အမျိုးသားစာပေ တသက်တာဆုရှင် စာရေးဆရာကြီးမောင်သာနိုး ကွယ်လွန်

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) အမျိုးသားစာပေ တစ်သက်တာစာပေဆုရှင် စာရေးဆရာကြီးမောင်သာနိုးဟာ ဒီကနေ့ ညနေ ၆ နာရီခွဲက ရန်ကုန် SSCဆေးရုံမှာ ကွယ်လွန်သွားတယ်လိို့ စာရေးဆရာအသိုင်းအဝိုင်းကနေ သိရပါတယ်။ စာရေးဆရာ ကဗျာဆရာကြီး မောင်သာနိုးကို ၁၉၃၄ ခုနှစ် မတ်လ ၁၆ ရက်က အဖဦးခင်မောင်လေး အမိဒေါ်စံမြင့်တို့က စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ စစ်ကိုင်းအစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပြီး အင်္ဂလိပ်စာ၊ မြန်မာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းတို့နဲ့ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သလို ရန်ကုန်တက္ကသိုလ်မှလည်း မြန်မာစာနဲ့မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါသေးတယ်။ ဆရာမောင်သာနိုးဟာ အထက်တန်းကျောင်းသားဘဝကပင် စာပေများ စတင်ရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ်မှာရှိစဉ် နှစ်လည်မဂ္ဂဇင်း ထုတ်ဝေရာမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ် လုပ်ခဲ့ပါတယ်။ ဒါ့အပြင် မန္တလေး လူထု၊ မန်းဇာတ်သတင်းစာများတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သလို အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ရန်ကုန်ကို ၁၉၆၇…

Read More

ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းအစုံ…

ဆူးငှက် သန်းခေါင်လေ မူးပါလို့ စမ်းရောင်ဖြူး ကြည်လို့လင်း မန်းတောင်ပေါ်ရိုးဆီက ဖိုးခေါင် ကျူးသာလှထင် (မြို့မငြိမ်း) မိုးဦးရာသီတွင် မန္တလေးသည် အလှကြီး လှနေသည်။ မိုးဦးက အထနှေးပေမယ့် ယာဉ်ရထား အသွားအလာ ကန့်သတ်ထားသည့်ကာလမို့ ကာဗွန် မီးခိုးအိတ်ဇောအငွေ့နှင့် ဆူညံအသံ နည်းပါးနေသောကြောင့် မြင်မြင်သမျှ အသစ်ရောင် လွှမ်းနေသည်။ မြို့စွန် မဟုတ်မူဘဲ မြို့နယ်နိမိတ်ထဲ လုံးလုံးရောက်ရှိနေသော မန္တလေးတောင်တော်က စိမ်းနု၊ စိမ်းရင့် ဆံကေသာတို့ဖြင့် သျှောင်ထုံးရန်ပြင်ဆင်နေချေပြီ။ သူ့ဆံကေသာမှာ မွေတော်ဓာတ်တော် ဆံထိုးရွှေရောင်၊ ဆံထိုးငွေရောင်တို့ အနှံ့အပြားထိုးစိုက်ထားချေ၏။ သည်တောင်သည် မန္တလေးကို အရှေ့မြောက်အရပ်မှ အုပ်ဆီးငုံ့ကြည့်နေသလို ရတနာပုံမ် မန္တလေးဟူသော မြို့ပြ၏မိခင်သဖွယ်လည်းဖြစ်ချေ၏။ ဤနေရာတွင် မြို့ပြမခေါ်မီကတည်းက ဤတောင်တော် တည်ရှိခဲ့သည်။ ဤစန္ဒမုခိ ဘီလူးမက ရှင်တောင်မြတ်ဘုရားထံသူ၏ ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းစုံကို ပေးလှူခဲ့သည် မဟုတ်လား..။ ရှင်တော်မြတ်ဘုရားကလည်း ဤနေရာတွင် မြို့ပြကြီးတည်ထောင်နိုင်မည်ဟု…

Read More

နစကဥက္ကဋ္ဌ ရုရှားနိုင်ငံ မော်စကို ရောက်ရှိနေ

မော်စကို၊ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) နစကကောင်စီဥက္ကဋ္ဌဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကို ရောက်ရှိနေတယ်လို့ ရုရှားသတင်းဌာနတွေက ဇူလိုင် ၁၂ ရက်မှာ ဖော်ပြထားပါတယ်။ သူဟာ ရုရှားနိုင်ငံကို အလုပ်သဘောမဟုတ်ဘဲ ပုဂ္ဂလိက အလည်အပတ်ကိစ္စနဲ့ ရောက်ရှိနေတာဖြစ်တယ်လို့ ရုရှားသံရုံးက အင်တာဖက်စ်သတင်းဌာနကို ပြောပါတယ်။ သူဟာ မြန်မာယဉ်ကျေးမှု စင်တာဖွင့်ပွဲကို တက်ရောက်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ရုရှား အာကာသနဲ့ နျူကလီးယားအေဂျင်စီ တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ရုရှားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိအားဆက်လက်ပေးသွားမယ်လို့ အိမ်နီးချင်း ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေနဲ့တွေ့ဆုံစဉ်မှာ ကတိပြုပြောဆိုပြီး နှစ်ရက်အကြာမှာ အခုခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် ပဋိပက္ခတွေကြောင့် လူထောင်ပေါင်းများစွာ ဖမ်းဆီးခံရသလို လူသန်းချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ Ref: Moscow Times Photo: Russia Defense…

Read More

မုံရွာမြို့မှာ ဥပုသ်ကျောင်းပြန်တွေကို လမ်းကနေ လုယက်ဓားပြတိုက်နေတဲ့ လူ ၁၁ ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၁၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ သာစည်လမ်းပေါ်မှာ သွားလာနေတဲ့ သူတွေဆီကနေ သေနတ်အတုနဲ့ အုပ်စုဖွဲ့ပြီး လိုက်လံလုယက်နေသူ ၁၁ ဦးကို ဒီကနေ့ နေ့လယ်၂ နာရီဝန်းကျင်က အရပ်ဝတ်လုံခြုံရေးတွေက ဖမ်းဆီးသွားတယ်လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေဆီက သိရပါတယ်။ ” ဝါဆိုလပြည့်နေ့ဆိုတော့ လက်ဝတ်လက်စားတွေ ဝတ်ဆင်ပြီး ဘုရားသွား ကျောင်းတက်လုပ်တဲ့သူတွေများတယ် ၊အဲ့ဒီလူတွေဆီက ပိုက်ဆံအိတ်၊ ဖုန်း၊ ဆိုင်ကယ်နဲ့ လက်ဝတ်လက်စားတွေကို ဓားပြတိုက်လုယူနေတဲ့ သူတွေ ဖမ်းမိတာ “လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူ ဒေသခံ တယောက်က ပြောပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်ကလည်း” လမ်းပေါ်မှာ သေနတ်အတုနဲ့ အုပ်စုဖွဲ့လုယက်နေတဲ့ အမျိုးသား ၉ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ဖမ်းမိထားတယ် ၊ အခု ညနေပိုင်းက ဖမ်းမိတာပါ…

Read More

သီရိလင်္ကာသမ္မတ ဒူဘိုင်းကိုထွက်ပြေးဖို့ကြိုးစားမှု လေဆိပ် လ.ဝ.ကကြောင့် မအောင်မြင်

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံတွင်းကထွက်ပြေးဖို့ ကြိုးပမ်းရာမှာ လေဆိပ်၀န်ထမ်းတွေက ဖိအားပေးတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ သူ့ကို ရာထူးကနေဆင်းပေးဖို့ လပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သမ္မတဟာ ဇူလိုင် ၁၁ ရက်မှာ ဒူဘိုင်းကို ထွက်ပြေးဖို့ ကြိုးစားလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လေဆိပ်လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေက သူ့ရဲ့ပတ်စ်ပို့ကို တံဆိပ်တုံးထုဖို့အတွက် VIP နေရာကိုလာခွင့်မပြုခဲ့ကြောင်း၊ သမ္မတဟာ လူထုအုံကြွမှုကို ကြောက်တာကြောင့် သာမန်တန်းစီရတဲ့နေရာကိုလည်း ဖြတ်သန်းမှာမဟုတ်ဘူးလို့ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီအတွက်ကြောင့် သမ္မတရာဂျာပက်ဆာဟာ ဒူဘိုင်းကိုသွားမယ့် လေယာဉ်ကို လွဲချော်ခဲ့ပြီး ဇနီးဖြစ်သူနဲ့အတူ အနီးနားရှိ စစ်အခြေစိုက်စခန်းကိုပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။ ဒီအတောအတွင်း သမ္မတရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးရာဂျာပက်ဆာကိုလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်တားမြစ်ထားကြောင်း လူ၀င်ကြီးကြီးကြပ်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရဲထိပ်တန်းတာ၀န်ရှိသူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မပေးရေးအတွက် လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေအပေါ် ဖိအားကျရောက်နေကြောင်း လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းများအသင်းတာ၀န်ရှိသူတွေက ပြောပါတယ်။…

Read More

ဒေါက်တာအေးဇံ ထောင်ဒဏ်၂ နှစ် ထပ်ချခံရ

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို မနေ့ ဇူလိုင် ၁၁ရက်က မော်လမြိင်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ထပ်မံအမိန့်ချမှတ်တယ်လို့ NLDပါတီဝင်တွေဆီက သိရပါတယ်။ “မော်လမြိုင်မြို့နယ်တရားရုံးမှာ မနေ့ မနက်ပိုင်းက ဒေါက်တာအေးဇံကို ပုဒ်မ ၁၃၀ -က နဲ့ ​ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာဖြစ်တယ်၊ သူတို့ကတော့ ချနိူင်သလောက် အမိန့်တွေချနေမှာပဲ၊ အခုချတဲ့ပုဒ်မက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စွဲထားအမှုကို အမိန့်ချတာ”လို့ NLD ပါတီဝင်တဦးက ပြောပါတယ်။ ဝန်ကြီးချုပ်ဟောင်းဒေါက်တာအေးဇံကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်က ကျိုက်မရော ဗဟိုအကျဉ်းထောင်အတွင်း အထူးတရားရုံးမှာ ပုဒ်မ ၅၅ နဲ့စွဲထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့တာလည်းရှိပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း…

Read More

သီရိလင်္ကာသမ္မတသစ်အဖြစ် ရွေးချယ်ခံဖို့ အတိုက်အခံခေါင်းဆောင် စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေဆင်းတာနဲ့ သမ္မတနေရာအတွက် ရွေးချယ်ခံဖို့ ရည်မှန်းထားကြောင်း အဓိကအတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ဇူလိုင် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူ့ရဲ့ အက်စ်ဂျေဘီပါတီဟာ ဒီကိစ္စအတွက် ထောက်ခံမှုရရှိဖို့ မဟာမိတ်တွေနဲ့ ဆွေးနွေးပြီးနောက် ဆာဂျစ်ပရီမာဒါဆာက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံဟာ မကြုံစဖူး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး မတ်လမှစတင်ကာ ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သမ္မတရာဂျာပက်ဆာဟာ ယခုသီတင်းပတ်အတွင်း ရာထူးကနေနှုတ်ထွက်ဖို့ စီစဉ်ထားကြောင်း ကြေညာထားပြီး ဇူလိုင် ၂၀ ရက်မှာ သမ္မတသစ်ကို လွှတ်တော်အမတ်တွေက ရွေးချယ်မှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌက ထုတ်ဖော်ပြောဆိုထားပါတယ်။ လစ်လပ်နေရာတစ်ခုဖြစ်လာပါက မိမိကိုသမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်းအတွက် မိခင်ပါတီနဲ့မဟာမိတ်တွေက သဘောတူထားကြောင်း မစ္စတာပရီမာဒါဆာက ပြောဆိုပါတယ်။ ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မစ္စတာပရီမာဒါဆာအနေနဲ့ သမ္မတရာထူးအတွက် အစိုးရ မဟာမိတ်အမတ်တွေရဲ့ ထောက်ခံမှုရရှိဖို့…

Read More

ရန်ကုန်မှာ ဒီကနေ့ ဗုံး၂ကြိမ်ပေါက်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိ

ဇူလိုင် ၁၂-၂၀၂၂ KK(VOM) ရန်ကုန်က စမ်းချောင်းမြို့နယ်နဲ့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တို့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ပေါက်ကွဲမှုဖြစ်ရာမြို့နယ်တွေဆီက သိရပါတယ်။ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ဂုံးတံတားနဲ့ပန်းခြံအနီးမှာ ဒီကနေ့ညနေ ၃ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “အမျိုးသားနှစ်ဦးကိုတော့ လူနာတင်ယာဥ်နဲ့တင်သွားတယ်ပြောတယ်၊ ကျွန်မတို့မြင်တာ မိန်းကလေးတယောက်သွေးတွေ အရမ်းထွက်နေတယ်”လို့ ပြောပါတယ်။ အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၂ ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းကားလမ်းဘေးရှိ ပန်းခြံအတွင်း ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုဟာ ပန်းခြံအတွင်း မြောက်ဘက်ခြမ်းမှာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဗုံးပေါက်တော့ အကုန်ထပြေးရော လူငယ်နှစ်ယောက်ထိသွားတယ် လူနာတင်ကားနဲ့ တင်သွားတာတွေ့တယ်၊ အခုတော့ စစ်တပ်ရော ရဲတွေရော အများကြီးပဲ”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးဟာ…

Read More

အိန္ဒိယက တရုတ်ကိုကျော်တက်ပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မယ်

ကုလသမဂ္ဂ၊ ဇူလိုင်-၁၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ လာမယ့်နှစ်မှာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်လာမှာဖြစ်ပြီး နိုင်ငံ့လူဦးရေဟာ ၁ ဒသမ ၄ ဘီလီယံကျော်နဲ့ တရုတ်နိုင်ငံကိုကျော်တက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ယခုနှစ် နို၀င်ဘာလမှာ ကမ္ဘာ့လူဦးရေဟာ ရှစ်ဘီလီယံထိ ရှိလာမှာဖြစ်ပေမယ့် လူဦးရေတိုးပွားမှုနှုန်းဟာ ယခင်ကလောက် မြန်ဆန်မှုမရှိကြောင်း ကုလသမဂ္ဂကဆိုပါတယ်။ ဒါဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အနှေးကွေးဆုံးဖြစ်ပြီး ၂၀၈၀ ပြည့်နှစ်တွေမှာတော့ ကမ္ဘာ့လူဦးရေဟာ ၁၀ ဒသမ ၄ ဘီလီယံခန့်ရှိလာမယ်လို့ လူဦးရေဆိုင်ရာ ပညာရှင်တွေက ယုံကြည်နေပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေဟာ မညီမညာတိုးပွားနေပြီး လာမယ့်နှစ် ၃၀ အတွင်းတွေ့ရှိရမယ့် လူဦးရေတိုးပွားမှုရဲ့ ထက်၀က်ကျော်ဟာ ကွန်ဂို၊ အီဂျစ်၊ အီသီယိုးပီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ တန်ဇန်းနီးယားနိုင်ငံတို့့ဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးနိုင်ငံအချို့မှာ…

Read More

ပေါင်မြို့နယ်မှာ ဆွမ်းပို့သွားတဲ့ ကလေးငယ် ၃ ဦး ရေနစ်သေဆုံး

ဇူလိုင် ၊ ၁၂-၂၀၂၂ SP(VOM) မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊ ဖလပ်ကျေးရွာ ၊ အဝေးပြေးကားလမ်းမကြီးဘေးက မြေတူးထားတဲ့ ရေအိုင်ထဲမှာ ဘုန်းကြီးကျောင်း ဆွမ်းပို့သွားတဲ့ ကလေး ၃ ဦး ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းက ဖြစ်ခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တဲ့နေရာက အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် ၁၆၉ / ၁ နားက ကျောက်တူးထားတဲ့ ရေအိုင်ထဲမှာဖြစ်တာပါ ၊ ဒီမနက် ၈ နာရီနဲ့ ၉ နာရီကြားဖြစ်မယ်၊ သေဆုံးသူတွေကတော့ မစိုးပြည့်ပြည့်စံ ၁၁နှစ် ၊ မဖြိုးသီရိ ၉နှစ် နဲ့ မခိုင်ဒါသိန်း ၁၂ နှစ် တို့ဖြစ်ပါတယ် “လို့ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးသူ ၃ ယောက်စလုံးဟာ ဖလပ်ကျေးရွာမှာ နေထိုင်ကြသူတွေဖြစ်ပြီး ဒီမနက်ပိုင်းက…

Read More
VOM News

FREE
VIEW