သံတမန်နည်းလမ်းဖြင့်သာ စစ်ပွဲအဆုံးသတ်နိုင်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးပြော

ကိယက်ဗ်၊ မေ ၂၂-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တခုတည်းသောနည်းလမ်းဟာ သံတမန်နည်းလမ်းသာဖြစ်တယ်လို့ ယူကရိန်း သမ္မတဇီလန်စကီးက ထုတ်ဖော်ပြောဆိုပါတယ်။ ယူကရိန်းနိုင်ငံဟာ စစ်မြေပြင်မှာ ရုရှားကို အောင်ပွဲခံနိုင်တယ်လို့လည်း သူကပြောပါတယ်။ ဒါပေမယ့် စစ်ပွဲဟာ စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းမှာသာ အပြီးအပြတ် ရပ်တန့်သွားနိုင်ကြောင်း ဇီလန်စကီးက ပြောပါတယ်။ ဒီအတောအတွင်း လူဟန့်ခ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရုရှားတပ်ဖွဲ့တွေက အရှိန်မြှင့်ဆောင်ရွက်နေချိန်မှာ ဆီဗီရိုဒွန်နက်ခ် အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုလ်မြို့မှာ တိုက်ပွဲတွေ ပြီးဆုံးပြီးနောက် ရုရှားတပ်တွေကို အခြားနေရာတွေမှာ ပြန်လည်နေရာချထားပြီး အရှေ့ဘက်မှာ ထိုးစစ်အရှိန်မြှင့်လျှက်ရှိပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ကိယက်ဗ်

Read More

ရွှေဘို – မန္တလေး ကားလမ်းမှာ ရန်ကုန်-ကလေး ခရီးသည်တင်ကား မိုင်းထိမှန်ပြီး ခရီးသည် ၂ ဦး ဒဏ်ရာရ

မေ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာအနီး မန္တလေး-ရွှေဘိုကားလမ်းမှာ မနေ့ မေ ၂၁ ရက် မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ ခရီးသည်တင်ကား ၁ စီး မိုင်းထိမှန်ခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။ ” မိုင်းထိမှန်တဲ့ကားက Hight Class ခရီးသည်တင် မှန်လုံကားဖြစ်တယ် ၊ ကားရဲ့ဘယ်ဘက်ခြမ်း လေကာမှန်တွေ ပျက်စီးတယ်၊ ခရီးသည် ၂ ယောက် ဒဏ်ရာရတယ်” လို့ မြင်တွေ့ခဲ့ရသူ လှတောရွာခံတယောက်က ပြောပါတယ်။ မေလ၂၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ကနေ ကလေးမြို့ကို ထွက်ခွာလာပြီး ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ဂိတ်တာဝန်ရှိသူရဲ့ ပြောပြချက်အရ သိရပါတယ်။ ” အရင်က ကလေးခရီးစဥ်တွေကို မုံရွာ ၊ ဂန့်ဂေါ…

Read More

မန္တလေးမြို့မှာ အမျိုးသမီး၂ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံရပြီး ရွှေ၊ငွေပစ္စည်းအချို့ ပျောက်ဆုံးနေ

မေ ၂၁-၂၀၂၂ VOM မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၆လမ်း၊ ၃၃-၃၄လမ်းကြား၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ အမျိုးသမီး၂ဦး ထိုးသွင်းဒဏ်ရာတွေနဲ့ အသတ်ခံရတဲ့ဖြစ်စဉ် ဒီကနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ အသတ်ခံရသူ၂ဦးဟာ အိမ်ရှင်ဖြစ်သူ အသက်၆၁နှစ်အရွယ် အမျိုးသမီးနဲ့ သမီးဖြစ်သူ ၃၅နှစ်အရွယ်အမျိုးသမီးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ” အိမ်ရှင်ဖြစ်တဲ့အမျိုးသမီးက နောက်ဖေးမီးဖိုခန်းမှာ လက်နောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကို အဝတ်နဲ့ စည်းထားတယ်၊ လည်ပင်းထိုးသွင်းဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ၊ ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာတွေ့တယ်၊ သမီးဖြစ်သူက အိမ်ရှေ့ဧည့်ခန်းထိုင်ခုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ထားပြီး ပါးစပ်ကိုအဝတ်နဲ့စည်းပြီး လည်ပင်း ထိုးသွင်းဒဏ်ရာ ၊ ရင်အုံထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကိုတွေ့ရတယ်”လို့ သူကပြောပါတယ်။ မန္တလေးမြို့ခံတဦးကလည်း “PDF ကို ထောက်ပံ့လို့ဆိုပြီး သတ်တာ၊ လက်ကိုနောက်ပြန်ကြိုးတုပ်ပြီး ဓားနဲ့ခုတ်သတ်သွားတာ၊ ဓားဒဏ်ရာတွေအများကြီးပဲ”လို့ ပြောပါတယ်။ သေဆုံးသူ(၂)ဦးရဲ့ လည်ပင်းမှာလည်း သွေးသောက်အဖွဲ့ နာမည်နဲ့…

Read More

မြင်းမူမြို့နယ်မှာ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်၂ စီး လုယူခံရ

မေ ၊ ၂၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊ လက်ပံကျေးရွာက အနန္တမေတ္တာလူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ် ၂ စီးကို မနေ့ မေလ၂၀ ရက် မနက်ပိုင်းကပဲ အုပ်စုဖွဲ့ လူတစ်စု အသင်းကို လာရောက်လုယူသွားတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်း လူမှုကူညီရေးကွန်ရက်ဆီက သိရပါတယ်။ ” လက်ပန်ရွာက လူမှုကူညီရေးရုံးမှာ ထိုးထားတဲ့ စူပါကာစတန် ခဲရောင်ကား ၂ စီး လုယူခံရတာပါ ” လို့ မြင်းမူမြို့ခံ ပရဟိတသမားတယောက်က ပြောပါတယ်။ မနေ့က မနက်ပိုင်းမှာ လက်ပန်ကျေးရွာထဲကို သေနတ်တွေကိုင်ဆောင်ထားတဲ့ လူငယ်တစ်ဖွဲ့ရောက်လာပြီး ကျေးရွာကအလှူရှင်တွေ စုပေါင်းဝယ်ယူ အသုံးပြုနေတဲ့ လူနာတင်ယာဥ်၂ စီးကို အသင်းရုံးကနေ လုယူမောင်းနှင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ လက်ပန်ရွာက လူနာတင်ယာဥ် ၂ စီး…

Read More

နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်နေ၊ သတိရှိကြဖို့ ကမ္ဘာ့နိုင်ငံတွေကို WHO တိုက်တွန်း

ဂျီနီဗာ၊ မေ-၂၁-၂၀၂၂ မျိုးဆက်(VOM) အာဖရိကဒေသ ပြင်ပအနောက်နိုင်ငံတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး ရောဂါကူးစက်မှုကို သတိရှိကြဖို့ နိုင်ငံအားလုံးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က မေလ၂၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်နဲ့JY ဗြိတိန်အပါအ၀င် အခြားသောအနောက်နိုင်ငံတွေမှာ ယခုလအတွင်း မျောက်ကျောက်ရောဂါ ကူးစက်မှုသစ်တွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ လက်ရှိချိန်ထိ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ အတည်ပြုလူနာ ၈၀ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မေ ၂၀ ရက်မှာ ထုတ်ပြန်ထားပြီး စောင့်ကြည်မှုနဲ့စစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတာနဲ့အမျှ အတည်ပြုလူနာ ပိုမိုများပြားလာဖွယ်ရှိကြောင်း သတိပေးထားပါတယ်။ ဥရောပဒေသမှာ လူစုလူဝေးတွေ ပွဲတော်တွေနဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိတဲ့ အချိန်ရောက်ရှိနေတာကြောင့် ရောဂါကူးစက်မှု ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဥရောပဒေသဆိုင်ရာ ရုံးကပြောပါတယ်။ ကျွမ်းကျင်သူတွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တဲ့ အဲဒီရောဂါဟာ သာမန်လူတွေမှာ ပြင်းထန်မှုမရှိပေမယ့် ရောဂါဟာ အထူးသဖြင့် ကလေးငယ်တွေ…

Read More

အမေရိကန်သမ္မတရဲ့အာရှခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့်

ပေကျင်း၊ မေ-၂၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ခရီးစဉ်ကာလအတွင်း ပိုင်ဆိုင်ခွင့်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်နေပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို မေ ၁၉ ရက်မှာစတင်ခဲ့တာဖြစ်ပြီး မေ ၂၃ ရက်ထိ ပြုလုပ်သွားမယ်လို့ ဟိုင်နန်ပြည်နယ် ပင်လယ်ရေကြောင်းလုံခြုံရေး စီမံခန့်ခွဲမှု ဌာနက ထုတ်ပြန်ထားပါတယ်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေတဲ့ ပင်လယ်ပြင်ဒေသအတွင်းကို အခြားသင်္ဘောတွေ ၀င်ရောက်မှုကို ပိတ်ပင်ထားတယ်လို့ အဲဒီဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အမေရိကန်သမ္မတရဲ့ ပထမဆုံးအာရှခရီးစဉ်အတွင်း အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ဒေသမှာ တရုတ်စစ်ဘက်က စစ်ရေးလေ့ကျင့်တာလည်းဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ တောင်ကိုရီးယားနိုင်ငံကို မေ ၂၀ ရက်မှာ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားသမ္မတနဲ့ တွေ့ဆုံဆွေးနွေပြီးနောက် အဲဒီကတဆင့် ဂျပန်နိုင်ငံကို ဆက်လက်သွားရောက်မှာလည်း ဖြစ်ပါတယ်။ အမေရိကန်ဟာ ပင်လယ်ရေကြောင်းဆိုင်ရာ လွတ်လပ်စွာခုတ်မောင်းသွားလာမှုအဖြစ် တောင်တရုတ်ပင်လယ်ဒေသသို့ စစ်သင်္ဘောတွေ မကြာခဏဆိုသလို စေလွှတ်လေ့ရှိပြီး ဒီကိစ္စအပေါ် တရုတ်နိုင်ငံက ကြိမ်ဖန်များစွာ…

Read More

တောင်ကြီး စဝ်စံထွန်းဆေးရုံက CDM ဆရာဝန်လင်မယား(၂)ဦး ဖမ်းဆီးခံရ

မေ ၂၁-၂၀၂၂ KK(VOM) တောင်ကြီးမြို့နယ်၊ စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းမပေါ်ရှိ စဝ်စံထွန်းဆေးရုံကြီးက CDM ပြုလုပ်ထားတဲ့ ဒေါက်တာမြစန်းနဲ့ဇနီးဖြစ်သူ ကို ပြီးခဲ့တဲ့ မေလ ၁၉ရက်နေ့မှာပဲ စစ်တပ်နဲ့ရဲတွေက ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “သူက စဝ်စံထွန်းဆေးရုံမှာ သူ့အမျိုးသမီးက မိခင်နဲ့ကလေးဆေးရုံက ဆရာဝန်၊ မနေ့က မဟုတ်ဘူး ၁၉ ရက်နေ့ကဖမ်းတာ “လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးဟာ စဝ်စံထွန်းဆေးရုံက မေ့ဆေးဆရာဝန်ကြီးဒေါက်တာမြစန်းနဲ့ဇနီးဖြစ်သူမှာ မိခင်နဲ့ ကလေးဆေးရုံက ဓာတ်မှန်နဲ့ အာထရာဆောင်း ဆရာဝန်မကြီး ဒေါက်တာအေးခိုင်ဦးတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “သူတို့တွေကို PDF ထောက်ပံ့တယ်ဆိုတဲ့ သတင်းပေးချက်အရ ဖမ်းတာ”လို့ သူကပြောပါတယ်။ တောင်ကြီးမြို့နယ်မှာ မေလ ၁၉ ရက်နေ့ မနက်က အဲ့ဒီဆရာဝန်လင်မယားနှစ်ဦးအပြင် သံဃာဆေးရုံက အမျိုးသမီးဆရာဝန်တဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက…

Read More

ယူကရိန်း မာရီယူပိုလ်ဆိပ်ကမ်းမြို့တိုက်ပွဲ အောင်ပွဲခံနိုင်ပြီဖြစ်ကြောင်း ရုရှားကြေညာ

မော်စကို၊ မေ-၂၁-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ မာရီယူပိုလ်ဆိပ်ကမ်းမြို့ကို သိမ်းပိုက်ဖို့လပေါင်းများစွာကြာမြင့်ခဲ့တဲ့ တိုက်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့ကြောင်း ရုရှားကကြေညာလိုက်ပါတယ်။ မြို့တော်ကို ကာကွယ်ဖို့ အေဇော့ဗ်သံမဏိစက်ရုံမှာ ခုခံနေတဲ့ လက်ကျန်ယူကရိန်းတိုက်ခိုက်ရေးသမားတွေလည်း လက်နက်ချသွားပြီလို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားတပ်တွေဟာ မာရီယူပိုလ်မြို့ကို အပြည့်အ၀ထိန်းချုပ်လို့မရအောင် ယူကရိန်းတိုက်ခိုက်ရေးသမားတွေရဲ့ ခုခံတွန်းလှန်မှုတွေနဲ့ လအတန်ကြာ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ နောက်ဆုံးခုခံနေတဲ့ အေဇော့ဗ်သံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမား ၅၃၁ ဦးထွက်ခွာသွားပြီးနောက် အဲဒီနေရာကိုလည်း အပြည့်အ၀ထိန်းချုပ်နိုင်ပြီလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ပြောပါတယ်။ မကြာသေးမီရက်တွေအတွင်း အဲဒီသံမဏိစက်ရုံက ယူကရိန်းတိုက်ခိုက်ရေးသမား ၂၄၃၉ ဦးလက်နက်ချခဲ့ပြီး သူတို့ကို ဘယ်နေရာကို ရွှေ့ပြောင်းထားတယ်ဆိုတာကို ရုရှားက ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ရုရှားထိန်းချုပ်နယ်မြေတွေကို ဘတ်စ်ကားတွေနဲ့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #မော်စကို

Read More

ပြည်နဲ့ပဲခူးမှာ ဒီရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံရ

မေ ၂၁-၂၀၂၂ GG(VOM) ပြည်နဲ့ ပဲခူးမှာ ယခုရက်ပိုင်းအတွင်း တက္ကသိုလ် ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ ပြည်မြို့၊ ဆင်စုရပ်ကွက်မှာနေတဲ့ စောမြတ်ရတနာ၊ ပြည်မြို့၊ မြို့သစ်၊ရွှေလင်ပန်းဘုရားအနီး၉လမ်းမှာနေတဲ့ ပထမနှစ်ကျောင်းသူ ဖြူနုနုဖွေး ၊ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရန်ဇော် နဲ့ ပဲခူးက တတိယနှစ် ဓာတုဗေဒအထူးပြု ကျောင်းသား ရဲဘုန်းခန့်တို့ဖြစ်တယ်လို့ သိရပါတယ်။ ” PTU က ကျောင်းသားကို စစ်တပ်က မေ ၁၉ ရက် ည ၇နာရီလောက်မှာ ဖမ်းသွားတယ်။နောက် ဆင်စုကကောင်မလေးကိုလည်း အဲ့ဒီနေ့ ညကပဲဖမ်းတယ်၊ မြို့သစ်ကကောင်မလေးကို မနေ့က နေ့ခင်းဖမ်းတာ။ တိုင်တဲ့သူရှိလို့ဖမ်းတာလို့ကြားတယ်”လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။ ပြည်မြို့က တက္ကသိုလ်ကျောင်းသား၃ယောက်ကိုတော့ Facebook မှာ Social Punishment လုပ်တယ်ဆိုပြီး ဆက်စပ်ဖမ်းဆီးစစ်ဆေးနေတာလို့သိရပြီး ပဲခူးက…

Read More

ပေါင်မြို့နယ်မှာ ငါးဖမ်းသွားတဲ့ အမျိုးသား၆ဦးအနက် ၅ ဦး ရေစီးနဲ့ပါသွား

မေ ၂၁-၂၀၂၂ KK(VOM) ပေါင်မြို့နယ်မှာ မနေ့ မေလ ၂၀ရက် ညနေပိုင်းက ဘိုင်လောင်းချောင်းအတွင်း ငါးဖမ်းနေတဲ့ လူ ၆ဦးထဲက လူ၅ဦး ရေစီးထဲမျှောပါသွားလို့ လိုက်လံရှာဖွေနေတယ် ဒေသခံတွေဆီက သိရပါတယ်။ ပေါင်မြို့နယ်၊ တပ်မှူးချောင်ကျေးရွာအနီး ဘိုင်လောင်းချောင်းအတွင်းမှာ မနေ့ညနေပိုင်းက ယင်းတွန်းနဲ့ ငါးဖမ်းနေစဥ် ရေစီးနဲ့၆ဦးလုံးမျှောပါသွားတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ “၆ဦးမျှောပါသွားတာ တစ်ဦးပြန်တွေ့တယ် ၅ဦးကတော့ မတွေ့သေးဘူး ရှာနေဆဲပဲ”လို့ သူကပြောပါတယ်။ ရေစီးကြောင်းနဲ့အတူ မျှောပါခဲ့သူတွေထဲက မောင်ဇော် ဆိုသူကို ထန်းပင်ချောင်ကြီး ချောင်းစပ်အနားမှာ နာရီပိုင်းအတွင်း အသက်ရှင်လျက် ပြန်တွေ့ ကယ်တင်နိုင်ခဲ့ပြီး ကျန်၅ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ရေစီးနဲ့မျှောပါသွားသူတွေကတော့ ပေါင်မြို့နယ်၊ သဲကုန်းကျေးရွာမှ သက်ထက်ချစ်ဦး၊ မောင်အာကာမိုး၊ ကျော်ဝင်းထွန်း၊ သန့်ဇင်ထွန်းနဲ့အမည်မသိအမျိုးသားတဦးဖြစ်တယ်လို့ သူကရှင်းပြပါတယ်။ လက်တလောမှာ ပျောက်ဆုံးနေသူအားလုံးကို ပြန်လည်တွေ့ရှိရေးအတွက် တာဝန်ရှိသူတွေနဲ့ နယ်မြေကျွမ်းကျင်သူတွေက ဆက်လက်ရှာဖွေနေတယ်လို့…

Read More
VOM News

FREE
VIEW