သီရိလင်္ကာသမ္မတသစ်အဖြစ် ရွေးချယ်ခံဖို့ အတိုက်အခံခေါင်းဆောင် စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၁၂-၂၀၂၂
မျိုးဆက်(VOM)

သီရိလင်္ကာသမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ ရာထူးကနေဆင်းတာနဲ့ သမ္မတနေရာအတွက် ရွေးချယ်ခံဖို့ ရည်မှန်းထားကြောင်း အဓိကအတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာက ဇူလိုင် ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ အက်စ်ဂျေဘီပါတီဟာ ဒီကိစ္စအတွက် ထောက်ခံမှုရရှိဖို့ မဟာမိတ်တွေနဲ့ ဆွေးနွေးပြီးနောက် ဆာဂျစ်ပရီမာဒါဆာက အခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံဟာ မကြုံစဖူး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး မတ်လမှစတင်ကာ ပြည်သူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သမ္မတရာဂျာပက်ဆာဟာ ယခုသီတင်းပတ်အတွင်း ရာထူးကနေနှုတ်ထွက်ဖို့ စီစဉ်ထားကြောင်း ကြေညာထားပြီး ဇူလိုင် ၂၀ ရက်မှာ သမ္မတသစ်ကို လွှတ်တော်အမတ်တွေက ရွေးချယ်မှာဖြစ်တယ်လို့ လွှတ်တော်ဥက္ကဌက ထုတ်ဖော်ပြောဆိုထားပါတယ်။

လစ်လပ်နေရာတစ်ခုဖြစ်လာပါက မိမိကိုသမ္မတရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်းအတွက် မိခင်ပါတီနဲ့မဟာမိတ်တွေက သဘောတူထားကြောင်း မစ္စတာပရီမာဒါဆာက ပြောဆိုပါတယ်။

၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ မစ္စတာပရီမာဒါဆာအနေနဲ့ သမ္မတရာထူးအတွက် အစိုးရ မဟာမိတ်အမတ်တွေရဲ့ ထောက်ခံမှုရရှိဖို့ လိုအပ်နေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW