အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းသုံးခု ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးနေ

ဒေလီ၊ ဇူလိုင်-၆-၂၀၂၂
မျိုးဆက်(VOM)

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုကို ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။

ဒီစခန်းတွေကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး ကပ်ရောဂါအခြေအနေ ထိန်းချုပ်လာနိုင်ပြီဖြစ်တာကြောင့် များမကြာခင်မှာ ပြန်လည်ဖွင့်လှစ်နိုင်ဖွယ်ရှိနေပါတယ်။

အိန္ယဒိ-မြန်မာနယ်စပ်ရှိ အဓိကကုန်သွယ်ရေးစခန်း သုံးခုကတော့ တမူးကုန်သွယ်ရေးစခန်း၊ ရိဒ်ကုန်သွယ်ရေးစခန်းနဲ့ သာနီတာလန်စခန်းတို့ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုတဲ့ တမူးနယ်စပ်ဂိတ်ကို ပြန်ဖွင့်ဖို့ စောင့်မျှော်နေကြပါတယ်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းကနေ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ ဒေါ်လာသန်း ၉၀ နီးပါးရှိပြီး ကုန်သွယ်မှုတစိတ်တပိုင်းပြန်ဖွင့်ခဲ့ပေမယ့်လည်း ကပ်ရောဂါကြောင့် ကုန်သွယ်မှုပမာဏ ထက်၀က်ကျဆင်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှ ကွမ်းသီး၊ ငရုပ်ကောင်း၊ ပဲမျိုးစုံ၊ ကြက်သွန်ဖြူစတဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို အိန္ဒိယဘက်သို့တင်ပို့နေပြီး အိန္ဒိယကပို့ကုန်တွေမှာတော့ မော်တော်ဆိုင်ကယ်နဲ့ အပိုပစ္စည်းတွေ၊ ဝါဂွမ်း၊ ဂျုံ၊ ဓါတ်မြေသြဇာနဲ့ ပလတ်စတစ်ကုန်ကြမ်းတွေပါ၀င်ပါတယ်။

ကုန်သွယ်မှုပြန်လည်ဖွင့်လှစ်နိုင်ခြေရှိတဲ့ အခြားစခန်းတခုကတော့ ရိဒ်ကုန်သွယ်ရေးစခန်းဖြစ်ပြီး ဒီစခန်းဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်နိုင်ခြေမြင့်မားနေပါတယ်။

ဒါပေမယ့်လည်း ဒီအခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ မြန်မာအာဏာပိုင်တွေက ပြောဆိုထားတာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြေရှိနေပါတယ်။

Ref: India Express
Photo: Getty Images
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW