ကာမိုင်းမြို့ကနေ ဖားကန့်မြို့ကို ပြောင်းရွေ့ဖို့ရောက်လာတဲ့ ဒုရဲအုပ်အပါအဝင် ရဲ၇ဦးပျောက်ဆုံးနေ

ဇူလိုင် ၆-၂၀၂၂
KK(VOM)

ကာမိုင်းမြို့နယ်ကနေ ဖားကန့်မြို့နယ်ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ရောက်လာတဲ့ ဒုရဲအုပ်အပါအဝင် ၇ဦးဟာ မနေ့ ဇူလိုင် ၅ရက် နေ့လယ်ပိုင်းက ပျောက်ဆုံးနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဖားကန့်မြို့၊ ကာမိုင်း-နန့်ယား-ဖားကန့်လမ်းပေါ် ခွန်စိုင်ယန်ကျေးရွာနဲ့တံတားညီနောင်ရွာကြားမှာ ရဲတပ်ဖွဲ့ဝင်တွေကို အမည်မသိလက်နက်ကိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အဲ့ဒီသတင်းက မနေ့ကတည်းက ကြားတာ ရဲတွေအဖမ်းခံရတယ်ဆိုပြီး၊ ဟုတ်မဟုတ်တော့ သေချာမသိဘူး တံတားညီနောင်ဘက်မှာ အဖမ်းခံရတယ်လို့ကြားတယ်”လို့ သူကပြောပါတယ်။

ကာမိုင်းမြို့နယ် နယ်မြေရဲစခန်းကနေ ဖားကန့်မြို့ ၊ ဆိပ်မူရဲကင်းစခန်းကို ပြောင်းရွှေ့တာဝန်ချထားခံထားရတဲ့ ဒုရဲအုပ်အောင်ကျော်သူအပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတာဖြစ်တယ်လို့ အမည်မဖော်လိုသူတဦးက ပြောပါတယ်။

“KIA က ဖမ်းသွားတယ်လို့ကြားတယ် သေချာတော့
မသိဘူး၊ အဖမ်းခံရတဲ့သတင်းကတော့မှန်တယ်”လို့ ပြောပါတယ်။

ဖားကန့်မြို့ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ ရောက်
လာတဲ့ ကာမိုင်းမြို့မရဲစခန်းမှ ဒုရဲအုပ်ဦးစီးအပါအဝင် ၇ဦးဟာ မနေ့နေ့လယ်ပိုင်းအထိ ဖားကန့်မြို့ကို ရောက်လာခြင်းမရှိဘဲ အဆက်အသွယ်ပြတ်တောက်နေတာကြောင့် စုံစမ်းနေတယ်လို့ နစကကောင်စီဘက်က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး KIA နဲ့ PDF ပူးပေါင်းအ
ဖွဲ့တွေက မနေ့နေ့လယ်ပိုင်းကဖမ်းဆီးခဲ့တယ်လို့ PDFတွေပြောထားတာကို ပြည်တွင်းသတင်းဌာနအချို့မှာ ဖော်ပြထားတာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁နှစ် နိုဝင်ဘာလအတွင်းကလည်း ဖားကန့်မြို့နယ်မှာ ရဲတပ်ဖွဲဝင်သုံးဦး ဖမ်းဆီးခံခဲ့ရပြီး ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့က ညှိ့နှိုင်းပေးလို့ ပြန်လည်လွတ်မြောက်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW