဲဖွယ်ဖြစ်ကြောင်း ရုရှားသမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က စကိုင်းနယူးသတင်းဌာနသို့ ဧပြီ ၇ ရက်မှာ ပြောပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်း ရုရှားဟာ ယူကရိန်းမှာ စစ်ရေးရည်မှန်းချက်တွေ ရရိ်ှလိမ့်မယ်လို့သူကပြောပါတယ်။

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် ၁၃၅၁ ဦးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက မတ် ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပေယ့် ရုရှားတပ်ဖွဲ့၀င် ၁၉၀၀၀ နီးပါးသေဆုံးခဲ့ကြောင်း ယူကရိန်းဘက်က ပြောဆိုထားပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ဒါပေမယ့် ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င် ၇၀၀၀ ကနေ ၁၅၀၀၀ အကြား သေဆုံးခဲ့တယ်လို့ အနောက်နိုင်ငံခေါင်းဆောင်တွေက ယုံကြည်နေကြပါတယ်။

မိမိတို့အနေနဲ့ ယူကရိန်းရှိ စစ်ဆင်ရေးတွေကို အဆုံးသတ်ဖို့ အစွမ်းကုန်ကြိုးစားနေကြောင်း များမကြာမီမှာ စစ်ရေးရည်မှန်းချက်တွေ အောင်မြင်ခြင်း သို့မဟုတ် ရုရှားနဲ့ယူကရိန်းကိုယ်စားလှယ်အဖွဲ့တို့အကြား စေ့စပ်ညှိနှိုင်းမှုတွေ အပြီးသတ်နိုင်လိမ့်မယ်လို့ ရုရှားသမ္မတပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ပြောဆိုထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW