နမ့်အွမ်ရွာအနီးမှာ မိုးကြီးမှုကြောင့် အုတ်တံတိုင်းပြိုကာ လူ ၄ ဦး သေဆုံး

မေ ၁၃-၂၀၂၂
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာအနီး ဆိုင်းခေါင်မှာ မနေ့ မေလ ၁၂ ရက် မနက်ပိုင်းက မိုးရွာသွန်းမှုများလို့ မြေပြိုလာပြီး နေအိမ်အုတ်တံတိုင်း ပြိုကျကာ အမျိုးသား ၄ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ် မနေ့က ၁၀ နာရီလောက်မှာ။ သူတို့ ငှားနေတဲ့အိမ် မိုးအရမ်းရွာလို့ မြေပြိုလာတာလေ။ သေသွားတာ ယောက်ျားတွေကြီးပဲ ၄ ယောက်။ အောက် မြန်မာပြည်ဘက်က ဗမာတွေ။ ကြံလာခုတ်ကြတာ” လို့ နမ့်အွမ် ရွာခံ ၁ ဦး က ပြောပါတယ်။

သေဆုံးသူတွေဟာ နတ်မောက်မြို့နယ်ဘက်က အလုပ်လာလုပ်ကြတဲ့ ကြံခုတ်လုပ်သားတွေဖြစ်ပြီး အဲဒီထဲက ၁ ဦးက ဇာတိနေရပ်ရှိ သူ့အမျိုးသမီးဖြစ်သူ မီးဖွားခါနီးမို့လို့ အိမ်ပြန်ခါနီးနဲ့ နောက် ၁ ဦးကတော့ မိခင်ဖြစ်သူ နေမကောင်းလို့ ဇာတိရပ်ရွာကို ပြန်ဖို့စီစဉ်နေသူတွေဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးခဲ့သူတွေဆီက သိရပါတယ်။

မေလ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲကနေ နောက် ၂၄ နာရီ အတွင်း မူဆယ်၊ မုန်းကိုး၊ မန့်ဟီရိုး (မန်ဟျှိုး)၊ ပန်ဆိုင်း(ကြူကုတ်)၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ စတဲ့ ဒေသတွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #မြေပြို #အုတ်တံတိုင်းပိ #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW