ပြည်နဲ့ပဲခူးမှာ ဒီရက်ပိုင်းအတွင်း တက္ကသိုလ်ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံရ

မေ ၂၁-၂၀၂၂
GG(VOM)

ပြည်နဲ့ ပဲခူးမှာ ယခုရက်ပိုင်းအတွင်း တက္ကသိုလ် ကျောင်းသား/သူ ၄ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ပြည်မြို့၊ ဆင်စုရပ်ကွက်မှာနေတဲ့ စောမြတ်ရတနာ၊ ပြည်မြို့၊ မြို့သစ်၊ရွှေလင်ပန်းဘုရားအနီး၉လမ်းမှာနေတဲ့ ပထမနှစ်ကျောင်းသူ ဖြူနုနုဖွေး ၊ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုရန်ဇော် နဲ့ ပဲခူးက တတိယနှစ် ဓာတုဗေဒအထူးပြု ကျောင်းသား ရဲဘုန်းခန့်တို့ဖြစ်တယ်လို့ သိရပါတယ်။

” PTU က ကျောင်းသားကို စစ်တပ်က မေ ၁၉ ရက် ည ၇နာရီလောက်မှာ ဖမ်းသွားတယ်။နောက် ဆင်စုကကောင်မလေးကိုလည်း အဲ့ဒီနေ့ ညကပဲဖမ်းတယ်၊ မြို့သစ်ကကောင်မလေးကို မနေ့က နေ့ခင်းဖမ်းတာ။ တိုင်တဲ့သူရှိလို့ဖမ်းတာလို့ကြားတယ်”လို့ ပြည်မြို့ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့က တက္ကသိုလ်ကျောင်းသား၃ယောက်ကိုတော့ Facebook မှာ Social Punishment လုပ်တယ်ဆိုပြီး ဆက်စပ်ဖမ်းဆီးစစ်ဆေးနေတာလို့သိရပြီး ပဲခူးက ကျောင်းသားကိုတော့ PDF သံသယနဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

” ရဲဘုန်းခန့်ကို ၁၆ ရက်နေ့မှာ သူ့အိမ်မှာလာဖမ်းတာ ၊ အိမ်ကို ပိတ်ထားပြီးဝိုင်းဖမ်းသွားတာ။ PDFဆိုပြီးဖမ်းတာလို့ကြားတယ်” လို့ ပဲခူးဒေသခံတဦးကပြောပါတယ်။

တက္ကသိုလ် ကျောက်းသား/သူ၄ ယောက်လုံးကို သူတို့ရဲ့နေအိမ်မှာပဲ စစ်တပ်၊ရဲနဲ့ရပ်ကွက်တာဝန်ရှိသူတွေက လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်မြို့မှာ တက္ကသိုလ်ကျောင်းသား/သူတွေအပါအဝင်၊ NLD ပါတီဝင်၊ သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ထောင်ဒဏ်သတ်မှတ်ခံထား
ရသူတွေလည်း ရှိနေပါတယ်။

#voiceofmyanmar #VOM #ပြည် #ပဲခူး #တက္ကသိုလ်ကျောင်းသား/သူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW