ဘယာဘေးတို့ ကင်းဝေးအောင် သွန်းဖြိုးပါလေမိုး

ဆူးငှက် သည်နှစ် လောလောဆယ် မိုးခေါင်နေသေးသည်။ ကိုဗစ်နှိပ်စက်လို့ ရင်တွင်းအပူတွေတငွေ့ငွေ့ ကြိမ်မီးအုံးဆဲ ရွာနေကျ ကိုရွှေမိုးကပင် မျက်နှာလွှဲကာ ဥပက္ခာပြုနိုင်လွန်းလှသည်။ အိမ်တွင်းအောင်းကာ ဝင်ငွေမရှိတဲ့ အချိန်မို့ ယပ်တောင် တဘုံးဘုံးခတ်ရင်း မိုးကဖြင့် တစ်စက်တစ်လေမှ မရွာဟု ငြီးတွားရပေပြီ။ ယပ်တဖျပ်ဖျပ်ခပ်ရင်း မိုးဆီမျှော်မိ၏။ မညို့တညို့၊ မိုးကို အားကိုးနေကြသည်။ ဟော အောက်ခြေမှာ မည်းလို့ အိလာပါပကော။ မကြာမီ မကြာမီ။ မကြာမီ မိုးသားတစ်အုပ်က နေရောင်ကို ဖုံးအုပ်စဉ်မှာပဲ မိုးသားအောက်ခြေ လင်းလာပြန်တော့ သည်မိုးကရွာ မိုးသားအညို့ ဝမ်းသာလုံးဆို့လုမတတ်အချိန် မိုးသားပြယ်ပြန်တော့ အားငယ်စိတ်ဖြင့် ဘုံးဘုံးကျရပြန်၏။ မိုးလေ မကဲခင်ကတည်းက လေကတခွင် စံပယ်ပွင့်သည်။ မြတါလေးတို့ ပင်လုံးမှိုင်းညွတ်ဝေသည်။ ပွင့်ဦးပွင့်ဖျား ပန်းတော်ကပ်ရ၏။ ပွင့်ဦးပွင့်ဖျား လက်မောင်းတုတ်မျှ စံပယ်မြတ်လေးခိုင် သီကာကုံးပြီး ဆံထုံးတွင် ရစ်ခွေပန်ဆင်တော့ သနပ်ခါးရနံ့ သင်းမြမြမှာ စံပယ်မြတ်လေးရနံ့…

Read More

မန္တလေး-ထုံးဘိုကားလမ်းမှာ ယာဥ်တိမ်းမှောက်ပြီး လူ(၃)ဦးသေဆုံး၊ (၂)ဦး ဒဏ်ရာရ

ဧပြီ ၄-၂၀၂၂ KK(VOM) မန္တလေးမြို့၊ ထုံးဘိုကားလမ်း၊ မင်းစုရွာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက အိမ်စီးယာဥ်တစီး တိမ်းမှောက်ခဲ့ရာ လူ(၃)ဦးသေဆုံးပြီး၊ (၂)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ မုံရွာကနေ မန္တလေးမြို့ကို ပြန်လာတဲ့မိသားစုတွေဟာ အုန်းချောရွာနဲ့မြစ်ငယ်မြို့ကြားရှိ ထုံးဘိုလမ်းပေါ်မှာ ယာဥ်တိမ်းမှောက်ပြီး အခုလို သေဆုံး၊ဒဏ်ရာရတာဖြစ်တယ်လို့ သွားရောက်ကူညီပေးတဲ့ ရွှေမဥ္ဓူပရဟိတအသင်းကနေ သိရပါတယ်။ ရွှေမဥ္ဓူပရဟိတအသင်းမှ ကိုစိုင်းသန်းထိုက်က “သုံးဦးသေတယ် နှစ်ဦးက ဒဏ်ရာရတယ်၊ ဒဏ်ရာ ရသူတွေကလည်း စိုးရိမ်ရတယ်၊ အခု သေတဲ့သူရော ဆေးရုံကို ပို့နေတယ်”လို့ ပြောပါတယ်။ အဲဒီယာဥ်တိမ်းမှောက်ကို ရွှေမဥ္ဓူအသင်းနဲ့အတူ လောကပါလအသင်း-ထာဝရတွဲလက်အသင်း ဖြူစင်မေတ္တာအသင်း တို့ကလည်း သွားရောက်ကူညီပေးခဲ့ကြတာဖြစ်တယ်လို့ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ယာဥ်တိမ်းမှောက်ရာမှာ အမျိုးသမီး(၂)ဦးနဲ့အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ(၂)ဦးကို မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့တယ်လို့ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်ကလည်း နေပြည်တော်၊ ဇမ္မူသီရီမြို့နယ်မှာ ယာဥ်တိမ်းမှောက်မှုကြောင့် လူ၅ဦးသေဆုံးခဲ့ပြီး…

Read More

မန္တလေး – ရွှေဘို ကားလမ်းမှာ ခရီးသည်လိုင်းကား မိုင်းထိမှန်ပြီး လိုက်ပါလာသူအချို့ ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မန္တလေး-ရွှေဘိုကားလမ်း ၊ ရွာသာကြီးကျေးရွာနဲ့ မဲကုန်းရွာအကြား ၊ ရွှေလှံဇရပ်နားမှာ ဒီကနေ့ မနက်ပိုင်းက ခရီးသည်တင် ကားတစ်စီး မိုင်းထိမှန်းပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေ ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ရန်ကုန်-ကျွန်းလှ ခရီးသည်သယ်ယူပို့ဆောင်ရေး ကားဂိတ်မှူးတဦးက” အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီး ၁ ပါး အပါအဝင် ယာဥ်မောင်း ဦးဇော်ဝင်း ၊ ယာဥ်နောက်လိုက် ဦးစိုးခိုင်နဲ့ ရွှေဘိုမြို့နယ် ၊ သရက်ပင်ဝန်းကျေးရွာ ၊ သရက်ပင်ဝန်းကျောင်းတိုက် ဆရာတော် ဥူးဇာဂရ တို့ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တာ “လို့ ပြောပါတယ်။ ” ဒီမနက်…

Read More

ရေစကြိုမှာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်ပြီး မိုင်းလာရှင်းသူ ၂ ဦး ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပခန်းကြီး စံပြကျေးရွာ ၊ ပခန်းကြီး အထက်တန်းကျောင်းဝန်းအနီး ရေစကြို-ပခုက္ကူ ကားလမ်းပေါ်မှာ ဒီကနေ့ ၊ နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပြီး လုံခြုံရေးအဖွဲ့က လူ ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ပခန်းကြီးရွာခံတွေဆီက သိရပါတယ်။ စာမေးပွဲ ကြီးကြပ်သူတဦးက ” ကျောင်းဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ပခန်းကြီးမြို့ဟောင်း အဝင်မုခ်တံခါးနားမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း အမျိုးအစား ၁ လုံး ထပ်မံတွေ့ရလို့ ရှင်းလင်းဖယ်ရှားတဲ့အခါ မိုင်းရှင်း လုံခြုံရေး ၂ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ ပြောပါတယ်။ ” ကလေးတွေ စာမေးပွဲဖြေဆိုပြီး ကျောင်းပြန်ထွက်ချိန် ၁၂ နာရီ…

Read More

ဟုမ္မလင်းမြို့နယ်ဥပဒေရုံးမှာ ပထမဆုံးအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး ရုံးအနီးက စျေးသည်အချို့ဒဏ်ရာရ

ဧပြီ ၊ ၄-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ဟုမ္မလင်းမြို့၊နောင်ပကျစ်ရပ်ကွက်၊ ကန္နားလမ်းမှာရှိတဲ့ မြို့နယ်ဥပဒေရုံးမှာ မနေ့ ဧပြီ၃ရက် ညနေပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရုံးအနီးက စျေးသည်အမျိုးသမီး ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဟုမ္မလင်းမြို့ခံတွေဆီက သိရပါတယ်။ “ဥပဒေရုံး ပေါက်ကွဲတာက ညနေ ၆ နာရီဝန်းကျင်မှာ ဖြစ်တာပါ ၊ အဲ့ဒီရုံးအနီးက စျေးသည် ၃ ဦးဖြစ်တဲ့ မဂျူလိုင်မိုး ၊ မဝါဝါမြင့် နဲ့ မသင်းသဇင် တို့ကတော့ မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ” လို့ နောင်ပကျစ်ရပ်ကွက်မှာ နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။ ဟုမ္မလင်းမြို့နယ် လုံခြုံရေးအဖွဲ့ရုံး တာဝန်ရှိသူတဦးက” တရားရေး ပစ်မှတ်ကို ဖောက်ခွဲတိုက်ခိုက်တာလို့ ထင်တယ် ၊ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာတော့ မသိဘူး…

Read More

ရန်ကုန်မြို့လမ်းလျှောက်သင်္ကြန်မဏ္ဍပ် နဲ့ မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်နေတဲ့ မြို့တော်ဝန်မဏ္ဍပ်

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ် နဲ့ မြို့တော်ခန်းမရှေ့မှာ ဆောက်လုပ်နေတဲ့ မြို့တော်ဝန်မဏ္ဍပ် မြင်ကွင်း။ ဓါတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း #voiceofmyanmar #VOM #ရန်ကုန်သင်္ကြန်

Read More

ဘာချာမြို့မှာ အရပ်သားအလောင်းရာချီတွေ့ရှိ ၊ ရုရှားက စစ်ရာဇ၀တ်မှုကျူးလွန်နေတယ်လို့ ယူကရိန်းစွပ်စွဲ

ကိယက်ဗ်၊ ဧပြီ-၄-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ဆင်ခြေဖုံးမှာ အရပ်သားအလောင်းရာနဲ့ချီတွေ့ရှိပြီးနောက် ရုရှားရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။ ကိယက်ဗ်ဒေသကို ရုရှားတွေဆီကနေ ယူကရိန်းတပ်တွေက ပြန်လည်ရယူထိန်းချုပ်လိုက်ပြီးနောက် ဘူချာမြို့ရဲ့ လမ်းတွေပေါ်မှာ အရပ်သားအလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အချို့အလောင်းတွေကတော့ ခြေတွေလက်တွေကို ကြိုးတုပ်ခံထားရပြီး အနီးကပ်ပစ်သတ်ခံထားရတယ်လို့ မြို့တော်၀န်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ရုရုားတပ်တွေ ဆုတ်ခွာပြီးနောက် ကိယက်ဗ်နဲ့ အနီးနားက မြို့တွေမှာ အရပ်သား ၄၁၀ ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေဟာ ဒေသတွင်းမှာ လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲထားပါတယ်။ အရပ်သားအလောင်းတွေ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာကလည်း ရုရှားကို ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်နေပါတယ်။ အပြစ်မဲ့အရပ်သားတွေအပေါ် ရုရှားရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း အထောက်အထားတွေဖြစ်တယ်လို့ ဗြိတိန်၀န်ကြီးချုပ်…

Read More

သီရိလင်္ကာမှာ ပြည်သူတွေဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့၀န်ကြီးတွေ ရာထူးမှနှုတ်ထွက်

ကိုလံဘို၊ ဧပြီ-၄-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းကို အစိုးရက ကိုင်တွယ်ဖြေရှင်းမှုအပေါ် ပြည်သူတွေ ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အစိုးရအဖွဲ့ ၀န်ကြီးတွေ ရာထူးမှနှုတ်ထွက်သွားကြပါတယ်။ ၀န်ကြီး ၂၆ ဦးစလုံး နှုတ်ထွက်စာတင်ခဲ့ကြပေမယ့်လည်း ၀န်ကြီးချုပ် မာဟင်ဒါရာဂျပက်ဆာ နဲ့ သူ့ရဲ့ အကိုဖြစ်သူ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ တို့ကတော့ နှုတ်ထွက်ခြင်းမရှိသေးပါဘူး။ ရာဂျပက်ဆာမိသားစု နှုတ်ထွက်ရေးအတွက် တောင်းဆိုနေတဲ့ အမျက်ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက အစိုးရအဖွဲ့၀န်ကြီးတွေနှုတ်ထွက်မှုဟာ အဓိပ္ပါယ်မရှိကြောင်း ပြောဆိုနေကြပါတယ်။ ဧပြီ ၃ ရက်ကလည်း ဆန္ဒပြသူအများအပြားဟာ ညမထွက်ရအမိန့်ကို ဖီဆန်ပြီး မြို့ကြီးအချို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်ထံမှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ လက်ရှိမှာ ရင်ဆိုင်နေရပါတယ်။ လောင်စာဆီတင်သွင်းမှုအတွက် ပေးချေဖို့အသုံးပြုတဲ့ နိုင်ငံခြားငွေနည်းပါးခြင်း၊ နေ့တစ်၀က်သို့မဟုတ် ထို့ထက်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အားပြတ်တောက်မှု၊ ဆေးဝါးနဲ့လောင်စာဆီပြတ်လပ်မှုတို့ကြောင့် အများပြည်သူတွေ…

Read More

သက်ထားစံ ပန်းတမျိုးသာရောင်းသည်

အေးချမ်းသူ(VOM) ညနေ ရုံဆင်းချိန်မို့ အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားမီးပွိုင့်လမ်းဆုံမှာ ကားမျိုးစုံရှုပ်ထွေးလို့နေပါတယ်။ ဒီလိုရှုပ်ထွေးနေတဲ့ မီးပွိုင့်အနီးမှာ ကွမ်းယာ၊ဆေးလိပ်၊ရေသန့်ဗူးရောင်းသူတွေနဲ့အတူ မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး စံပယ်ပန်းကုံးလေးတွေ ကိုင်ထားတဲ့ အသက်၂၀အရွယ် မိန်းမပျိုလေးတစ်ဦးကလည်း ကားတွေကို ငေးမောကြည့်နေပါတယ်။ ခါးအလယ်ထိရှိတဲ့ ဆံပင်အရှည်ကို စနစ်တကျစုစည်းထားပြီး တန်ဖိုးနည်း နာမီနိုပွင့်ရိုက်ဝမ်းဆက် အထက်အောက်ဝတ်ဆင်ထားကာ ပါးနှစ်ဖက်မှာလိမ်းထားတဲ့သနပ်ခါးရနံ့က ဘေးကဖြတ်သွားသူတွေကို မွေးပျံ့စေပါတယ်။ မြန်မာဆန်ဆန်ဝတ်စားပြီး စံပယ်ပန်းတွေကို ညနေပိုင်းအချိန် မီးပွိုင့်မှာ ရောင်းချနေတဲ့ကောင်မလေးကတော့ သက်ထားစံဆိုသူပဲဖြစ်ပါတယ်။ သူရဲ့ညီမလေး လသားအရွယ်လေးမှာ ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူကလည်း ခါးအောက်ပိုင်းချိကာ တရွတ်တိုက်သွားနေရတဲ့အချိန်ကစလို့ ၅တန်းကျောင်းသူအရွယ်မှာပဲ ကျောက်တော်ကြီးဘုရားမှာ မနက်ပိုင်း စံပယ်ပန်းရောင်းပြီး ညနေပိုင်း မီးပွိုင့်မှာ စံပယ်ပန်းရောင်းပြီး မိခင်ဖြစ်သူကို လုပ်ကျွေးခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီလို့ သူကပြောပါတယ်။ “စံပယ်ပန်းရောင်းတဲ့အလုပ်ကို အစ်ကိုကြီးက အရင်စခဲ့တာပါ၊ အစ်ကိုက စံပယ်ပန်းရောင်းပြီး ဆယ်တန်းဝင်ဖြေတယ် ငွေကြေးမတက်နိူင်တော့ ဓာတ်တိုင်အောက်မှာ စာကျက်ပြီး ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တယ်၊ အစ်ကိုတက္ကသိုလ်တက်တော့…

Read More
VOM News

FREE
VIEW