ဆားလင်းကြီးနယ်က စစ်ရှောင်တွေ စားသောက်နေထိုင်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေ

ဇူလိုင် ၇-၂၀၂၂
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းဒေသက ရွာပေါင်း (၂၀) ဝန်းကျင်ရှိ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေထဲမှာ နေအိမ်တွေနဲ့ ပိုင်ဆိုင်သမျှပစ္စည်းတွေ မီးရှို့ခံထားရလို့ အဝတ်တထည်ကိုယ်တခုနဲ့ တိမ်းရှောင်နေရတဲ့မိသားစုတွေလည်း အများအပြားပါဝင်နေပါတယ်။

စစ်ဘေးရှောင်တချို့က တောတွေထဲမှာ မိုးမလုံလေမလုံနဲ့နေထိုင်နေကြရသလို တချို့က နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ ခိုလှုံနေကြတာလည်းဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေထဲမှာ တနေ့လုပ်တနေ့စားလူတန်းစားတွေ များစွာပါဝင်နေပြီး အခုလိုပြေးလွှားတိမ်းရှောင်နေရတဲ့အတွက် အလုပ်အကိုင်မရှိဘဲ စားဝတ်နေရေးတွေကျပ်တည်းလာတယ်လို့ စစ်ဘေးရှောင်တဦးကပြောပါတယ်။

ဒါ့အပြင် အဲ့ဒီဒေသမှာ မိသားစုစားဝတ်နေရေးအတွက် သိုးကျောင်းဆိတ်ကျောင်း အငှားလုပ်ကိုင်နေသူတွေလည်းရှိနေပါတယ်။

သူတို့ဟာ နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိဘဲ မကြာခဏ မိုင်းကွဲတာတွေ၊ ရွာတွေတောတွေထဲ လက်နက်ကြီးကျရောက်တာတွေကြောင့် သိုးကျောင်း၊ဆိတ်ကျောင်းအလုပ်ကိုပင် မလုပ်ရဲတော့ဘူးလို့လည်း သိရပါတယ်။

လက်ရှိ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ဘေးရှောင်ဦးရေ (၂) သောင်းဝန်းကျင်ရှိနေပြီး တောတွေထဲတိမ်းရှောင်နေရသူတွေမှာ ကျန်းမာရေးချို့တဲ့မှုတွေရှိနေပြီး ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လိုအပ်နေပါတယ်။

တချို့ကလေးသူငယ်နဲ့သက်ကြီးရွယ်အိုတွေမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ ဆေးဝါးလိုအပ်မှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေလည်းရှိနေတယ်လို့ပရဟိတဆရာဝန်တဦးကပြောပါတယ်။

ဒါ့ကြောင့် ဒီဒေသကစစ်ဘေးရှောင်တွေအနေနဲ့ နယ်မြေတည်ငြိမ်အေးချမ်းပြီး ပုံမှန်အတိုင်းဘဝကိုရပ်တည်နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရဖို့ လိုလားနေကြပါတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #စစ်ဘေးရှောင် #အခက်အခဲ

YouTube Link – https://youtu.be/Fw35I4_9Ng4

Related posts

Leave a Comment

VOM News

FREE
VIEW