သာပေါင်း၊ ဇွန် ၁၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ် သာပေါင်း-ပုသိမ်ကားလမ်းဝဲ၊ယာတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေကို ဇွန်လ ၇ ရက်မှစတင်ပြီးတော့ ဒီကနေ့အထိ ဖယ်ရှားရှင်းလင်းနေတဲ့အတွက် ရွှေ့ပြောင်းဖို့ နေရာမရှိလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ လမ်းဘေးဝဲ/ယာ တလျှောက်က ဒေသခံတွေဆီက သိရပါတယ်။ အဲ့နေအိမ်တွေဟာ လမ်းဦးစီးဌာနရဲ့လမ်းနယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်နေတာလို့ဆိုပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့က ကွင်းဆင်းဖယ်ရှားနေတာဖြစ်တယ်လို့ သိရပါတယ်။ ”လမ်းဦးဌာနက တာဝန်ရှိတဲ့သူတွေပါတဲ့ ကျူးကျော်တွေ စာရင်းကောက်ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကကွင်းဆင်းပြီးတော့ဖယ်ရှားရှင်းလင်းနေတာ၊ မဖယ်ပေးရင်တော့ အရေးယူရလိမ့်မယ်လို့ပြောတယ်။မိုးတွင်းရောက်နေပြီ နေစရာမြေမရှိလို့ နေရတာကို အခုမှ ရုတ်တရက်ရွှေ့ခိုင်းတော့ အခက်အခဲ အတော့်ကိုဖြစ်နေတယ်။”လို့ အဲ့ဒီလမ်းဘေးမှာနေထိုင်သူတဦးကပြောပါတယ်။ အဲ့ဒီကားလမ်းဘေးတလျှောက်မှာနေထိုင်တဲ့ပြည်သူတွေဟာ အဲ့ဒီလမ်းဘေးမှာနေလာတာ နှစ်ပေါင်း ၃၀ နီးပါးအထိရှိနေတယ်လို့ သိရပြီး ရုတ်တရက်ပြောင်းရွှေ့ခိုင်းတာကြောင့်အဆင်မပြေဖြစ်နေတဲ့အပြင် အင်အားသုံး ထပ်မံဖယ်ရှားလာမှာကို စိုးရိမ်နေတယ်လို့လည်း သိရပါတယ်။ ”လမ်းနယ်နမိတ်အတွင်းမှာပါနေတဲ့ ကျူးကျော်တွေကို ဖယ်ရှားနေတာ။ရွှေ့ပြောင်းပေးဖို့ နို့တစ်စာတွေကိုလည်း တပတ်ကျော်ကျော်လောက်ထဲက ထုတ်ထားတယ်။ အားလုံးစည်းကမ်းလိုက်နာစ္စာနဲ့ လိုက်ပြီးလုပ်ရင်တော့ အဆင်ပြေပါလိမ့်မယ်။”လို့ အဲ့ဒီကျူးကျော်တွေကို ဖယ်ရှားရှင်းလင်းရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြော…
Read MoreMonth: June 2022
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို သေဒဏ်ပေးမှု ပြန်စဉ်းစားဖို့ အာဆီယံဥက္ကဌ တိုက်တွန်း
ဖနွမ်းပင်၊ ဇွန်-၁၁-၂၀၂၂ မျိုးဆက်(VOM) ကိုဂျင်မီ၊ ကိုဇေယျာသော်အပါအ၀င် လေးဦးကို သေဒဏ်ပေးထားတာနဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်ဖို့ အာဆီယံအလှည့်ဥက္ကဌဖြစ်သူ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က နစက ဥက္ကဌကို စာရေး တိုက်တွန်းလိုက်ပါတယ်။ အဲဒီသေဒဏ်ပေးမယ့် အစီအစဉ်ကို အကောင်အထည်ဖော်ရင် မြန်မာနိုုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့် အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေရှိလာမယ်လို့ ကမ္ဘောဒီးယားအနေနဲ့ အခိုင်အမာယုံကြည်တယ်လို့ ဟွန်ဆန်ရဲ့စာမှာ ရေးသားထားပါတယ်။ ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်တွေကို အခြေခံပြီး အားလုံးပါ၀င်တဲ့ ဆွေးနွေးမှုမှတဆင့် မြန်မာနိုင်ငံ ပုံမှန်အခြေအနေပြန်ရောက်ရှိရေးအတွက် အာဆီယံရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း ဆိုးကျိုးတွေသက်ရောက်လာလိမ့်မယ်လို့ ဟွန်ဆန်က ပြောပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အတားအဆီးဖြစ်စေနိုင်တဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပြီး သေဒဏ်ပေးတာကို ရှောင်ရှားဖို့ လေးစားစွာမေတ္တာရပ်ခံတယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ်က ပြောပါတယ်။ ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ အခြားနှစ်ဦးကို တံခါးပိတ်ရုံးတင်စစ်ဆေးပြီးနောက် အယူခံကိုပယ်ချခံခဲ့ရတာကြောင့် သေဒဏ်ပေးကွပ်မျက်မယ်လို့ မြန်မာအာဏာပိုင်တွေက…
Read Moreတခြားမှာဝင်ခွင့်ရထားတဲ့ ကျောင်းသားတွေ ကျန်းမာရေးဌာနအောက်က တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တက်ခွင့်ပြုမယ်
ဇွန် ၁၁-၂၀၂၂ VOM (GG) ကျန်းမာရေးဝန်ကြီးဌာန မဟုတ်တဲ့ ကျန်တဲ့ဝန်ကြီးဌာနတွေအောက်က တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိထားတဲ့ ကျောင်းသူ/ကျောင်းသားတွေကို ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေမှာ ပြောင်းရွှေ့တက်ရောက်ခွင့်ပြုတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးပြောဆိုလိုက်ပါတယ်။ ၂၀၂၀ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေကို ဝင်ခွင့်ရရှိထားပြီး အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံခြင်းမရှိသူတွေ၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်အချင်းချင်းပြောင်းရွှေ့လျှောက်ထားလိုသူတွေ၊တခြားဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တွေမှာ ဝင်ခွင့်ရရှိသူတွေအားလုံး ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နဲ့ကိုက်ညီရင် ပြောင်းရွှေ့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ ” သိပ္ပံဘာသာတွဲတော့ဖြစ်ရမယ်၊သင်တန်းပြီးတဲ့အထိတက်ရမယ်၊တက္ကသိုလ်ခွဲဝေချထားရေးအဖွဲ့က တက်ခွင့်ပြုတဲ့နေရာကိုတက်ရမယ်၊တခြားလိုအပ်တဲ့စည်းကမ်းသတ်မှတ်ချက်တွေအပြည့်စုံကို ဝန်ကြီးဌာနကကြေညာပေးထားပါတယ် “လို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအောက်က တက္ကသိုလ်တွေထဲကမှ ဆေးတက္ကသိုလ် နဲ့ ဆေးပညာနှီးနွှယ်တက္ကသိုလ်တွေက ပထမနှစ်သင်တန်းတွေရဲ့လစ်လပ်နေရာတွေကို ပြောင်းရွှေ့တက်ရောက်ဖို့ လျှောက်လွှာခေါ်ယူနေတာကိုလည်း တွေ့ရပါတယ်။ “CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေများတော့ အခုလိုလုပ်တာဖြစ်မယ်၊ နစကဘက်ကလည်း CDM လုပ်တဲ့ဝန်ထမ်းတွေထဲကမှ ပညာရေးနဲ့ကျန်းမာရေးကိုပဲ အဓိကထားပြီး ပြန်ခေါနေတာတွေ့ရတယ်။ကျန်းမာရေးနဲ့ပညာရေးက တကယ်ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ လုပ်သက်ရှိဝန်ထမ်းတွေ…
Read Moreတိုက်ပွဲရှောင်တွေများလို့ မုံရွာမှာ အိမ်ငှားစရာမရှိလောက်အောင် ရှားပါး
ဇွန် ၊ ၁၁-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်ကို စစ်ဘေးရှောင်ဖို့ ယာယီ ပြောင်းရွေ့နေထိုင်လာသူတွေ အလွန်များပြားလာတဲ့အတွက် အိမ်ငှားစရာမရှိလောက်အောင် ရှားပါးနေတယ်လို့ အိမ်ငှားသီးသန့်အကျိုးဆောင်လုပ်ကိုင်သူတွေဆီက သိရပါတယ်။ ” ဟိုအရင် နှစ်တွေတုန်းက ငှားရမ်းဖို့ ကုန်ကြမ်းတွေဟာ နှစ်ပေါက်တဲ့အထိ အလုပ်မဖြစ်ဘူး ၊ အခုတော့ မုံရွာမြို့ပေါ်ကို အနီးနား နယ်တွေက စစ်ဘေးရှောင်ဖို့ ယာယီလာပြီး ငှားရမ်းနေထိုင်သူတွေ များတာကြောင့် အိမ်ငှားကုန်ကြမ်းတွေ ပြတ်နေတာ ၄ လလောက်ရှိနေပြီ “လို့ မုံရွာအခြေစိုက် အိမ်းငှားသီးသန့် အကျိုးဆောင်လုပ်ငန်း ၊ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ ဒါ့အပြင် မုံရွာမြို့ပေါ်က လုံးချင်း လူနေတိုက်အိမ် ၁ လုံးရဲ့ ငှားရမ်းခတွေဟာ ပြီးခဲ့တဲ့ ၄ လ ဝန်းကျင်ကစလို့ ၃ သိန်းကနေ ၅ သိန်းအထိ နေရာအလိုက် စျေးနူန်းရှိနေပြီး စစ်ဘေးရှောင်…
Read Moreတရားဝင် ခွင့်ပြုမထားတဲ့ ငွေပေးချေမှုလုပ်ငန်းတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်သတိပေး
ဇွန် ၁၁-၂၀၂၂ GG(VOM) တရားဝင်လုပ်ကိုင်ခွင့်ပြုမထားတဲ့ Mobile Pay နဲ့ Mobile ငွေပေးချေ ဝန်ဆောင်မှုလုပ်ငန်းတွေကို အသုံးပြုမယ်ဆိုရင် ပြည်သူတွေအနေနဲ့ ဆုံးရှုံးနစ်နာမှုတွေဖြစ်လာနိုင်တယ်လို့ ဗဟိုဘဏ်က အသိပေးပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ တရားဝင်ခွင့်ပြုထားခြင်းမရှိတဲ့ Mobile Pay ၊ Mobile Wallet နဲ့ ငွေပေးချေမှု ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေက တဆင့် သုံးစွဲသူအချင်းချင်း ငွေလွှဲပြောင်းခြင်း၊ ကုန်စည်ဝယ်ယူခြင်းတွေ ဆောင်ရွက်နိုင်ကြောင်း Social Media တွေမှာ ကြေညာနေတာကို တွေ့ရှိနေရတယ်လို့ သိရပါတယ်။ အဲ့ဒီလုပ်ငန်းတွေကို ဗဟိုဘဏ်အနေနဲ့ တရားဝင်ခွင့်ပြုထားခြင်းမရှိလို့ စနစ်တကျကြီးကြပ်ကွပ်ကဲမှုအောက်မှာမရှိတာကြောင့် ပြည်သူတွေအနေနဲ့ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်တယ်လို့ ပြောဆိုထားတာဖြစ်ပါတယ်။ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုလုပ်ကိုင်နေသူတဦးကတော့ ” ကျနော်တို့ကတော့money transfer လုပ်ပေးတယ်။ အခုနောက်ပိုင်းဆို ဖုန်းဘေဖြည့်တဲ့ pay တွေရှိလာတယ်။ငွေသွင်းငွေထုတ်ရတာတွေလည်းရှိတယ်၊သူတို့ကလုပ်ရကိုင်ရမြန်ပြီး လွယ်တော့ သုံးတဲ့သူရှိနေတဲ့သဘောပေါ့။ စိတ်ချရမှုရှိလား မရှိလားကတော့ အာမခံချက်အပြည့်တော့ ကျနော်တို့လည်းမသိဘူး။ သုံးသူရှိရင်…
Read Moreနေပြည်တော်မှာ ပို့/ဆက်ဝန်ကြီးဌာနက အရာရှိတဦး ဓားနဲ့ထိုးခံရပြီး လုယက်ခံရမှုဖြစ်ပွား
ဇွန် ၁၀-၂၀၂၂ KT(VOM) နေပြည်တော်၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ကားရပ်ပြီး အပေါ့သွားနေတဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အရာရှိတဦး ဓားနဲ့ထိုးခံရပြီး လုယက်ခံရမှု ဒီကနေ့ ည ၇နာရီအချိန်ခန့်က ဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ နေပြည်တော်၊ ရာဇသင်္ဂဟလမ်းအတိုင်း Toyota Ipsum အဖြူရောင်ယာဥ်ကို ကိုယ်တိုင်မောင်းနှင်လာပြီး Junction Center အနီးက SPC ဆီဆိုင်မှာ ကားဆီထည့်ဖို့ ထွက်လာစဉ် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် ကားရပ် အပေါ့သွားနေချိန် လုယက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။ “အပေါ့သွားနေချိန် mask အနက်ရောင်တပ်၊ ရှပ်လက်ရှည်ဝတ်ထားတဲ့ လူငယ်နှစ်ဦးက အဲ့ဒီအရာရှိကို ချုပ်ထားပြီး လည်ပင်းကို ဓားနဲ့ထောက် ကားပေါ်ပြန်တက်ခိုင်း ကားမောင်းခိုင်းကာ နေပြည်တော် Wholesale center အကျော်မှာ ဘယ်ကွေ့ခိုင်းခဲ့ပြီး ရွှေဧည့်သည်ဟိုတယ်ရှေ့လမ်းကြားအရောက်တွင် ကားရပ်ခိုင်းခဲ့တယ်၊ အဲ့ဒီလို ကားရပ်ပေးနေချိန် အရာရှိဆီက ဟန်းဖုန်းယူပြီး ကားပေါ်ကနေဆွဲချကာ…
Read Moreကြံခင်းမြို့နယ်မှာ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦး ဖမ်းဆီးရမိ
ဇွန် ၁၀-၂၀၂၂ KK(VOM) ကြံခင်းမြို့နယ်၊ အုတ်ပုံပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက နိူင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့ လိုက်လံပို့ဆောင်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ အုတ်ပုံပူး ပေါင်းစစ်ဆေးရေးဂိတ်မှာ အိမ်စီးကားနှစ်စီးဟာ စစ် ဆေးမှုမခံဘဲ ထွက်ပြေးမောင်းနှင်ခဲ့လို့ လိုက်လံရှာ ဖွေဖမ်းဆီးရာမှ နိုင်ငံသားအထောက်အထားမဲ့သူ ၂၉ ဦးနဲ့လိုက်လံပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အိမ်စီးကားနှစ်စီးက မျှင်ဝါးတောင်ရဲကင်းစခန်းကမိတယ်၊ နိုင်ငံသားအထောက်အထားမဲ့သူတွေတင်လာတဲ့ ဒိုင်နာကားကို အုတ်ပုံဆိပ်စစ်ဆေးရေးက မိတာ”လို့ သူကပြောပါတယ်။ အိမ်စီးယာဥ်မောင်းထွက်ပြေးပြီးနောက် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ဘက်ကနေ မောင်းနှင်လာတဲ့ ဒိုင်နာယာဥ်ကို စစ်ဆေးရာ ဖွဲအိတ်တွေကာရံထားတဲ့အတွင်းမှ လိုက်ပါတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ကျား ၂၈ဦးနဲ့မ ၁ ဦး စုစုပေါင်း ၂၉ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ လက်လောမှာ ဖမ်းဆီးရမိခဲ့တဲ့ နိူင်ငံသားအထောက်အထားမဲ့သူ၂၉…
Read Moreသထုံမှာ မိခင်ကို စိတ်ဝေဒနာရှင်သားက ပေါက်ပြားနဲ့ရိုက်သတ်လို့ မိခင်သေဆုံး၊သားဖြစ်သူပါ သေဆုံး
ဇွန် ၁၀-၂၀၂၂ GG(VOM) မွန်ပြည်နယ် ၊သထုံမြို့၊ ပေါ်တော်မူကျေးရွာအုပ်စု၊ဂျိုင်းကျေးရွာမှာ သားဖြစ်သူက မိခင်ကို ပေါက်ပြားနဲ့ရိုက်သတ်လို့ အမေဖြစ်သူသေဆုံးခဲ့သလို သားဖြစ်သူလည်းသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ သားဖြစ်သူက စိတ်ဝေဒနာခံစားနေရသူဖြစ်ဖြစ်ပြီး ဦးမြင့်ဆွေ အသက်၅၀ နှစ်၊ အမေဖြစ်သူက ဒေါငွေရင် အသက် ၇၄ နှစ်ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ ပေါက်ပြားနဲ့ပေါက်တဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး သားဖြစ်သူကလည်း မိခင်သေဆုံးပြီးမကြာခင် နေအိမ်မှာပဲ ထပ်မံသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။ “သူ့သားက ကော်ဖီမစ်တွေလည်း သောက်တယ်၊ သူ့အိမ်အောက်မှာ ခွေးသားပေါက်လေးတွေ လာမွေးတာကိုပြုတ်စားတာတို့လည်းလုပ်တယ်။သူကစိတ်မမှန်ဘူးလေ၊သူ့အမေကို ပေါက်ပြားနဲ့ပေါက်သတ်ချိန် ပတ်ဝန်းကျင်ကလည်းကြည့်ကြတော့ သူကနှလုံးရောဂါအခံလည်းရှိတော့ အဲ့ဒါကြောင့်သေသွားတယ်ထင်ပါတယ်။ အမေကို ဘာလို့သတ်လဲဆိုတာတော့ မသိဘူး ၊ မနေ့က မနက်အစော ၁ နာရီမှာဖြစ်တာပါ”လို့ အကြင်နာတွဲလက်အသင်း(သထုံ)ရဲ့အဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးသွားတဲ့ သားအမိ ၂ ဦးရဲ့ ရုပ်အလောင်းကို သထုံပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကိုပို့ဆောင်ခဲ့ပြီး အဲ့ဒီကမှတဆင့် မီးသဂြိုလ်ဖို့အတွက်…
Read Moreမောင်တောမှာ ကျပ်သိန်း ၄ ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့အတူ လူတွေပါ ဖမ်းဆီရမိ
ဇွန် ၁၀-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျပ်သိန်းပေါင်း ၄ ရာကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ပါဝင်ပတ်သက်နေသူ ၁၀ ဦးကို ဒေသခံအာဏာပိုင်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကလည်း မောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့အတူ ဆက်စပ်သူတချို့ကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ VOM ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး သက်လွင်က ” အဲဒါက နယ်ခြားစောင့်ကဖမ်းတာ။ နယ်ခြားစောင့်က ဖမ်းတာဆိုတော့ ငါတို့အသေးစိပ်မသိဘူး။ ဖမ်းမိတာတော့ ဟုတ်တယ်”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့က မူးယစ်ဆေးဝါးတွေနဲ့အတူ ဆက်စပ်သူတွေကိုပါ နှစ်ကြိမ်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့၀င်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမဦးဆုံးတစ်ကြိမ် ဖမ်းဆီးရမိမှုမှာ မောင်တောမြို့နယ်၊ မောင်တော-ကျီးကန်းပြင်သွားကားလမ်း၊ ဟာဘီကျေးရွာအနီးမှာ စိုးအောင်သိန်း မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာကနေ…
Read Moreစစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရပြီး အဖွဲ့ဝင်အမျိုးသားတဦးသေဆုံး၊တဦးဒဏ်ရာရ
ဇွန် ၁၀-၂၀၂၂ GG(VOM) ကျိုက်ထိုမြို့နယ်က ၊ စစ်တောင်းလူမှုကူညီရေးအသင်းကား ပစ်ခတ်ခံရလို့ အဖွဲ့ဝင်တဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇွန် ၉ ရက် ည ၁၀ နာရီလောက်မှာ စစ်တောင်းရွာက ဓားထိုးခံရတဲ့လူနာကို ဆေးရုံကိုပို့ပြီးပြန်လာချိန် အင်္ဂဘိုကျေးရွာနားအရောက်မှာ ကားကိုသေနတ်ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ကားပေါမှာက ယာဥ်မောင်းရယ်၊ နောက်ထပ်နှစ်ယောက်ရယ်ပါတယ်၊ လူနာပို့အပြီးပြန်အလာ ကားကိုသေနတ်ပစ်ခံရတော့ ဘေးကလိုက်လာတဲ့ ၂ ယောက်မှာ တယောက်က ဆီးအိမ်ကျည်ထိတယ်၊ နောက်တယောက်က ပေါင်ကိုကျည်ရှပ်ထိတယ်၊ ဆေးရုံတောင်မရောက်လိုက်ဘူး။ တယောက်က လမ်းမှာပဲဆုံးတယ်လို့ သိရတယ် “လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။ သေဆုံးသွားတဲ့ အသင်းဝင်းဟာ ပြည့်ဖြိုးအောင်ဆိုသူဖြစ်ပြီး ဒဏ်ရာရရသူကတော့ ကျော်ဇင်ဦး ဆိုသူဖြစ်တယ်လို့ သိရပါတယ်။ စစ်တောင်းလူမှုကူညီရေးအသင်းဟာ ကိုဗစ်ကာလကတည်းက အခုချိနအထိ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ အသင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လူမှုကူညီရေးအသင်းကားတွေ ပစ်ခတ်ခံရတဲ့အတွက် ညအချိန်တွေ အကူအညီတောင်းလာရင် ငြင်းပယ်တာမျိုးတွေလုပ်တော့မယ်လို့…
Read More