နစကဥက္ကဋ္ဌ ရုရှားနိုင်ငံ မော်စကို ရောက်ရှိနေ

မော်စကို၊ဇူလိုင်-၁၂-၂၀၂၂
မျိုးဆက်(VOM)

နစကကောင်စီဥက္ကဋ္ဌဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတယ်လို့ ရုရှားသတင်းဌာနတွေက ဇူလိုင် ၁၂ ရက်မှာ ဖော်ပြထားပါတယ်။

သူဟာ ရုရှားနိုင်ငံကို အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂလိက အလည်အပတ်ကိစ္စနဲ့ ရောက်ရှိနေတာဖြစ်တယ်လို့ ရုရှားသံရုံးက အင်တာဖက်စ်သတင်းဌာနကို ပြောပါတယ်။

သူဟာ မြန်မာယဉ်ကျေးမှု စင်တာဖွင့်ပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ရုရှား အာကာသနဲ့ နျူကလီးယားအေဂျင်စီ တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိအားဆက်လက်ပေးသွားမယ်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့တွေ့ဆုံစဉ်မှာ ကတိပြုပြောဆိုပြီး နှစ်ရက်အကြာမှာ အခုခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ဖမ်းဆီးခံရသလို လူသန်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Ref: Moscow Times
Photo: Russia Defense Ministry
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW