လက်ပန်းတောင်းဒေသက စစ်ဘေးရှောင်တွေအနေနဲ့ မုံရွာမြို့ပေါ်မှာ အိမ်ငှားနေထိုင်ဖို့အခက်အခဲဖြစ်နေ

ဇူလိုင် ၆-၂၀၂၂ Voice Of Myanmar ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်လောက်ကစတင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပန်တောင်း‌ဒေသက ကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းတွေဝင်ရောက်နေတာဖြစ်ပြီး အဲ့ဒီအခြေအနေမှာ ဒေသခံတွေအနေနဲ့ နေအိမ်တွေငိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ အဲ့ဒီဒေသမှာ ဒီကနေ့အချိန်ထိ နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ရွာတွေကိုမပြန်ရဲသေးဘူးလို့ပြောကြပါတယ်။ စစ်ဘေးရှောင်တချို့ကတော့ တောတွေထဲမှာ အခက်အခဲမျိုးစုံနဲ့နေထိုင်နေကြသလို တချို့က ချင်းတွင်းမြစ်တဖက်ကမ်း မုံရွာမြို့ပေါ်က ဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေကြရတာလည်းဖြစ်ပါတယ်။ တချို့မိသားစုဝင်များတဲ့စစ်ဘေးရှောင်တွေဟာ ဘယ်အချိန်မှ ရွာပြန်ရမှန်းမသိတာကြောင့် မြို့ပေါ်မှာ ယာယီအိမ်ငှားနေထိုင်ဖို့ ကြိုးစားလာကြပါတယ်။ ဒါပေမယ့်လက်ရှိအချိန်မှာ စစ်ဘေးရှောင်တွေအတွက် ငှားရမ်းနေထိုင်ခွင့်ပေးမယ့် အိမ်ရှင်ဆိုတာဟာ မရှိသလောက်ရှားပါးနေတယ်လို့ အိမ်ငှားရှာတဲ့စစ်ဘေးရှောင်တချို့ကပြောပါတယ်။ မုံရွာမြို့က အိမ်ငှားစားသူတွေအနေနဲ့လည်း နိုင်ငံရေးအပြောင်းအလဲစဖြစ်ကတည်းက အိမ်ငှားအလုပ်တွေအဆင်မပြေတော့ဘဲ အခုလက်တလောမှာတော့ အိမ်ငှားသူတွေပေါလာတယ်လို့ ပြောပါတယ်။ အခုလိုအိမ်ငှားသူတွေပေါလာပေမယ့် အများစုဟာ စစ်ဘေးရှောင်တွေဖြစ်နေတာကြောင့် မငှားရဲကြဘူးလို့ အိမ်ရှင်တဦးကပြောပါတယ်။ အိမ်ငှားသူတွေဟာ နိုင်ငံရေးအကြောင်းတခုခုနဲ့ဆက်စပ်နေသူတွေဆိုရင် စစ်တပ်ကဝင်ရောက်စစ်ဆေးတဲ့အခါ နေအိမ်တွေချိတ်ပိတ်သိမ်းဆည်းခံရမှာစိုးရိမ်တဲ့အတွက် မငှားရဲတာဖြစ်တယ်လို့လည်းပြောပါတယ်။ ဒါကြောင့်…

Read More

ကိုယ်ပိုင်ကျောင်းတွေ ဆိုင်းမဆင့် ဗုံမဆင့် ပိတ်လိုက်တာကြောင့် ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ အခက်တွေ့

ဇူလိုင် ၆ – ၂၀၂၂ KT – SA (VOM) နေပြည်တော်မှာ ဖွင့်လှစ်ထားတာ တစ်လလောက်သာရှိသေးတဲ့ Wisdom Hill ကိုယ်ပိုင်ကျောင်းအပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ခုကို ပိတ်သိမ်းလိုက်တာကြောင့် ကျောင်းသားမိဘတွေနဲ့ ဆရာ၊ဆရာမတွေ အခက်တွေ့နေကြတယ်လို့ သိရပါတယ်။ အခုလိုကျောင်းတွေကို ဆိုင့်မဆင့် ဗုံမဆင့် ပိတ်လိုက်တာကြောင့် ဆရာမတယောက်က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ” ကျောင်းသားတွေရော မိဘတွေပါ အန္တရာယ်ရှိမှန်းသိသိကြီးနဲ့ ကျောင်းတက်ခဲ့ကြတာပါ။ ဒီလိုကျောင်းတွေဖွင့်ခွင့်ပေးပြီး ကလေးတွေပျော်ပျော်ပါးပါးနဲ့ ကျောင်းတွေတက်နေပြီးမှတော့ မပိတ်သင့်ပါဘူး၊၊ မဖွင့်ခင်ကတည်းက စီစစ်ပြီးအရေးယူသင့်တာ၊ အခုတော့ တဝက်တပျက်ကျောင်းတွေတက်ပြီးကာမှ လုပ်ရက်ကြတယ်ဗျာ။ အခုဟာက ကလေးတစ်ယောက်တည်းရဲ့ ဘဝတက်လမ်းကို ချိုးဖျက်ပစ်တာမဟုတ်ပါဘူး။ကျောင်းသား ၁၀၀၀ကျော်၊ မိဘ၂၀၀၀ ကျော်နဲ့ကျောင်းကို မှီခိုပြီးလုပ်ကိုင်စားသောက်နေကြရတဲ့ဆရာ၊ဆရာမအပါ လူ၃၀၀၀ကျော်၄၀၀၀လောက်ရဲ့ဘဝတွေကို ဖျက်စီးပစ်လိုက်သလိုမျိုးမို့ကျောင်းသားမိဘများအားလုံး၏ ကိုယ်စား အစိုးရကြီးအားအသနားခံတင်ပြအပ်ပါသည်။” လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ကျောင်းသားမိဘတွေအနေနဲ့လည်း ကျောင်းအပ်တုန်းက ကုန်ကျခဲ့တဲ့စရိတ်တွေအတွက်…

Read More

စစ်ကိုင်းတိုင်းက လူငယ် ၁ သိန်းကျော် ပြည်ပနိုင်ငံ​တွေထွက်ခွာဖို့ နိုင်ငံကူးလက်မှတ် လျှောက်ထားနေကြ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းက လူငယ် ၁ သိန်းကျော်ဟာ ပြည်ပနိုင်ငံတွေကို သွားရောက်ပြီး အလုပ် လုပ်ကိုင်ဖို့အတွက် ဒီနှစ်ဆန်းပိုင်းကစလို့ နိုင်ငံကူးလက်မှတ်တွေ လာရောက်လျှောက်ထားကြတယ်လို့ စစ်ကိုင်းတိုင်း နိုင်ငံကူးလတ်မှတ် ထုတ်ပေးရေးရုံး အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ၁ ရက်ကို လူ ၂ ရာကျော်လောက် နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားတာဖြစ်တယ် ၊ ပြည်ပ အလုပ်အကိုင်အတွက် လျှောက်ထားကြတာပါ ၊ လူငယ်ပိုင်းတွေ အများစု ဖြစ်တယ် ” လို့ မုံရွာမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ မုံရွာနိုင်ငံကူးလတ်မှတ်ရုံးမှာ လက်မှတ်လာရောက်လျှောက်ထားသူ ဒီပဲယင်းမြို့နယ်က လူငယ်တယောက်က” ကိုဗစ် ပထမလှိုင်း မတိုင်မီက စားသောက်ဆိုင်မှာ အလုပ် လုပ်တယ် ၊ ကိုဗစ်စတဲ့ ၂၀၂၀ တည်းက…

Read More

လူဟန့်ခ်ဒေသကို ရုရှားတပ်တွေထိန်းချုပ်ပြီးနောက် ယူကရိန်းမှာ ထိုးစစ်တွေဆက်လက်လုပ်ဆောင်ဖို့ ပူတင် အမိန့်ထုတ်

မော်စကို၊ ဇူလိုင်-၅-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံ လီဆိုင်ချန့်ခ်မြို့ကို ရုရှားတပ်တွေသိမ်းယူလိုက်ပြီးနောက် ယူကရိန်းမှာ ထိုးစစ်တွေ ဆက်လက်လုပ်ဆောင်ဖို့ ကာကွယ်ရေး၀န်ကြီးကို ရုရှားသမ္မတပူတင်က အမိန့်ပေးလိုက်ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ယခင်အတည်ပြုထားတဲ့ အစီအစဉ်တွေအရ အခြားစစ်မျက်နှာမှာရှိတဲ့ ရုရှားတပ်တွေကို ရည်မှန်းချက်တွေ ဆက်လက်လုပ်ဆောင်ဖို့ သမ္မတပူတင်က အမိန့်ပေးညွှန်ကြားလိုက်တာဖြစ်ပါတယ်။ လီဆိုင်ချန့်ခ်မြို့ကို သိမ်းယူလိုက်တာဟာ ယူကရိန်းရှိ လူဟန့်ခ်ဒေသတခုလုံးကို ရုရှားက ထိန်းချုပ်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မြို့ကို ရုရှားတွေလက်ရောက်သွားတာဟာ နာကျင်စရာဖြစ်ပေမယ့် ဒါဟာရှုံးခဲ့တဲ့တိုက်ပွဲတခုသာဖြစ်ပြီး စစ်ပွဲတခုလုံးနဲ့ မသက်ဆိုင်သေးဘူးလို့ လူဟန့်ခ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အနောက်နိုင်ငံတွေကနေ ခေတ်မီလက်နက်တွေ ပိုမိုထောက်ပံ့လာတာကြောင့် ယူကရိန်းတပ်ဖွဲ့တွေဟု လီဆိုင်ချန့်ခ်မြို့ကို ပြန်လည်သိမ်းယူသွားမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကတိပြုပြောဆိုပါတယ်။ လက်ရှိမှာတော့ ရုရှားတပ်တွေဟာ လူဟန့်ခ်ဒေသအနီးမှာရှိတဲ့ ဒွန်နက်ခ်ဒေသကို အထူးပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ယူကရိန်းတပ်ဖွဲ့၀င်တွေကပြောပါတယ်။ ဒွန်နက်ခ်နဲ့ လူဟန့်ခ်ဒေသတို့ဟာ စက်မှုဒေသဖြစ်တဲ့ ဒွန်ဘက်စ်ဒေသတွင်းမှာ တည်ရှိပါတယ်။ Ref: BBC Photo:AP #voiceofmyanmar…

Read More

ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက လစာငွေထုတ်လာတဲ့ကား လမ်းမှာ ဓားပြတိုက်ခံရလို့သိန်း ၂ ထောင်ကျော်ပါသွား

ဇူလိုင် ၊ ၅ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံ ကျေးရွာနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံဝန်ထမ်းတွေအတွက် လစာငွေထုတ်ပြီး သယ်ယူလာတဲ့ကားဟာ ဒီကနေ့ ၊ မနက် ၁၁ နာရီဝန်းကျင်က လမ်းမှာ ဓားပြတိုက်ခံရပြီး ကားပေါ်မှာပါလာတဲ့ ပိုက်ဆံ သိန်း ၂ ထောင်ကျော် ပါသွားတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံက ငွေထုတ်ပြန်လာတဲ့ကားကို ပေါင်းလောင်ကန် ရွာထိပ်နားမှာ ဒီမနက်ပိုင်းက ဓားပြတိုက်ခံရတာပါ ၊ သိန်း ၂၅၀၀ ကျော်နဲ့အတူ ကားပါ ၊ ပါသွားတယ် ” လို့ ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ” ကနဦးကြားရတာကတော့ ဒီမနက် ၁၁…

Read More

တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လူသန်း ၂၅၀ ကျော် အပူလှိုင်းသင့်ဖွယ်ရှိနေ

ပေကျင်း၊ ဇူလိုင်-၅-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံမြောက်ပိုင်းဒေသတလျှောက်မှာ လာမယ့်နှစ်ပတ်အတွင်း ပြင်းထန်တဲ့ အပူလိုင်းဖြတ်မယ်လို့ ခန့်မှန်းထားပြီး ဒေသခံသန်း ၂၅၀ ကျော်အပူလှိုင်းသင့်နိုင်ကာ အချို့ဒေသတွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်တယ်လို့ တရုတ်မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။ ရှင်ကျန်း၊ အတွင်းမွန်ဂိုလီယား၊ နင်ရှန်းအပြင် ဟာဘေး၊ ဟီနန်၊ဂန်ဆုနဲ့ရှန်ဇီပြည်နယ်တွေမှာ အပူချိန် ၄၀ ဒီဂရီစတင်တီဂရိတ်ထက် ပိုမိုနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း မတူညီတဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ ကြုံတွေနေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပူလှိုင်းဖြစ်နေကာ တောင်ဘက်ဒေသတွေမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရပါတယ်။ ဇွန်လအတွင်းကလည်း အပူလှိုင်းကြောင့် တရုတ်နိုင်ငံရဲ့လူဦးရေထက်၀က်နီးပါး ထိခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသမှာရှိတဲ့ မဟာဓါတ်အားလိုင်းရဲ့ တစိတ်တပိုင်းဟာ စွမ်းအင်ထောက်ပံ့မှုအပေါ် ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ အပူလိုင်းကြောင့် တောမီးလောင်ကျွမ်းမှုအန္တရာယ်အပြင် စပါး၊ ဝါ၊ ပြောင်း စတဲ့ သီးနှံစိုက်ပျိုးမှုတွေအပေါ်လည်း သက်ရောက်မှုရှိလာမယ်လို့ တရုတ်မိုးလေသ၀ဌာနက ထုတ်ပြန်ထားပါတယ်။ Ref:…

Read More

စစ်ကိုင်းတိုင်းမှာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့ ပညာရေးဝန်ထမ်း ၃၀ နီးပါးရှိနေ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်းထဲမှာ ၃၇ မြို့နယ်ရှိတဲ့အနက် ၊မြို့နယ်ပေါင်း ၂၀ ကျော်က ပညာရေးဝန်ထမ်း ၃၀ နီးပါးဟာ ၄ ရက်ကြာ ဖုန်းဆက်သွယ်မှု မရတော့ဘဲ ပျောက်ဆုံးနေတာကြောင့် သူတို့ မိသားစုဝင်တွေက စိုးရိမ်နေရတယ်လို့ စစ်ကိုင်းတိုင်းပညာရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့က ကသာခရိုင် ဗန်းမောက်မြို့နယ် ၊ စီးမော်ကျေးရွာကနေ သောင်ကြီးအခြေခံပညာ မူလတန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဝေမင်းနိုင် ဆိုသူလည်း ဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ အဲ့ဒီ ဒေသခံတွေက ဆက်သွယ်လာတယ် .” လို့ ပညာရေးမှူးရုံး ဝန်ထမ်းတယောက်က ပြောပါတယ်။ ဒါ့အပြင် မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာနေ ၊ အလယ်တန်းပြ ကျောင်းဆရာ ဦးနေစိုး ဆိုသူဟာ ဒီလ…

Read More

လှိုင်မြို့နယ်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃အဆင့်ရှိ ငလျင်လှုပ်ခတ်သွား

ဇူလိုင် ၅၊၂၀၂၂ KK(VOM) ရန်ကုန်တိုင်းမှာ ဒီကနေ့ မနက် ၇ နာရီ ၃၇မိနစ်က လှိုင်မြို့နယ်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃အဆင့်ရှိတဲ့ ငလျင်ငယ်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ မြို့နယ်အများစုကနေ သိရပါတယ်။ ငလျင်လှုပ်ခတ်မူကို အင်းစိန်၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊အလုံ၊ မင်္ဂလာတောင်ညွှန့်၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ အစရှိတဲ့ မြို့နယ်တွေမှာ လှုပ်ခတ်တာကို သိရှိခဲ့ရတယ်လို့ သိရပါတယ်။ လှိုင်မြို့နယ်မှာနေထိုင်သူတဦးက “ခုံပေါ်ထိုင်နေတာ ခုံစောင်းသွားလို့ ဘယ်သူ တွန်းလဲပေါ့၊ နောက်တော့မှ ငလျင်လှုပ်တယ်ဆိုတာသိတာ၊ ခေါင်းတောင်မူး သွားတယ်”လို့ ပြောပါတယ်။ အချို့မြို့နယ်တွေမှာတော့ အလုပ်သွားလာရင်းနဲ့ရေကန်ကရေတွေလှုပ်ခတ်သွားခြင်း မြေကြီးသိမ့်ကနဲတုန်သွားခြင်းတို့ကိုခံစားမိရာမှ ငလျင်လှုပ်တာသိရတယ်လို့ ​မြောက်ဥက္ကလာမှာ နေထိုင်သူတဦးက ပြောပါတယ်။ “အရမ်းတော့မပြင်းဘူး အနည်းငယ်ပဲ၊ ငလျင်လှုပ်တော့ ရေကန်ရေတွေလှုပ်သွားတယ်၊ မြေကြီးသိမ့်ကနဲ့တုန်သွားတယ်၊ ဒါတောင် လူကြီးတွေပြောမှ ငလျင်လှုပ်တယ်ဆိုတာ သိတာ”လို့ ပြောပါတယ်။…

Read More

ရေနံစိမ်းအထွက်များတဲ့ ကျွန်းလှမှာ ပို့ဆောင်ရေးလမ်းကြောင်း မကောင်းတာကြောင့် ကုန်သည်တွေ အခက်တွေ့နေ

ဇူလိုင် ၊ ၅ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ဆည်ရဲ့အနောက်ဘက်ဒေသဖြစ်တဲ့ နေရာတွေမှာ ရေနံစိမ်းထွက်ရှိမှု ပမာဏ အလွန်ကောင်းမွန်ပြီး လက်ယက်တွင်းစနစ်နဲ့ နေ့တိုင်း ထုတ်လုပ်နေပေမယ့် ရရှိလာတဲ့ ရေနံစိမ်းတွေကို သယ်ယူပို့ဆောင်တဲ့အခါ လမ်းတလျှောက် အခက်အခဲတွေရှိနေတယ်လို့ ရေနံစိမ်းကုန်သည်တွေဆီက သိရပါတယ်။ ” ကျွန်းလှမြို့နယ်ဟာ မြေပေါ် မြေအောက် သယံဇာတ ထွက်တယ်၊ ရွှေမဲလို့ခေါ်တဲ့ ရေနံစိမ်းတွေကို မော်ကယ် ဒေသဘက်က ထွက်နေသလို သဖန်းဆိပ်ဆည် ပတ်လည်မှာက ရွှေထွက်တယ် ၊ မြေအောက် သယံဇာတ မထွက်တဲ့နေရာတွေက သစ်တောထွက် သယံဇာတတွေထွက်တယ် ၊ နယ်မြေဒေသဖွံဖြိုးရေးအတွက် စပွန်မြေဇာကောင်းတာကြောင့် စီးပွားရေးသမားတွေက မျက်စိကြတယ် ၊ ဒါပေမယ့် ထွက်ရှိလာတဲ့ ကုန်ကြမ်းမှန်သမျှ စျေးကွက်ထဲရောက်ဖို့ဆိုတာ သယ်ယူပ်ို့ဆောင်ရေး ကဏ္ဍက…

Read More
VOM News

FREE
VIEW