တရုတ်နိုင်ငံမြောက်ပိုင်းမှာ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လူသန်း ၂၅၀ ကျော် အပူလှိုင်းသင့်ဖွယ်ရှိနေ

ပေကျင်း၊ ဇူလိုင်-၅-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံမြောက်ပိုင်းဒေသတလျှောက်မှာ လာမယ့်နှစ်ပတ်အတွင်း ပြင်းထန်တဲ့ အပူလိုင်းဖြတ်မယ်လို့ ခန့်မှန်းထားပြီး ဒေသခံသန်း ၂၅၀ ကျော်အပူလှိုင်းသင့်နိုင်ကာ အချို့ဒေသတွေမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်တယ်လို့ တရုတ်မိုးလေ၀သဌာနက ထုတ်ပြန်ပါတယ်။

ရှင်ကျန်း၊ အတွင်းမွန်ဂိုလီယား၊ နင်ရှန်းအပြင် ဟာဘေး၊ ဟီနန်၊ဂန်ဆုနဲ့ရှန်ဇီပြည်နယ်တွေမှာ အပူချိန် ၄၀ ဒီဂရီစတင်တီဂရိတ်ထက် ပိုမိုနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမှာ ယခုနှစ်အတွင်း မတူညီတဲ့ ရာသီဥတုဖြစ်စဉ်တွေနဲ့ ကြုံတွေနေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပူလှိုင်းဖြစ်နေကာ တောင်ဘက်ဒေသတွေမှာတော့ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံမှုတွေကို ကြုံတွေ့နေရပါတယ်။

ဇွန်လအတွင်းကလည်း အပူလှိုင်းကြောင့် တရုတ်နိုင်ငံရဲ့လူဦးရေထက်၀က်နီးပါး ထိခိုက်ခဲ့ပြီး မြောက်ပိုင်းဒေသမှာရှိတဲ့ မဟာဓါတ်အားလိုင်းရဲ့ တစိတ်တပိုင်းဟာ စွမ်းအင်ထောက်ပံ့မှုအပေါ် ထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။

အပူလိုင်းကြောင့် တောမီးလောင်ကျွမ်းမှုအန္တရာယ်အပြင် စပါး၊ ဝါ၊ ပြောင်း စတဲ့ သီးနှံစိုက်ပျိုးမှုတွေအပေါ်လည်း သက်ရောက်မှုရှိလာမယ်လို့ တရုတ်မိုးလေသ၀ဌာနက ထုတ်ပြန်ထားပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW