ကလေးမြို့က အထက်တန်းကျောင်း ၁ ကျောင်း မီးလောင်

မေ ၊ ၂၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ၊ စမ်းမြို့ရပ်ကွက် ၊ မြို့ပတ်လမ်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်းဟာ ၊ မေ ၂၉ ရက် ဒီကနေ့ မနက်အစောပိုင်းက မီးလောင်ခဲ့တယ်လို့ ကလေးမြို့ခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကျန်စစ်သားလမ်းမှာနေတဲ့ ကျောင်းသားမိဘ တစ်ဦး ပြောတာက ” မနက်ပိုင်း ၁ နာရီဝန်းကျင်မှာ မီးလောင်တယ် ၊ မီးလောင်တဲ့ ကျောင်းက အမှတ် ၈ အခြေခံပညာ အထက်တန်းကျောင်းဖြစ်တယ် ၊ ပျဥ်ထောင် ကျောင်းဆောင်ကတော့ ပြာကျသွားတယ် ၊ RC ၂ ထပ် ခရေ စာသင်ဆောင်ကတော့ အပေါ်ထပ်တခုလုံး မီးလောင်ပျက်စီးသွားတယ် ၊ ကျောင်အပ်လက္ခံနေတဲ့ ကာလမှာ အခုလို စာသင်ဆောင်တွေ အခုလို မီးရှို့ဖျက်စီးခံရတာ ၊ ကလေးတွေပညာရေးအတွက် စိတ်မကောင်းဖြစ်မိရတယ် ” လို့ ဖြစ်ပါတယ်။

ကလေးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ (မစဖ) တာဝန်ရှိသူတစ်ဦးကတော့ ” မီးလောင်ပျက်စီးသွားတဲ့ စာသင်ဆောင်တွေရဲ့ ဆုံးရှုံးမှုတန်ဖိုးကို စီစစ်တွက်ချက်နေဆဲဖြစ်တယ် ၊ မီးစတင်လောင်ရတဲ့ အကြောင်းကတော့ ကလေးတွေရဲ့ ပညာရေးကို မလိုလားတဲ့ အကြမ်ဖက်အဖြစ် ကြေညာခံထားရသူတွေက ရှုိ့တာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ကလေးမြို့နယ် ရဲတပ်ဖွဲ့က ကျောင်းဆောင်မီးရှို့သွားတဲ့သူတွေကို အကြမ်းဖက် မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေနဲ့ အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၃၆ နဲ့ပါ အရေးယူနိုင်ဖို့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကလေးမြို့ စိန်မေရီ အထက်တန်းကျောင်း မီးလောင်တာ ဖြစ်ခဲ့ဖူးပေမယ့် ဒီနေ့အထိ လက်သည်မပေါ်ဘူးလို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေတာတွေလည်း ရှိပါတယ်။

အဲ့ဒီ အမှတ် ၈ အထက ကျောင်းက စာသင်ဆောင်တွေ မီးစတင်လောင်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဘယ်သူတွေက ရှို့တယ်ဆိုတာ VOM က အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး ။

#voiceofmyanmar #VOM #က​လေးမြို့ကအထကကျောင်းမီးလောင် #ကလေးမြို့ #မှုခင်းသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW