သီရိလင်္ကာမှာ ဆေးဝါးနဲ့ပစ္စည်းကိရိယာရှားပါးမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ ဧပြီ-၅-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံမှာ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာတွေ ရှားပါးမှုကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အစိုးရရဲ့ ဆေးဘက်ဆိုင်ရာတာ၀န်ရှိသူများအဖွဲ့က ဧပြီ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။

ဒီလိုကြေညာလိုက်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံသားအများစု မှီခိုနေရတဲ့ အစိုးရကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေဟာ ယခုအခါ အရေးပေါ်ကုသရေးလုပ်ငန်းတွေကိုသာ ဦးစားပေးဆောင်ရွက်တော့မှာဖြစ်ပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ အစိုးရဆေးဘက်ဆိုင်ရာ တာ၀န်ရှိသူများအဖွဲ့က ဧပြီ ၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးနဲ့နိုင်ငံခြားငွေလဲလှယ်မှု အကြပ်အတည်းတွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ရင်ဆိုင်နေရပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတ ဂိုတာဘာယာရာဂျပက်ဆာကို ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။

သမ္မတ မစ္စတာရာဂျပက်ဆာရဲ့ သီရိလင်္ကာအစိုးရအဖွဲ့၀န်ကြီးအားလုံး ရာထူးမှနှုတ်ထွက်သွားပေမယ့် သမ္မတကတော့ လက်ရှိချိန်ထိ ရာထူးမှနှုတ်ထွက်ဖို့ ငြင်းဆိုထားပါတယ်။

အဲဒီအစား အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး အစိုးရသစ်မှာ တာ၀န်တွေယူကြဖို့ အတိုက်အခံပါတီတွေကို တိုက်တွန်းထားကာ ဒီတိုက်တွန်းမှုကို အားလုံးက ငြင်းဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW