နေပြည်တော်မှာ အကြောင်းမရှိပိတ်ခိုင်းလိုက်တဲ့ ကိုယ်ပိုင်ကျောင်း ၄ကျောင်းကို ပြန်ဖွင့်ခွင့်ပြုလ်ိုက်ပြန်

ဇူလိုင် ၆ – ၂၀၂၂
KT (VOM)

နေပြည်တော်မှာ ဖွင့်လှစ်ထားတာ တစ်လလောက်သာရှိသေးတဲ့ Wisdom Hill ကိုယ်ပိုင်ကျောင်းအပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပိတ်သိမ်းခိုင်းထားပြီး ဒီကနေ့ ဇူလိုင် ၆ရက်မှာ ပြန်ဖွင့်ခွင့်ပြာလိုက်တယ်လို့ ပိတ်သိမ်းခံရတဲ့ကိုယ်ပိုင်ကျောင်းတွေကနေ သိရပါတယ်။

” မပိတ်ရဘူးဆိုပြီးပြန်ညွှန်ကြားတာပေါ့၊ ပညာရေးကညွှန်ကြားတာပါ၊ မြို့နယ်ပဲဖြစ်မယ်ထင်ပါတယ်၊ ၆ ရက်နေ့ပိတ်ဖို့ကိုလည်း မြို့နယ်ပညာရေးကပဲညွှန်ကြားတယ်၊ မပိတ်ဖို့ကိုလည်း မြို့နယ်ကပဲ ညွှန်ကြားတာဖြစ်တယ်”လို့ wisdom hill ကျောင်းရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ကိုယ်ပိုင်းကျောင်းတကျောင်းရဲ့ တာဝန်ရှိသူတဦးကလည်း”ကျောင်းက မပိတ်ရဘူးလေ ၊ ဘယ်လိုဖြစ်ကုန်လည်းတော့မသိဘူး၊ ပိတ်ကိုမပိတ်လိုက်ရဘူး”လို့ ပြောပါတယ်။

အခုလို ပိတ်သိမ်းခိုင်းထားတဲ့ ကိုယ်ပိုင်ကျောင်း ၄ကျောင်းကို မနေ့ ဇူလိုင် ၅ရက် ညနေပိုင်းက အကြောင်းကြားပြီး ပြန်ဖွင့်ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီလို ကိုယ်ပိုင်ကျောင်းအချို့ ပိတ်သိမ်းထိုင်းတာဟာ ဘယ်လိုမကြောင်းပြချက်နဲ့ ပိတ်သိမ်းခိုင်းပြီး ဘယ်လိုအခြေအနေကြောင့် ပြန်ဖွင့်ခွင့်ပြုလိုက်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

#voiceofmyanmar #VOM #ကိုယ်ပိုင်ကျောင်း #ပိတ်ခိုင်းထား #ပြန်ဖွင့်ခွင့်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW