မုံရွာ-ယာကြီး-ကလေးဝကားလမ်းမှာ အိမ်စီးကားတစီး မိုင်းထိ၊ လူ ၆ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ

ဧပြီ ၊ ၅-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးဝမြို့နယ် ၊ စခန်းကြီးကျေးရွာမြောက်ဘက် ၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းမှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးကား ၁ စီး မိုင်းထိမှန်ပြီး ကားပေါ်မှာ လိုက်ပါလာသူတချို့ သေဆုံးခဲ့တယ်လို့ စခန်းကြီးရွာနေ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

” ဒီကနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်က ပေါက်ကွဲတာပါ၊ နေရာကတော့ စခန်းကြီးရွာရဲ့မြောက်ဘက် ၂ မိုင် ဝန်းကျင်မှာ ဖြစ်တယ်၊ အိမ်စီးကား Honda Fit အဖြူရောင် မိုင်း ၂ ချက်ထိပြီး ကားပေါ်မှာ ပါလာတဲ့သူတွေ သေကုန်တယ် “လို့ စခန်းကြီးရွာခံတယောက်ကပြောပါတယ်။

အဲ့ဒီ မိုင်းပေါက်ကွဲတဲ့နေရာကို သွားရောက်ကူညီပေးခဲ့တဲ့ နယ်ခံလူမှုကူညီရေး ပရဟိတသမားတယောက်က ” ကနဦး သိရတာက ၊ မင်းကင်းမြို့နယ် ၊ အထက်စသာရွာက ကားလို့ သိရတယ် ၊ ကားပေါ်မှာပါလာတဲ့ သေဆုံးသူတွေကတော့ ဦးစိုးရာဇာ၊ ဒေါ်နွေးနွေးလင်း၊ မောင်ရဲရင့်သူ၊ မရွန်းလဲ့ဝေ၊ ဦးသန်းဝင်းမောင်(မင်းကင်းမြို့နေထိုင်သူ)၊ မောင်ပြည်ဖြိုးဝေ၊ အဲ့ဒီ လူ ၆ ယောက်က မိုင်းစထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ ဒေါ်မိုးစန္ဒာမြင့် ဆိုတဲ့ ကားပေါ်ပါ အမျိုးသမီးတစ်ယောက်ကတော့ အခုထိ ပျောက်နေတယ် ၊ ရှာမတွေ့သေးဘူး ” လို့ ပြောပါတယ်။

ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အဲ့ဒီ မိုင်းထိမှန်တဲ့ကားဟာ မင်းကင်းမြို့နယ်ကနေ ကလေးမြို့ဘက်ကို စျေးဝယ်ထွက်သွားတဲ့ ကားဖြစ်တယ်လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတချို့ရဲ့ ပြောပြချက်အရ သ်ိရပါတယ်။

#voiceofmyanmar #VOM #ကလေးဝ #လမ်းဘေးမိုင်း #ကားတစီးထိ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW