မန္တလေး – ရွှေဘို ကားလမ်းမှာ ခရီးသည်လိုင်းကား မိုင်းထိမှန်ပြီး လိုက်ပါလာသူအချို့ ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မန္တလေး-ရွှေဘိုကားလမ်း ၊ ရွာသာကြီးကျေးရွာနဲ့ မဲကုန်းရွာအကြား ၊ ရွှေလှံဇရပ်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင် ကားတစ်စီး မိုင်းထိမှန်းပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ရန်ကုန်-ကျွန်းလှ ခရီးသည်သယ်ယူပို့ဆောင်ရေး ကားဂိတ်မှူးတဦးက” အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီး ၁ ပါး အပါအဝင် ယာဥ်မောင်း ဦးဇော်ဝင်း ၊ ယာဥ်နောက်လိုက် ဦးစိုးခိုင်နဲ့ ရွှေဘိုမြို့နယ် ၊ သရက်ပင်ဝန်းကျေးရွာ ၊ သရက်ပင်ဝန်းကျောင်းတိုက် ဆရာတော် ဥူးဇာဂရ တို့ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တာ “လို့ ပြောပါတယ်။

” ဒီမနက် ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ ရန်ကုန်ကနေ ကျွန်းလှမြို့ကိုသွားမယ့် ဝင်းသစ္စာ ခရီးသည်တင်မှန်လုံကားဖြစ်တယ်”လို့ ရွာသားကြီးနယ်ခံပြည်သူတယောက်ကလည်း ပြောပါတယ်။

ဒါ့အပြင် ကားရဲ့ ဘယ် / ညာ ဘေးခြမ်း လေကာမှန်တွေဟာ မိုင်းစထိမှန် ကွဲအက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ခရီးသည်တင်ကားတချို့ မိုင်းထိမှန်ပြီး လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တာတွေလည်း ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #ဝက်လက် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW