တောင်ကိုရီးယားက တိုက်ခိုက်လာရင် နျူကလီးယားလက်နက်တွေသုံးပြီး ပြန်တိုက်မယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဧပြီ-၅-၂၀၂၂
မျိုးဆက်(VOM)

မြောက်ကိုရီးယားအနေနဲ့ စစ်ပွဲကိုမလိုလားပေမယ့် တောင်ကိုရီးယားက တိုက်ခိုက်လာမယ်ဆိုရင် နျူကလီးယားလက်နက်တွေကို အသုံးပြုတိုက်ခိုက်သွားမယ်လို့ ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက ဧပြီ ၅ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဒါဟာ တောင်ကိုရီးယားရဲ့ သမ္မတသစ် ကွန်ဆာဗေးတစ်ခေါင်းဆောင်ကို ရည်ညွန်းသတိပေးချက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဆိုပါတယ်။

မြောက်ကိုရီးယားကို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး တောင်ကိုရီးယားကာကွယ်ရေး၀န်ကြီးက မကြာသေးမီက မှတ်ချက်ပြုပြောဆိုလိုက်တဲ့စကားဟာ လွန်စွာမှားယွင်းတယ်လို့ မြောက်ကိုရီးယားအစိုးရနဲ့ အာဏာရပါတီရဲ့ ထိပ်တန်းတာ၀န်ရှိသူ ကင်ယိုဂျုံက ပြောပါတယ်။

မြောက်ကိုရီးယားရှိ ဘယ်လိုပစ်မှတ်ကိုမဆို ထိရောက်မြန်ဆန်စွာ တိတိကျကျပစ်ခတ်နိုင်တဲ့ အကွာအဝေး၊ တိကျမှုနဲ့ စွမ်းအားတို့ရှိတဲ့ ဒုံးကျည်မျိုးစုံ တောင်ကိုရီးယားမှာရှိတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး၀န်ကြီး Suh Wook က ပြီးခဲ့တဲ့ သောကြာနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်း ပိုမိုအစွမ်းထက်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံစလုံးက စစ်ရေးအင်အားကို တိုးမြှင့်ပြသမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Ref: Reuters
Photo: N.K State Media
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW