ဘာချာမြို့မှာ အရပ်သားအလောင်းရာချီတွေ့ရှိ ၊ ရုရှားက စစ်ရာဇ၀တ်မှုကျူးလွန်နေတယ်လို့ ယူကရိန်းစွပ်စွဲ

ကိယက်ဗ်၊ ဧပြီ-၄-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ဆင်ခြေဖုံးမှာ အရပ်သားအလောင်းရာနဲ့ချီတွေ့ရှိပြီးနောက် ရုရှားရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်နိုင်ခြေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။

ကိယက်ဗ်ဒေသကို ရုရှားတွေဆီကနေ ယူကရိန်းတပ်တွေက ပြန်လည်ရယူထိန်းချုပ်လိုက်ပြီးနောက် ဘူချာမြို့ရဲ့ လမ်းတွေပေါ်မှာ အရပ်သားအလောင်းတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အချို့အလောင်းတွေကတော့ ခြေတွေလက်တွေကို ကြိုးတုပ်ခံထားရပြီး အနီးကပ်ပစ်သတ်ခံထားရတယ်လို့ မြို့တော်၀န်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ရုရုားတပ်တွေ ဆုတ်ခွာပြီးနောက် ကိယက်ဗ်နဲ့ အနီးနားက မြို့တွေမှာ အရပ်သား ၄၁၀ ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေချုပ် Iryna Venediktova ကပြောပါတယ်။

ရုရှားတပ်ဖွဲ့၀င်တွေဟာ ဒေသတွင်းမှာ လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက စွပ်စွဲထားပါတယ်။

အရပ်သားအလောင်းတွေ တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတကာကလည်း ရုရှားကို ပြစ်တင်ရှုတ်ချမှုတွေ ပြုလုပ်နေပါတယ်။

အပြစ်မဲ့အရပ်သားတွေအပေါ် ရုရှားရဲ့တိုက်ခိုက်မှုဟာ စစ်ရာဇ၀တ်မှုကျူးလွန်ကြောင်း အထောက်အထားတွေဖြစ်တယ်လို့ ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ထုတ်ဖော်ပြောဆိုထားပြီး ဒီကိစ္စအပေါ် ရုရှားအာဏာပိုင်တွေက ဖြေရှင်းရမယ်လို့ ပြင်သစ်သမ္မတမက်ခရွန်ကလည်း ပြောဆိုပါတယ်။

Ref: NHK
Photo: AFP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW