စက်ရုံအလုပ်ရုံက အလုပ်သမားတွေ မှတ်ပုံတင်အခက်အခဲကြောင့် နေရပ်မပြန်နိုင်ဖြစ်နေ

ဧပြီ ၅-၂၀၂၀ KK(VOM) ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သင်္ကြန်ပိတ်ရက် မှတ်ပုံတင်မရှိတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ အထည်ချုပ်စက်ရုံက အလုပ်သမားတွေအများစုရဲ့ မှတ်ပုံတင်တွေဟာ ခါးပိုက်နှိုက်ခံရတာတွေ ပျောက်ဆုံးတာတွေကြောင့် ဒီနှစ်သင်္ကြန်မှာ စက်ရုံ၊အလုပ်ရုံတွေ ပိတ်ထားပေမယ့် မှတ်ပုံတင်မရှိတာကြောင့် မိသားစုရှိတဲ့ နေရပ်ကိုမပြန်နိူင်ဘူးလို့ လှိုင်သာယာစက်မှုဇုန် မှ အလုပ်သမားတစ်ဦးက ပြောပါတယ်။ “အရင်နှစ်က ထောက်ခံစာနဲ့ပြန်လို့ရသေးတယ် ဒီနှစ်က ထောက်ခံစာနဲ့မရဘူးဆိုတော့ ပြန်လို့မရဘူး၊ မှတ်ပုံတင်ပျောက်တာ ပြန်မလုပ်တာမဟုတ်ဘူး၊ ပြန်လုပ်ရင် အချိန်ပေးရတာ အလုပ်က ရက်ရှည်ခွင့်ရတာ မဟုတ်ဘူး”လို့ သူကပြောပါတယ်။ ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတစ်ဦးကလည်း “ညီမကတော့ အိမ်က အစ်ကိုတစ်ယောက်ကို ပိုက်ဆံလာယူခိုင်းလိုက်တယ် မပြန်တော့ဘူး ဒီနှစ်၊ မှတ်ပုံတင်ပျောက်တာ ပြန်လုပ်ဖို့ အချက်အလက်တွေပေးလိုက်တယ်၊ ညီမက နီးလို့ပြဿနာမဟုတ်ပေမယ့် ရခိုင်ကနေ လာလုပ်တဲ့သူတွေကျတော့ အခက်အခဲဖြစ်ရော”လို့ ပြောပါတယ်။ အခုလို…

Read More

တောင်ကိုရီးယားက တိုက်ခိုက်လာရင် နျူကလီးယားလက်နက်တွေသုံးပြီး ပြန်တိုက်မယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် တောင်ကိုရီးယားက တိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက်တွေကို အသုံးပြုတိုက်ခိုက်သွားမယ်လို့ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ဧပြီ ၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဒါဟာ တောင်ကိုရီးယားရဲ့ သမ္မတသစ် ကွန်ဆာဗေးတစ်ခေါင်းဆောင်ကို ရည်ညွန်းသတိပေးချက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။ မြောက်ကိုရီးယားကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးက မကြာသေးမီက မှတ်ချက်ပြုပြောဆိုလိုက်တဲ့စကားဟာ လွန်စွာမှားယွင်းတယ်လို့ မြောက်ကိုရီးယားအစိုးရနဲ့ အာဏာရပါတီရဲ့ ထိပ်တန်းတာ၀န်ရှိသူ ကင်ယိုဂျုံက ပြောပါတယ်။ မြောက်ကိုရီးယားရှိ ဘယ်လိုပစ်မှတ်ကိုမဆို ထိရောက်မြန်ဆန်စွာ တိတိကျကျပစ်ခတ်နိုင်တဲ့ အကွာအဝေး၊ တိကျမှုနဲ့ စွမ်းအားတို့ရှိတဲ့ ဒုံးကျည်မျိုးစုံ တောင်ကိုရီးယားမှာရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီး Suh Wook က ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ပိုမိုအစွမ်းထက်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံစလုံးက စစ်ရေးအင်အားကို တိုးမြှင့်ပြသမှုတွေ ပြုလုပ်ခဲ့ပါတယ်။…

Read More

ကန့်ဘလူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ​ေနအိမ် အပါအဝင် အဆောက်အဦး ၄ ခုထက်မနည်း ချိတ်ပိတ်

ဧပြီ ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားချယ်ရဲ့ နေအိမ် အပါအဝင် ဆောက်အဦးတချို့မနေ့က ချိတ်ပိတ်သိမ်းဆည်းခံရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မြို့နယ်အဖွဲ့က လာရောက်ချိတ်ပိတ်သွားတာပါ ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ရဲ့ နေအိမ် ၊ ဦးစိုးမင်းအောင် ပိုင်တဲ့ လမင်းအောင် ဘီယာဆိုင် အပါအဝင် အဆောက်အဦး ၄ ခုထက္မနည်း ချိတ်ပိတ်ခံရတာ ” လို့ ကန့်ဘလူမြို့ခံတစ်ယောက်က ပြောပါတယ်။ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ဟာ ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းစံပြကျေးရွာမှာ အခြေချနေထိုင်တဲ့အတွက် ထန်းကုန်းရွာက နေအိမ်ကို ချိတ်ပိတ်တာလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက…

Read More

ပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င်တွေရဲ့ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ ထွက်ပေါ်လာချိန်မှာ ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြို့တော်ကိယက်ဗ်အနီး ဘူချာမြို့မှာ ရုရှားတပ်တွေဆုတ်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အရပ်သားတွေရဲ့ အလောင်းတွေ အများအပြားတွေ့ရှိပြီးနောက် နိုင်ငံတကာကလည်း အမျက်ဒေါသထွက်နေကြပါတယ်။ ဘူချာမြို့ကို ရုရှားတပ်တွေ သိမ်းပိုက်ထားချိန်အတွင်း မြို့ရဲ့လမ်းတွေပေါ်မှာ အလောင်းတွေပြန့်ကြဲနေတဲ့ ဓါတ်ပုံတွေကို ကမ္ဘာမြေလေ့လာရေးကုမ္ပဏီဖြစ်တဲ့ Maxar က ထုတ်ပြန်ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလူရက်စက်တယ်လို့ ရုရှားသမ္မတပူတင်ကိုရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပြီး ပူတင်ဟာ စစ်ရာဇ၀တ်ကောင်လို့ ယုံကြည်ကြောင်း သူကထည့်သွင်းပြောဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ အရပ်သားတွေသေဆုံးတဲ့ပုံရိပ်တွေကို လုပ်ဇာတ်အဖြစ် ပြသခဲ့တာလို့ ရုရှားဘက်က ဆိုပါတယ်။ ဓါတ်ပုံတွေကို နယူးယောက်တိုင်းမ်သတင်းဌာနက ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာတော့ မြို့ကို ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ မတ် ၁၁ ရက်ကတည်းက လမ်းပေါ်မှာ အလောင်း ၁၁…

Read More

သီရိလင်္ကာမှာ ဆေးဝါးနဲ့ပစ္စည်းကိရိယာရှားပါးမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာတွေ ရှားပါးမှုကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အစိုးရရဲ့ ဆေးဘက်ဆိုင်ရာတာ၀န်ရှိသူများအဖွဲ့က ဧပြီ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံသားအများစု မှီခိုနေရတဲ့ အစိုးရကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေဟာ ယခုအခါ အရေးပေါ်ကုသရေးလုပ်ငန်းတွေကိုသာ ဦးစားပေးဆောင်ရွက်တော့မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အမြင့်ဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ အစိုးရဆေးဘက်ဆိုင်ရာ တာ၀န်ရှိသူများအဖွဲ့က ဧပြီ ၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးနဲ့နိုင်ငံခြားငွေလဲလှယ်မှု အကြပ်အတည်းတွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ရင်ဆိုင်နေရပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတ ဂိုတာဘာယာရာဂျပက်ဆာကို ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ သမ္မတ မစ္စတာရာဂျပက်ဆာရဲ့ သီရိလင်္ကာအစိုးရအဖွဲ့၀န်ကြီးအားလုံး ရာထူးမှနှုတ်ထွက်သွားပေမယ့် သမ္မတကတော့ လက်ရှိချိန်ထိ ရာထူးမှနှုတ်ထွက်ဖို့ ငြင်းဆိုထားပါတယ်။ အဲဒီအစား အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး အစိုးရသစ်မှာ တာ၀န်တွေယူကြဖို့ အတိုက်အခံပါတီတွေကို…

Read More

ဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး

ဆူးငှက် သည်နှစ် လောလောဆယ် မိုးခေါင်နေသေးသည်။ ကိုဗစ်နှိပ်စက်လို့ ရင်တွင်းအပူတွေတငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့ အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့် တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလေ မကဲခင်ကတည်းက လေကတခွင် စံပယ်ပွင့်သည်။ မြတါလေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စံပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စံပယ်မြတ်လေးရနံ့…

Read More

မန္တလေး-ထုံးဘိုကားလမ်းမှာ ယာဥ်တိမ်းမှောက်ပြီး လူ(၃)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ဧပြီ ၄-၂၀၂၂ KK(VOM) မန္တလေးမြို့၊ ထုံးဘိုကားလမ်း၊ မင်းစုရွာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးယာဥ်တစီး တိမ်းမှောက်ခဲ့ရာ လူ(၃)ဦးသေဆုံးပြီး၊ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မုံရွာကနေ မန္တလေးမြို့ကို ပြန်လာတဲ့မိသားစုတွေဟာ အုန်းချောရွာနဲ့မြစ်ငယ်မြို့ကြားရှိ ထုံးဘိုလမ်းပေါ်မှာ ယာဥ်တိမ်းမှောက်ပြီး အခုလို သေဆုံး၊ဒဏ်ရာရတာဖြစ်တယ်လို့ သွားရောက်ကူညီပေးတဲ့ ရွှေမဥ္ဓူပရဟိတအသင်းကနေ သိရပါတယ်။ ရွှေမဥ္ဓူပရဟိတအသင်းမှ ကိုစိုင်းသန်းထိုက်က “သုံးဦးသေတယ် နှစ်ဦးက ဒဏ်ရာရတယ်၊ ဒဏ်ရာ ရသူတွေကလည်း စိုးရိမ်ရတယ်၊ အခု သေတဲ့သူရော ဆေးရုံကို ပို့နေတယ်”လို့ ပြောပါတယ်။ အဲဒီယာဥ်တိမ်းမှောက်ကို ရွှေမဥ္ဓူအသင်းနဲ့အတူ လောကပါလအသင်း-ထာဝရတွဲလက်အသင်း ဖြူစင်မေတ္တာအသင်း တို့ကလည်း သွားရောက်ကူညီပေးခဲ့ကြတာဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ယာဥ်တိမ်းမှောက်ရာမှာ အမျိုးသမီး(၂)ဦးနဲ့အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၂)ဦးကို မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရီမြို့နယ်မှာ ယာဥ်တိမ်းမှောက်မှုကြောင့် လူ၅ဦးသေဆုံးခဲ့ပြီး…

Read More

မန္တလေး – ရွှေဘို ကားလမ်းမှာ ခရီးသည်လိုင်းကား မိုင်းထိမှန်ပြီး လိုက်ပါလာသူအချို့ ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မန္တလေး-ရွှေဘိုကားလမ်း ၊ ရွာသာကြီးကျေးရွာနဲ့ မဲကုန်းရွာအကြား ၊ ရွှေလှံဇရပ်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင် ကားတစ်စီး မိုင်းထိမှန်းပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ရန်ကုန်-ကျွန်းလှ ခရီးသည်သယ်ယူပို့ဆောင်ရေး ကားဂိတ်မှူးတဦးက” အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီး ၁ ပါး အပါအဝင် ယာဥ်မောင်း ဦးဇော်ဝင်း ၊ ယာဥ်နောက်လိုက် ဦးစိုးခိုင်နဲ့ ရွှေဘိုမြို့နယ် ၊ သရက်ပင်ဝန်းကျေးရွာ ၊ သရက်ပင်ဝန်းကျောင်းတိုက် ဆရာတော် ဥူးဇာဂရ တို့ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တာ “လို့ ပြောပါတယ်။ ” ဒီမနက်…

Read More

ရေစကြိုမှာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပြီး မိုင်းလာရှင်းသူ ၂ ဦး ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီး စံပြကျေးရွာ ၊ ပခန်းကြီး အထက်တန်းကျောင်းဝန်းအနီး ရေစကြို-ပခုက္ကူ ကားလမ်းပေါ်မှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးအဖွဲ့က လူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပခန်းကြီးရွာခံတွေဆီက သိရပါတယ်။ စာမေးပွဲ ကြီးကြပ်သူတဦးက ” ကျောင်းဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပခန်းကြီးမြို့ဟောင်း အဝင်မုခ်တံခါးနားမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း အမျိုးအစား ၁ လုံး ထပ်မံတွေ့ရလို့ ရှင်းလင်းဖယ်ရှားတဲ့အခါ မိုင်းရှင်း လုံခြုံရေး ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။ ” ကလေးတွေ စာမေးပွဲဖြေဆိုပြီး ကျောင်းပြန်ထွက်ချိန် ၁၂ နာရီ…

Read More

ဟုမ္မလင်းမြို့နယ်ဥပဒေရုံးမှာ ပထမဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ရုံးအနီးက စျေးသည်အချို့ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့၊နောင်ပကျစ်ရပ်ကွက်၊ ကန္နားလမ်းမှာရှိတဲ့ မြို့နယ်ဥပဒေရုံးမှာ မနေ့ ဧပြီ၃ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအနီးက စျေးသည်အမျိုးသမီး ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ “ဥပဒေရုံး ပေါက်ကွဲတာက ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ အဲ့ဒီရုံးအနီးက စျေးသည် ၃ ဦးဖြစ်တဲ့ မဂျူလိုင်မိုး ၊ မဝါဝါမြင့် နဲ့ မသင်းသဇင် တို့ကတော့ မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ နောင်ပကျစ်ရပ်ကွက်မှာ နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး တာဝန်ရှိသူတဦးက” တရားရေး ပစ်မှတ်ကို ဖောက်ခွဲတိုက်ခိုက်တာလို့ ထင်တယ် ၊ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာတော့ မသိဘူး…

Read More
VOM News

FREE
VIEW