မြောက်ဥက္ကလာပမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၆ လုံးမီးထဲပါသွား

ဧပြီ ၅-၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုမာလာ ၁၄လမ်းမှာ ဒီကနေ့ မနက် ၉ နာရီကျော်က မီး လောင်ကျွမ်းမှုဖြစ်ခဲ့ပြီး နေအိမ်ခြောက်လုံး မီးလောင်တဲ့အထဲပါသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ မီးလောင်မှုဖြစ်စဥ်မှာ ကူညီငြိမ်းသတ်ခဲ့သူတစ်ဦးက “အိမ်တွေက ကပ်နေတာ လူနိူင်လို့ လူသာမနိူင်ရင် အကုန်လောင်မှာ၊ မီးသတ်ရော လူရောနိူင်လို့ ကံကောင်းတာ”လို့ ပြောပါတယ်။ မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုမာလာ ၁၄လမ်း မီးလောင်မှုဖြစ်ပွားရာကို မီးသတ်ဦးစီးဌာနက Level-2 အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက ညွန်ကြားရေးမှူးတဦးက ပြောပါတယ်။ “နေအိမ်ခြောက်လုံး မီးထဲပါသွားတယ် ခန့်မှန်းတန်ဖိုးက သိန်းသုံးဆယ်ဝန်းကျင်လောက်ပဲရှိမယ် “လို့ သူကပြောပါတယ်။ လက်တလောမှာ မီးလောင်ရတဲ့အကြောင်းအရင်းကို မီးသတ်ဦးစီးဌာနက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ၅ ရပ်ကွက်မှာလည်း ဒီကနေ့ မနက် ၁၂နာရီဝန်းကျင်က ကိုင်းတောမီးလောင်မှုဖြစ်ပွားခဲ့ပြီး…

Read More

မုံရွာ-ယာကြီး-ကလေးဝကားလမ်းမှာ အိမ်စီးကားတစီး မိုင်းထိ၊ လူ ၆ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ

ဧပြီ ၊ ၅-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် ၊ စခန်းကြီးကျေးရွာမြောက်ဘက် ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်မှာ လိုက်ပါလာသူတချို့ သေဆုံးခဲ့တယ်လို့ စခန်းကြီးရွာနေ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ ” ဒီကနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်က ပေါက်ကွဲတာပါ၊ နေရာကတော့ စခန်းကြီးရွာရဲ့မြောက်ဘက် ၂ မိုင် ဝန်းကျင်မှာ ဖြစ်တယ်၊ အိမ်စီးကား Honda Fit အဖြူရောင် မိုင်း ၂ ချက်ထိပြီး ကားပေါ်မှာ ပါလာတဲ့သူတွေ သေကုန်တယ် “လို့ စခန်းကြီးရွာခံတယောက်ကပြောပါတယ်။ အဲ့ဒီ မိုင်းပေါက်ကွဲတဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံလူမှုကူညီရေး ပရဟိတသမားတယောက်က ” ကနဦး သိရတာက ၊ မင်းကင်းမြို့နယ် ၊ အထက်စသာရွာက…

Read More

စက်ရုံအလုပ်ရုံက အလုပ်သမားတွေ မှတ်ပုံတင်အခက်အခဲကြောင့် နေရပ်မပြန်နိုင်ဖြစ်နေ

ဧပြီ ၅-၂၀၂၀ KK(VOM) ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သင်္ကြန်ပိတ်ရက် မှတ်ပုံတင်မရှိတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။ အထည်ချုပ်စက်ရုံက အလုပ်သမားတွေအများစုရဲ့ မှတ်ပုံတင်တွေဟာ ခါးပိုက်နှိုက်ခံရတာတွေ ပျောက်ဆုံးတာတွေကြောင့် ဒီနှစ်သင်္ကြန်မှာ စက်ရုံ၊အလုပ်ရုံတွေ ပိတ်ထားပေမယ့် မှတ်ပုံတင်မရှိတာကြောင့် မိသားစုရှိတဲ့ နေရပ်ကိုမပြန်နိူင်ဘူးလို့ လှိုင်သာယာစက်မှုဇုန် မှ အလုပ်သမားတစ်ဦးက ပြောပါတယ်။ “အရင်နှစ်က ထောက်ခံစာနဲ့ပြန်လို့ရသေးတယ် ဒီနှစ်က ထောက်ခံစာနဲ့မရဘူးဆိုတော့ ပြန်လို့မရဘူး၊ မှတ်ပုံတင်ပျောက်တာ ပြန်မလုပ်တာမဟုတ်ဘူး၊ ပြန်လုပ်ရင် အချိန်ပေးရတာ အလုပ်က ရက်ရှည်ခွင့်ရတာ မဟုတ်ဘူး”လို့ သူကပြောပါတယ်။ ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတစ်ဦးကလည်း “ညီမကတော့ အိမ်က အစ်ကိုတစ်ယောက်ကို ပိုက်ဆံလာယူခိုင်းလိုက်တယ် မပြန်တော့ဘူး ဒီနှစ်၊ မှတ်ပုံတင်ပျောက်တာ ပြန်လုပ်ဖို့ အချက်အလက်တွေပေးလိုက်တယ်၊ ညီမက နီးလို့ပြဿနာမဟုတ်ပေမယ့် ရခိုင်ကနေ လာလုပ်တဲ့သူတွေကျတော့ အခက်အခဲဖြစ်ရော”လို့ ပြောပါတယ်။ အခုလို…

Read More

တောင်ကိုရီးယားက တိုက်ခိုက်လာရင် နျူကလီးယားလက်နက်တွေသုံးပြီး ပြန်တိုက်မယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် တောင်ကိုရီးယားက တိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက်တွေကို အသုံးပြုတိုက်ခိုက်သွားမယ်လို့ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ဧပြီ ၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဒါဟာ တောင်ကိုရီးယားရဲ့ သမ္မတသစ် ကွန်ဆာဗေးတစ်ခေါင်းဆောင်ကို ရည်ညွန်းသတိပေးချက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။ မြောက်ကိုရီးယားကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးက မကြာသေးမီက မှတ်ချက်ပြုပြောဆိုလိုက်တဲ့စကားဟာ လွန်စွာမှားယွင်းတယ်လို့ မြောက်ကိုရီးယားအစိုးရနဲ့ အာဏာရပါတီရဲ့ ထိပ်တန်းတာ၀န်ရှိသူ ကင်ယိုဂျုံက ပြောပါတယ်။ မြောက်ကိုရီးယားရှိ ဘယ်လိုပစ်မှတ်ကိုမဆို ထိရောက်မြန်ဆန်စွာ တိတိကျကျပစ်ခတ်နိုင်တဲ့ အကွာအဝေး၊ တိကျမှုနဲ့ စွမ်းအားတို့ရှိတဲ့ ဒုံးကျည်မျိုးစုံ တောင်ကိုရီးယားမှာရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီး Suh Wook က ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ပိုမိုအစွမ်းထက်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံစလုံးက စစ်ရေးအင်အားကို တိုးမြှင့်ပြသမှုတွေ ပြုလုပ်ခဲ့ပါတယ်။…

Read More

ကန့်ဘလူမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ​ေနအိမ် အပါအဝင် အဆောက်အဦး ၄ ခုထက်မနည်း ချိတ်ပိတ်

ဧပြီ ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားချယ်ရဲ့ နေအိမ် အပါအဝင် ဆောက်အဦးတချို့မနေ့က ချိတ်ပိတ်သိမ်းဆည်းခံရတယ်လို့ ကန့်ဘလူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က မြို့နယ်အဖွဲ့က လာရောက်ချိတ်ပိတ်သွားတာပါ ၊ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ရဲ့ နေအိမ် ၊ ဦးစိုးမင်းအောင် ပိုင်တဲ့ လမင်းအောင် ဘီယာဆိုင် အပါအဝင် အဆောက်အဦး ၄ ခုထက္မနည်း ချိတ်ပိတ်ခံရတာ ” လို့ ကန့်ဘလူမြို့ခံတစ်ယောက်က ပြောပါတယ်။ ကန့်ဘလူမြို့နယ် ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်ဟာ ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းစံပြကျေးရွာမှာ အခြေချနေထိုင်တဲ့အတွက် ထန်းကုန်းရွာက နေအိမ်ကို ချိတ်ပိတ်တာလို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက…

Read More

ပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းမှာ ရုရှားတပ်ဖွဲ့၀င်တွေရဲ့ရက်စက်ကြမ်းကြုပ်မှုတွေနဲ့ပတ်သက်ပြီး သက်သေအထောက်အထားတွေ ထွက်ပေါ်လာချိန်မှာ ရုရှားသမ္မတပူတင်ကို စစ်ရာဇ၀တ်မှုတွေနဲ့ အရေးယူဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြို့တော်ကိယက်ဗ်အနီး ဘူချာမြို့မှာ ရုရှားတပ်တွေဆုတ်ခွာသွားပြီးနောက် သတ်ဖြတ်ခံထားရတဲ့ အရပ်သားတွေရဲ့ အလောင်းတွေ အများအပြားတွေ့ရှိပြီးနောက် နိုင်ငံတကာကလည်း အမျက်ဒေါသထွက်နေကြပါတယ်။ ဘူချာမြို့ကို ရုရှားတပ်တွေ သိမ်းပိုက်ထားချိန်အတွင်း မြို့ရဲ့လမ်းတွေပေါ်မှာ အလောင်းတွေပြန့်ကြဲနေတဲ့ ဓါတ်ပုံတွေကို ကမ္ဘာမြေလေ့လာရေးကုမ္ပဏီဖြစ်တဲ့ Maxar က ထုတ်ပြန်ပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အခုလိုက်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီလူရက်စက်တယ်လို့ ရုရှားသမ္မတပူတင်ကိုရည်ညွှန်းပြီး ဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပြီး ပူတင်ဟာ စစ်ရာဇ၀တ်ကောင်လို့ ယုံကြည်ကြောင်း သူကထည့်သွင်းပြောဆိုပါတယ်။ ဒါပေမယ့် ယူကရိန်းဟာ အရပ်သားတွေသေဆုံးတဲ့ပုံရိပ်တွေကို လုပ်ဇာတ်အဖြစ် ပြသခဲ့တာလို့ ရုရှားဘက်က ဆိုပါတယ်။ ဓါတ်ပုံတွေကို နယူးယောက်တိုင်းမ်သတင်းဌာနက ခွဲခြမ်းစိတ်ဖြာလေ့လာရာမှာတော့ မြို့ကို ရုရှားတပ်တွေသိမ်းပိုက်ထားတဲ့ မတ် ၁၁ ရက်ကတည်းက လမ်းပေါ်မှာ အလောင်း ၁၁…

Read More

သီရိလင်္ကာမှာ ဆေးဝါးနဲ့ပစ္စည်းကိရိယာရှားပါးမှုကြောင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ ဧပြီ-၅-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာ စက်ပစ္စည်းကိရိယာတွေ ရှားပါးမှုကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အစိုးရရဲ့ ဆေးဘက်ဆိုင်ရာတာ၀န်ရှိသူများအဖွဲ့က ဧပြီ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်ခြင်းကြောင့် သီရိလင်္ကာနိုင်ငံသားအများစု မှီခိုနေရတဲ့ အစိုးရကျန်းမာရေးစောင့်ရှောက်မှု ဌာနတွေဟာ ယခုအခါ အရေးပေါ်ကုသရေးလုပ်ငန်းတွေကိုသာ ဦးစားပေးဆောင်ရွက်တော့မှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အမြင့်ဆုံးဆေးဘက်ဆိုင်ရာအဖွဲ့ဖြစ်တဲ့ အစိုးရဆေးဘက်ဆိုင်ရာ တာ၀န်ရှိသူများအဖွဲ့က ဧပြီ ၄ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးအပြီးမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကြေညာဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးနဲ့နိုင်ငံခြားငွေလဲလှယ်မှု အကြပ်အတည်းတွေကြောင့် လျှပ်စစ်မီးပြတ်တောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ရင်ဆိုင်နေရပြီး ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတ ဂိုတာဘာယာရာဂျပက်ဆာကို ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ပွားနေပါတယ်။ သမ္မတ မစ္စတာရာဂျပက်ဆာရဲ့ သီရိလင်္ကာအစိုးရအဖွဲ့၀န်ကြီးအားလုံး ရာထူးမှနှုတ်ထွက်သွားပေမယ့် သမ္မတကတော့ လက်ရှိချိန်ထိ ရာထူးမှနှုတ်ထွက်ဖို့ ငြင်းဆိုထားပါတယ်။ အဲဒီအစား အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီး အစိုးရသစ်မှာ တာ၀န်တွေယူကြဖို့ အတိုက်အခံပါတီတွေကို…

Read More
VOM News

FREE
VIEW