ဆားလင်းကြီးနယ်က စစ်ရှောင်တွေ စားသောက်နေထိုင်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေ

ဇူလိုင် ၇-၂၀၂၂ Voice Of Myanmar စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းဒေသက ရွာပေါင်း (၂၀) ဝန်းကျင်ရှိ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ နေအိမ်တွေနဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေ မီးရှို့ခံထားရလို့ အဝတ်တထည်ကိုယ်တခုနဲ့ တိမ်းရှောင်နေရတဲ့မိသားစုတွေလည်း အများအပြားပါဝင်နေပါတယ်။ စစ်ဘေးရှောင်တချို့က တောတွေထဲမှာ မိုးမလုံလေမလုံနဲ့နေထိုင်နေကြရသလို တချို့က နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေကြတာလည်းဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ တနေ့လုပ်တနေ့စားလူတန်းစားတွေ များစွာပါဝင်နေပြီး အခုလိုပြေးလွှားတိမ်းရှောင်နေရတဲ့အတွက် အလုပ်အကိုင်မရှိဘဲ စားဝတ်နေရေးတွေကျပ်တည်းလာတယ်လို့ စစ်ဘေးရှောင်တဦးကပြောပါတယ်။ ဒါ့အပြင် အဲ့ဒီဒေသမှာ မိသားစုစားဝတ်နေရေးအတွက် သိုးကျောင်းဆိတ်ကျောင်း အငှားလုပ်ကိုင်နေသူတွေလည်းရှိနေပါတယ်။ သူတို့ဟာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိဘဲ မကြာခဏ မိုင်းကွဲတာတွေ၊ ရွာတွေတောတွေထဲ လက်နက်ကြီးကျရောက်တာတွေကြောင့် သိုးကျောင်း၊ဆိတ်ကျောင်းအလုပ်ကိုပင် မလုပ်ရဲတော့ဘူးလို့လည်း သိရပါတယ်။ လက်ရှိ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ (၂) သောင်းဝန်းကျင်ရှိနေပြီး တောတွေထဲတိမ်းရှောင်နေရသူတွေမှာ ကျန်းမာရေးချို့တဲ့မှုတွေရှိနေပြီး ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။ တချို့ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ဆေးဝါးလိုအပ်မှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေလည်းရှိနေတယ်လို့ပရဟိတဆရာဝန်တဦးကပြောပါတယ်။…

Read More

နေပြည်တော်မှာ အကြောင်းမရှိပိတ်ခိုင်းလိုက်တဲ့ ကိုယ်ပိုင်ကျောင်း ၄ကျောင်းကို ပြန်ဖွင့်ခွင့်ပြုလ်ိုက်ပြန်

ဇူလိုင် ၆ – ၂၀၂၂ KT (VOM) နေပြည်တော်မှာ ဖွင့်လှစ်ထားတာ တစ်လလောက်သာရှိသေးတဲ့ Wisdom Hill ကိုယ်ပိုင်ကျောင်းအပါအဝင် ကိုယ်ပိုင်အထက်တန်းကျောင်း ၄ ခုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပိတ်သိမ်းခိုင်းထားပြီး ဒီကနေ့ ဇူလိုင် ၆ရက်မှာ ပြန်ဖွင့်ခွင့်ပြာလိုက်တယ်လို့ ပိတ်သိမ်းခံရတဲ့ကိုယ်ပိုင်ကျောင်းတွေကနေ သိရပါတယ်။ ” မပိတ်ရဘူးဆိုပြီးပြန်ညွှန်ကြားတာပေါ့၊ ပညာရေးကညွှန်ကြားတာပါ၊ မြို့နယ်ပဲဖြစ်မယ်ထင်ပါတယ်၊ ၆ ရက်နေ့ပိတ်ဖို့ကိုလည်း မြို့နယ်ပညာရေးကပဲညွှန်ကြားတယ်၊ မပိတ်ဖို့ကိုလည်း မြို့နယ်ကပဲ ညွှန်ကြားတာဖြစ်တယ်”လို့ wisdom hill ကျောင်းရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ ကိုယ်ပိုင်းကျောင်းတကျောင်းရဲ့ တာဝန်ရှိသူတဦးကလည်း”ကျောင်းက မပိတ်ရဘူးလေ ၊ ဘယ်လိုဖြစ်ကုန်လည်းတော့မသိဘူး၊ ပိတ်ကိုမပိတ်လိုက်ရဘူး”လို့ ပြောပါတယ်။ အခုလို ပိတ်သိမ်းခိုင်းထားတဲ့ ကိုယ်ပိုင်ကျောင်း ၄ကျောင်းကို မနေ့ ဇူလိုင် ၅ရက် ညနေပိုင်းက အကြောင်းကြားပြီး ပြန်ဖွင့်ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီလို ကိုယ်ပိုင်ကျောင်းအချို့ ပိတ်သိမ်းထိုင်းတာဟာ ဘယ်လိုမကြောင်းပြချက်နဲ့ ပိတ်သိမ်းခိုင်းပြီး ဘယ်လိုအခြေအနေကြောင့်…

Read More

အရုဏ်တော်နှင့် မန္တလေး

ဆူးငှက် ဝါဆိုကာလရောက်လျှင် မန္တလေးက အလှူခံတီးဝိုင်းအဖွဲ့တွေအကြောင်း လွမ်းဆွတ်သည်။ ဝါတွင်းဆွမ်းကြီးကပ် ဝတ်တက် အရုဏ်တော်အသင်းကြီးတွေကို လွမ်းဆွတ်သည်။ တောသလင်းလပြည့်နေ့မှာ ဝင်းခင်းပြီး ဆွမ်းကပ်သော ရတနာပုံ ဗုဒ္ဓဘောဇနိယ အရုဏ်တော်အုပ်အသင်းကြီးအကြောင်း ပြောမဆုံးဖြစ်နေတတ်သည်။ ရတနာပုံ ဗုဒ္ဓဘောဇနိယ အရုဏ်တော် အသင်းကြီးကို “အုပ်သင်း”ဟုခေါ် ကြသည်။အသင်းတည်ရာက ဈေးချိုအနီးမှာ။ ဤအသင်းကြီး၏ ထူးခြားမှုမှာ ဆွမ်းအုပ်များကို ဆိုင်းထမ်းဖြင့် ရှေ့နောက်တန်းသော ပိတ်ဖြူဝတ် အရုဏ်တော်အသင်းသားများသည် လူငယ်လေးတွေချည်းဖြစ်ပြီး ကြေးရတတ်သားလေးတွေချည်းဖြစ်ကြသည်။ သူတို့ထမ်းသော ဆိုင်းထမ်း ထမ်းပိုးက ဟင်္သပြဒါးသုတ် ရွှေရေးချကနုတ်ပန်းညွန့်လေးနှင့်ဖြစ်၏။ ဆွမ်းအုပ်ကလည်း ရွှေအုပ်၊ငွေအုပ်၊မြေအုပ်များဖြစ်သည်။ ဆွမ်းအုပ်ဆိုင်းကြိုးများမှာ ဇွန်၊ စံပယ်ပန်းတို့ဖြင့် အလှဆင်ထားသေးသည်။ အဲလို ဆွမ်းအုပ်များက ရာချီရှိ၏။ တသီတတန်းကြီး။ အုပ်သင်းမှာ ပါဝင်သော တူရိယာတွင် ဗုံတောင် ပလုတ်တုတ်ဝိုင်းအပြင် ရှမ်းအိုးစည်ဝိုင်းလည်း တခမ်းတနားပါတတ်သည်။ ဈေးချိုအနီး လက်ဖက်ခြောက်ပွဲရုံပွဲစားကြီးများလည်း အုပ်သင်းမှာ ပါဝင်ကြတော့ ရှမ်းအိုးစည်ဝိုင်းလည်း ပါဝင်ရမှာပေါ့။…

Read More

ကာမိုင်းမြို့ကနေ ဖားကန့်မြို့ကို ပြောင်းရွေ့ဖို့ရောက်လာတဲ့ ဒုရဲအုပ်အပါအဝင် ရဲ၇ဦးပျောက်ဆုံးနေ

ဇူလိုင် ၆-၂၀၂၂ KK(VOM) ကာမိုင်းမြို့နယ်ကနေ ဖားကန့်မြို့နယ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ ဒုရဲအုပ်အပါအဝင် ၇ဦးဟာ မနေ့ ဇူလိုင် ၅ရက် နေ့လယ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ ဖားကန့်မြို့၊ ကာမိုင်း-နန့်ယား-ဖားကန့်လမ်းပေါ် ခွန်စိုင်ယန်ကျေးရွာနဲ့တံတားညီနောင်ရွာကြားမှာ ရဲတပ်ဖွဲ့ဝင်တွေကို အမည်မသိလက်နက်ကိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အဲ့ဒီသတင်းက မနေ့ကတည်းက ကြားတာ ရဲတွေအဖမ်းခံရတယ်ဆိုပြီး၊ ဟုတ်မဟုတ်တော့ သေချာမသိဘူး တံတားညီနောင်ဘက်မှာ အဖမ်းခံရတယ်လို့ကြားတယ်”လို့ သူကပြောပါတယ်။ ကာမိုင်းမြို့နယ် နယ်မြေရဲစခန်းကနေ ဖားကန့်မြို့ ၊ ဆိပ်မူရဲကင်းစခန်းကို ပြောင်းရွှေ့တာဝန်ချထားခံထားရတဲ့ ဒုရဲအုပ်အောင်ကျော်သူအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။ “KIA က ဖမ်းသွားတယ်လို့ကြားတယ် သေချာတော့ မသိဘူး၊ အဖမ်းခံရတဲ့သတင်းကတော့မှန်တယ်”လို့ ပြောပါတယ်။ ဖားကန့်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ရောက် လာတဲ့ ကာမိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဦးစီးအပါအဝင် ၇ဦးဟာ မနေ့နေ့လယ်ပိုင်းအထိ…

Read More

မလေးရှားသွားမယ့် မြန်မာ ၄၁ ဦး ထိုင်းတောင်ပိုင်းမှာ အဖမ်းခံရ

ဆောင်ခလာ၊ ဇူလိုင်-၆-၂၀၂၂ မျိုးဆက်(VOM) မလေးရှားမှာ အလုပ်လုပ်ဖို့သွားမယ့် တရားမ၀င်မြန်မာလုပ်သား ၄၁ ဦးကို ထိုင်းတောင်ပိုင်း ဟတ်ယိုင်ခရိုင်မှာ သူတို့စီးလာတဲ့ကားပေါ်ကနေ ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ သတင်းအရ ဟတ်ယိုင်ခရိုင်တာ၀န်ရှိသူတွေ၊ လူ၀င်မှုကြီးကြပ်ရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့၀င်တွေဟာ မြန်မာလုပ်သားတွေ ပုန်းအောင်းနေတဲ့ တောစပ်မှာ သွားရောက်စစ်ဆေးရှာဖွေရာမှာ အခုလိုဖမ်းမိခဲ့တာဖြစ်ပါတယ်။ တာ၀န်ရှိသူတွေဟာ အဲဒီတညလုံး ပုန်းအောင်းစောင့်ဆိုင်းနေကြပြီး နောက်တစ်နေ့ ဇူလိုင် ၅ ရက် နေ့လယ် ၂ နာရီမှာတော့ ပစ်ကပ်ကားနှစ်စီးရောက်ရှိလာခဲ့ရာမှာ ပုန်းအောင်းနေတဲ့မြန်မာလုပ်သားတွေဟာ ကားပေါ်တက်ဖို့ ပုန်းအောင်းနေရာကနေ ထွက်လာခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ မြန်မာလုပ်သား ၄၁ ဦးထဲမှာ အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီးလေးဦး ပါ၀င်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ကားမောင်းတဲ့ ထိုင်းနိုင်ငံသားနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ မြန်မာလုပ်သားတွေဟာ မလေးရှားနယ်စပ်ကို ရောက်ဖို့အတွက် ကားမောင်းသူကို တယောက် ဘတ်…

Read More

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခု ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးနေ

ဒေလီ၊ ဇူလိုင်-၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒီစခန်းတွေကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ကပ်ရောဂါအခြေအနေ ထိန်းချုပ်လာနိုင်ပြီဖြစ်တာကြောင့် များမကြာခင်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိနေပါတယ်။ အိန္ယဒိ-မြန်မာနယ်စပ်ရှိ အဓိကကုန်သွယ်ရေးစခန်း သုံးခုကတော့ တမူးကုန်သွယ်ရေးစခန်း၊ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ သာနီတာလန်စခန်းတို့ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့ တမူးနယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ စောင့်မျှော်နေကြပါတယ်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာသန်း ၉၀ နီးပါးရှိပြီး ကုန်သွယ်မှုတစိတ်တပိုင်းပြန်ဖွင့်ခဲ့ပေမယ့်လည်း ကပ်ရောဂါကြောင့် ကုန်သွယ်မှုပမာဏ ထက်၀က်ကျဆင်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှ ကွမ်းသီး၊ ငရုပ်ကောင်း၊ ပဲမျိုးစုံ၊ ကြက်သွန်ဖြူစတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အိန္ဒိယဘက်သို့တင်ပို့နေပြီး အိန္ဒိယကပို့ကုန်တွေမှာတော့ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းတွေ၊ ဝါဂွမ်း၊ ဂျုံ၊ ဓါတ်မြေသြဇာနဲ့ ပလတ်စတစ်ကုန်ကြမ်းတွေပါ၀င်ပါတယ်။ ကုန်သွယ်မှုပြန်လည်ဖွင့်လှစ်နိုင်ခြေရှိတဲ့ အခြားစခန်းတခုကတော့ ရိဒ်ကုန်သွယ်ရေးစခန်းဖြစ်ပြီး…

Read More

စစ်ကိုင်းတိုင်းမှာ ကျောင်းပြန်ဖွင့်တဲ့၁ လအတွင်း ဆရာ ၊ ဆရာမ ၈ ဦး ထက်မနည်း အသတ်ခံရ

ဇူလိုင် ၊ ၆-၂၀၂၂ SP( VOM) ၂၀၂၂ – ၂၃ ပညာသင်နှစ်အတွက် ကျောင်းပြန်ဖွင့်ခဲ့တဲ့ ၊ ၁ လအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ပညာရေးဝန်ထမ်းကျောင်းဆရာ၊ဆရာမ ၈ ဦးထက်မနည်း အသတ်ခံရတယ်လို့ ပညာရေးဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” အခု ကျောင်းပြန်ဖွင့်တဲ့ ၁ လအတွင်းမှာ အသတ်ခံရတဲ့ ကျောင်းဆရာ ၊ ဆရာမ ၈ ဦးထက်မနည်း ရှိတယ် ၊အဲ့ဒီအပြင် ဆက်သွယ်မရ လူမသိ သူမသိ ပျောက်ဆုံးနေတဲ့ ဆရာ ၊ဆရာမတွေက သေလား ရှင်လား မသိရသေးဘူး ” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။ မနေ့ ဇူလိုင် ၅ ရက် ၊ နေ့လယ်ပိုင်းက ၊ ရေဦးခရိုင် ၊ ဒီပဲယင်းမြို့နယ် ၊ ကျွန်းတောရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ…

Read More

မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှ ချက်ချင်းပြင်းထန်စွာတုံ့ပြန်ဖို့ စစ်တပ်ကို တောင်ကိုရီးယားသမ္မတ အမိန့်ပေး

ဆိုးလ်၊ ဇူလိုင်-၆-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ချက်ချင်းပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ တောင်ကိုရီးယားစစ်တပ်ကို သမ္မတ ယောင်ဆက်ယိုက ဇူလိုင် ၆ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစမ်းသပ်မှုပြုနိုင်ကြောင်း စိုးရိမ်ပူပန်မှုတွေ ရှိနေချိန်မှာ တောင်ကိုရီးယားသမ္မတက အခုလိုအမိန့်ပေးလိုက်လိုက်တာဖြစ်ပါတယ်။ မေလမှတာ၀န်စတင်ထမ်းဆောင်ခဲ့တဲ့ သမ္မတယောင်ဆက်ယိုဟာ စစ်ဘက်ထိပ်တန်းတပ်မှူးတွေနဲ့ ပထမဆုံးတွေဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဟန့်တားဖို့ စွမ်းရည်ကောင်းတွေရှိနေဖို့ စစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ ယခုနှစ်အတွင်းမှာ ဒုံးကျည်စမ်းသပ်မှုတွေကို မကြုံစဖူးအရှိန်အဟုန်နဲ့ လုပ်ဆောင်နေပြီး သတ္တမမြောက်နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ ယုံကြည်ရပါတယ်။ တောင်ကိုရီးယားနဲ့ အရှေ့မြောက်အာရှ၀န်းကျင်မှာ လုံခြုံရေးမရေရာမှုတွေ ယခင်ကထက် ကြီးထွားနေတာကြောင့် နိုင်ငံရဲ့ လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ ခိုင်မာတဲ့ကာကွယ်ရေးစွမ်းရည် အသင့်ရှိသင့်တယ်လို့ သမ္မတယောင်ဆက်ယိုက ပြောဆိုခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ Ref: Reuters Photo: Reuters #voiceofmyanmar…

Read More

စစ်တွေမြို့က ပွိုင့်ကမ်းခြေမှာ ကမ္ဘာ့ရှားပါး လင်းရှူး ၁ ကောင် သောင်တင်သေဆုံးနေတာကို တွေ့ရ

ဇူလိုင် ၊ ၆-၂၀၂၂ SP (VOM) ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ စစ်တွေဟိုတယ်နားက ပွိုင့်ကမ်းခြေမှာ ကမ္ဘာ့ရှားပါး လင်းရှူး ၁ ကောင် သေဆုံး သောင်တင်နေတာကို မနေ့ ဇူလိုင် ၅ ရက် ညနေပိုင်းက တွေ့ခဲ့ရတယ်လို့ ရွှေတောင်မေတ္တာအသင်းဆီက သိရပါတယ်။ “သေဆုံးနေတဲ့ လင်းရှူးက အလျား အရှည် ၁၀ ပေ ၊ လုံးပတ် ၄ ပေခွဲ အရွယ်အစားရှိတယ် ၊ သေခြာစီစစ်ပြီး ဒီမနက်မှာပဲ ထုပ်ပိုးပြီး မြေမြုတ်လိုက်တယ် ” လို့ စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ အခုတွေ့ရှိရတဲ့ လင်းရှူးအသေနဲ့ပတ်သက်ပြီး စစ်တွေခရိုင်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတဦးက ” သေဆုံးရတဲ့ အကြောင်းအရာက လင်းရှူးတို့ ၊ လင်းပိုင်းတို့ဆိုတာ၊ လူနဲ့ အနေနီးပြီး ယဥ်ပါးတဲ့ ရေနေသတ္တဝါတွေဖြစ်တယ် ၊ ကမ္ဘာ့ရှားပါး…

Read More

စိုက်ပျိုးစရိတ်ချေးငွေတွေပြန်မဆပ်ရင် အရေးယူမယ်ဆိုလို့ လုပ်ကိုင်နေတဲ့ လယ်တွေပေါင်ပြီး ပြန်ဆပ်နေရ

ဇူလိုင် ၆ ၊ ၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ဘိုကလေးမြို့နယ်မှာ စိုက်ဘဏ်ချေးငွေတွေအပြင် သမဝါယမချေးငွေတွေကို ပြန်မဆပ်ရင် အရေးယူမယ်ဆိုလို့ လုပ်ကိုင်နေတဲ့လယ်တွေကို ပေါင်ပြီး ပြန်ဆပ်နေရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။ ”မဆပ်နိုင်သူတွေကများပါတယ်၊ မဆပ်နိုင်တဲ့သူတွေကို အရေးယူမယ်ဆိုလို့ လုပ်နေတဲ့လယ်ကို သူများဆီမှာ တရာသီအပေါင်ထားပြီး ပြန်ဆပ်နေရတယ်၊ ပြန်မဆပ်ရင် အရေးယူမယ်ဆိုပြီး အသိပေးလာတာကြောင့်ပါ၊ ချေးငွေတွေကို ပြန်ဆပ်ဖို့က စပါးတွေအထွက်လျော့ကျခဲ့လို့တာရယ် စိုက်ပျိုးစရိတ်တွေမတတ်နိုင်တော့လို့ မစိုက်ဘဲထားခဲ့ရတာတွေကြောင့် လက်ထဲငွေမရှိဖြစ်ပြီး ပြန်မဆပ်နိုင်တာပါ။ဒီနှစ် အတော်ဒုက္ခရောက်နေပါတယ်ဆို စိုက်ဘဏ်ချေးငွေအပြင်သမချေးငွေကလည်းတွန်း ဖိအားပေးတောင်းနေတယ်”လို့ ဘိုကလေးမြို့နယ် ဒေသခံတောင်သူတဦးကပြောပါတယ်။ တောင်သူတွေအနေနဲ့ မိမိတို့ထုတ်ချေးထားတဲ့စိုက်ဘဏ်ချေးငွေတွေ ပြန်ပေးဆပ်ဖို့ပျက်ကွက်ပါက ဘဏ်ရဲ့တည်ဆဲဥပဒေအရလည်းကောင်း၊မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမှာဖြစ်တယ်လို့ ချေးငွေကျန်တဲ့ တောင်သူတွေဆီကို သတိပေးစာနဲ့ အကြောင်းကြားလာတာကြောင့် ငွေကြေးတတ်နိုင်သူတွေဆီကို လယ်တွေပေါင်းပြီးပြန်ဆပ်နေရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သမဝါယမချေးငွေထုတ်ချေးထားတဲ့ တောင်သူတွေကိုလည်းကျေးရွာတွေအထိ ကွင်းဆင်းတွေ့ဆုံပြီးတော့ ချေးငွေတွေကိုပြန်လည်ပေးဆပ်ခိုင်းနေပြီး ပေးဆပ်ဖို့သတ်မှတ်ရက်ကျော်လွန်သူတွေကို ဒဏ်ကြေးတွေပါ ဆောင်ခိုင်းနေတယ်လို့ သိရပါတယ်။ “သမချေးငွေကလည်း နင်လားငါလား တောင်းနေတယ်၊…

Read More
VOM News

FREE
VIEW