သီရိလင်္ကာသမ္မတ ဒူဘိုင်းကိုထွက်ပြေးဖို့ကြိုးစားမှု လေဆိပ် လ.ဝ.ကကြောင့် မအောင်မြင်

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာဟာ နိုင်ငံတွင်းကထွက်ပြေးဖို့ ကြိုးပမ်းရာမှာ လေဆိပ်၀န်ထမ်းတွေက ဖိအားပေးတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

သူ့ကို ရာထူးကနေဆင်းပေးဖို့ လပေါင်းများစွာဆန္ဒပြမှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ သမ္မတဟာ ဇူလိုင် ၁၁ ရက်မှာ ဒူဘိုင်းကို ထွက်ပြေးဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လေဆိပ်လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းတွေက သူ့ရဲ့ပတ်စ်ပို့ကို တံဆိပ်တုံးထုဖို့အတွက် VIP နေရာကိုလာခွင့်မပြုခဲ့ကြောင်း၊ သမ္မတဟာ လူထုအုံကြွမှုကို ကြောက်တာကြောင့် သာမန်တန်းစီရတဲ့နေရာကိုလည်း ဖြတ်သန်းမှာမဟုတ်ဘူးလို့ လူ၀င်မှုကြီးကြပ်ရေး တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီအတွက်ကြောင့် သမ္မတရာဂျာပက်ဆာဟာ ဒူဘိုင်းကိုသွားမယ့် လေယာဉ်ကို လွဲချော်ခဲ့ပြီး ဇနီးဖြစ်သူနဲ့အတူ အနီးနားရှိ စစ်အခြေစိုက်စခန်းကိုပြန်သွားခဲ့ရတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း သမ္မတရဲ့ညီဖြစ်သူ ဘဏ္ဍာရေး၀န်ကြီးဟောင်း ဘာဆေးရာဂျာပက်ဆာကိုလည်း ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်တားမြစ်ထားကြောင်း လူ၀င်ကြီးကြီးကြပ်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ နိုင်ငံရဲထိပ်တန်းတာ၀န်ရှိသူတွေကို ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မပေးရေးအတွက် လူ၀င်မှုကြီးကြပ်ရေးတာ၀န်ရှိသူတွေအပေါ် ဖိအားကျရောက်နေကြောင်း လူ၀င်မှုကြီးကြပ်ရေး၀န်ထမ်းများအသင်းတာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: Guardian/Reuters
Photo: AP
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW