ကိုယ်ပိုင်ကျောင်းတွေ ဆိုင်းမဆင့် ဗုံမဆင့် ပိတ်လိုက်တာကြောင့် ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ အခက်တွေ့

ဇူလိုင် ၆ – ၂၀၂၂
KT – SA (VOM)

နေပြည်တော်မှာ ဖွင့်လှစ်ထားတာ တစ်လလောက်သာရှိသေးတဲ့ Wisdom Hill ကိုယ်ပိုင်ကျောင်းအပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ခုကို ပိတ်သိမ်းလိုက်တာကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။

အခုလိုကျောင်းတွေကို ဆိုင့်မဆင့် ဗုံမဆင့် ပိတ်လိုက်တာကြောင့် ဆရာမတယောက်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ” ကျောင်းသားတွေရော မိဘတွေပါ အန္တရာယ်ရှိမှန်းသိသိကြီးနဲ့ ကျောင်းတက်ခဲ့ကြတာပါ။ ဒီလိုကျောင်းတွေဖွင့်ခွင့်ပေးပြီး ကလေးတွေပျော်ပျော်ပါးပါးနဲ့ ကျောင်းတွေတက်နေပြီးမှတော့ မပိတ်သင့်ပါဘူး၊၊ မဖွင့်ခင်ကတည်းက စီစစ်ပြီးအရေးယူသင့်တာ၊ အခုတော့ တဝက်တပျက်ကျောင်းတွေတက်ပြီးကာမှ လုပ်ရက်ကြတယ်ဗျာ။ အခုဟာက ကလေးတစ်ယောက်တည်းရဲ့ ဘဝတက်လမ်းကို ချိုးဖျက်ပစ်တာမဟုတ်ပါဘူး။ကျောင်းသား ၁၀၀၀ကျော်၊ မိဘ၂၀၀၀ ကျော်နဲ့ကျောင်းကို မှီခိုပြီးလုပ်ကိုင်စားသောက်နေကြရတဲ့ဆရာ၊ဆရာမအပါ လူ၃၀၀၀ကျော်၄၀၀၀လောက်ရဲ့ဘဝတွေကို ဖျက်စီးပစ်လိုက်သလိုမျိုးမို့ကျောင်းသားမိဘများအားလုံး၏ ကိုယ်စား အစိုးရကြီးအားအသနားခံတင်ပြအပ်ပါသည်။” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ကျောင်းသားမိဘတွေအနေနဲ့လည်း ကျောင်းအပ်တုန်းက ကုန်ကျခဲ့တဲ့စရိတ်တွေအတွက် များစွာနစ်နာရပါတယ်လို့ အမည်မဖော်လိုသူကျောင်းသားမိဘတဦးကပြောပါတယ်။

အခုလို ကျောင်းတက်နေရင်းနဲ့ ပိတ်တာဖြစ်လို့ ကျောင်းသားတွေနဲ့ ဝန်ထမ်း(ဆရာ/ဆရာမ၊အုပ်ချုပ်ရေးပိုင်းဝန်ထမ်း၊သန့်ရှင်းရေး၊လုံခြုံရေး)တွေ လူအင်အား ၂၀၀ ကျော်ခန့်အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #naypyitaw #privateschool #ကျောင်းပိတ် #ကျောင်း #school
#ကိုယ်ပိုင်ကျောင်း

Related posts

Leave a Comment

VOM News

FREE
VIEW