ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား

ဇူလိုင် ၁၈-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား​တယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။

အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကျောက်တော်မြို့နယ်က ဘုရားဖူးပြီးအပြန် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်​တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ကောင်စီဝင်တစ်ဦးက ” မြို့နယ်အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရတာ ဟုတ်တယ်လို့ကြားတယ်။ ဘာကြောင့်၊ ဘယ်လို ဖမ်းဆီးခံရတယ်ဆိုတာတော့ အသေးစိပ်မသိဘူး” လို့ ပြောပါတယ်။

အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူး ဖမ်းဆီခံရစဥ် အုပ်ချုပ်ရေးမှူးရဲ့ ကားဒရိုင်ဘာကိုလည်း ဖမ်းဆီးသွားကြောင်းနဲ့ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြောင်း မြို့နယ်ကောင်စီနဲ့ နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။

” ကျနော်တို့ကြားတာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကားခရိုင်ဘာ နှစ်ယောက်လို့ကြားတယ်။ ကားလည်းဘယ်မှာရှိတယ်ဆိုတာမသ်ိဘူး။ အပြင်မှာတော့ အမျိုးမျိုးပြောနေကြတယ်၊အေအေကဖမ်းသွားတယ်လို့ ပြောလို့ရလားဆိုတော့ ဟုတ်ပါတယ်။ သတင်းတွေမှာလည်း အေအေကဖမ်းသွားတယ်လို့ တက်ပါတယ်။”လို့ မြို့နယ်ကောင်စီနဲ့နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးဟာ အရင်က ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ပြောင်းရွေ့လာတာ လခွဲလောက်ပဲ ရှိကြောင်းနဲ့ သတင်းဆိုးတွေလည်းရှိ​တယ်လို့ ဒေသခံတွေပြောပြချက်အရ ​သိရပါတယ်။

” ကျနော့်တို့ကြားတာကတော့ သူက ဘူးသီးတောင်မှာလည်း နာမည်ဆိုးနဲ့ ပြောင်းလာတာလို့ပြောတယ်။ ငွေအရမ်းတောင်းတယ်လို့ ကြားတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံလိုက်ရတာနဲ့ပတ်သက်ပြီး မိသားစုနဲ့လည်းအဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကဖမ်းဆီးသွားတယ်ဆိုတာ တရားဝင်ထုတ်ပြန်တာမျိုးတွေလည်း မတွေ့ရသေးပါဘူး။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #မြို့နယ်အုပ်ချုပ်ရေးမှူး #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW