တကျော့ပြန်ကူးစက်လာနေတဲ့ ကိုဗစ်မျိုးကွဲ BA4 နဲ့ BA5 ကို သတိပြုပါ

သွေး (စစ်ကိုင်း) ကိုဗစ်-19 တကျော့ပြန် ကူးစက်မှုတွေ မြင့်မားလာတာကြောင့် ကမ္ဘာပေါ်မှာ ကိုဗစ်ကပ်ရောဂါ ဆုံးခန်းတိုင်ဖို့ အချိန်အတန်ကြာ လိုနေဦးမယ်ဆိုတာ သက်သေပြနေပါတယ်။ အသစ်အသစ်သော မျိုးကွဲတွေ ထွက်ပေါ်လာနေတာကလည်း ကမ္ဘာ့လူသားတို့ရဲ့ ကျန်းမာရေးကို ဆက်လက်ခြိမ်းခြောက်နေဆဲပါ။ ရောဂါ ကူးစက်ခံရပြီးမှ ကုသတာထက် မကူးစက်အောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံး ဖြစ်သလို ကိုဗစ်နဲ့ ပတ်သက်လာရင် အမြဲမပြတ် သတိရှိရှိ ကာကွယ်နေထိုင်သွားရမှာ ဖြစ်ပါတယ်။ NBC News မှာ ရေးသားထားချက်အရ- ကိုဗစ်မျိုးကွဲထဲက အိုမီခရွန်မျိုးကွဲတစ်ခု ဖြစ်တဲ့ BA5 ကူးစက်မှုတွေကို အမေရိကန်နိုင်ငံမှာ တွေ့လာရတယ်လို့ ပြောပါတယ်။ ဇူလိုင် ပထမပတ်အတွင်း ကူးစက်မှုတွေရဲ့ ၅၄ ရာခိုင်နှုန်းဟာ BA5 ဖြစ်တယ်လို့ အမေရိကန်ပြည်ထေင်စု ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကူးစက်မှုတွေရဲ့ ၁၇ ရာခိုင်နှုန်းက BA4 မျိုးကွဲ…

Read More

ကျောင်းကုန်းမှာ ဘဏ်အတွင်းကို လူ ၇ ဦးထက်ပိုပြီးဝင်ခွင့်မပေးဖို့နဲ့ငွေလာထုတ်သူတွေ CCTV ရှေ့မှာ မျက်နှာပြရမယ်

ဇူလိုင် ၁၈-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်ရှိ ပုဂ္ဂလိက ဘဏ်တွေမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကိုင် ပေးတဲ့အခါ ငွေလာထုတ်သူ ၇ ယောက်ထက်ပိုပြီးတော့ ဘဏ်အတွင်းကိုဝင်ရောက်ခွင့်မပေးဖို့နဲ့ ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV ရှေ့မှာ မတ်တပ်ရပ်၊မျက်နှာပြပြီးမှ ဝင်ရောက်ခွင့်ပြုဖို့ ညွှန်ကြားထားတယ်လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေကို မလိုက်နာရင် အရေးယူသွားမှာဖြစ်ပြီး ဒီလ ဒုတိယအပတ်ကနေ စတင်ညွှန်ကြားထားတာဖြစ်တယ်လို့ သိရပါတယ်။ ”ဘဏ်ငွေလာထုတ်တဲ့ ဘယ်သူမဆို လူ ၇ ယောက်ထက် ပိုဝင်ခွင့်မပြုဖို့၊ လူ ၇ ယောက် တသုတ်ချင်းစီထုတ်ပေးဖို့၊ ဘဏ်လာတဲ့ဘယ်သူမဆို ဘဏ်မှာတပ်ဆင်ထားတဲ့ CCTV တွေရဲ့အရှေ့မှာ မျက်နှာပြဖို့ ညွှန်ကြားလာတာပါ၊ အဲ့ဒီစည်းကမ်းတွေ မလိုက်နာရင်အရေးယူခံရမှာပါ”လို့ ဘဏ်လုံခြုံရေးဝန်ထမ်းတဦးကပြောပါတယ်။ အဲ့ဒီညွှန်ကြားချက်ကို ကျောင်းကုန်းမြို့နယ်က ကမ္ဘာ့ရတနာဘဏ်၊ဧရာဝတီဘဏ်၊ MOBဘဏ်စတဲ့ ဘဏ်တွေကိုစတင်ညွှန်ကြားထားပြီဖြစ်တယ်လို့ သိရပါတယ်။ ”လူဆိုးတွေကြောင့် လူကောင်းတွေနေရာပျောက်ရတယ်ဆိုတဲ့အချိန်ရောက်နေပါပြီ၊ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတဲ့သူတွေက ဘဏ်ပိုက်ဆံသွားထုတ်ရင် အကန့်အသတ်တွေနဲ့ကြုံရတော့မယ်၊ဘဏ်ငွေထုတ်တဲ့ကိစ္စ အဆင်ပြေခါစရှိသေး ထပ်ကန့်သတ်ခံရတော့ မလိုအပ်တဲ့အချိန်တွေကုန်ရတယ်။”လို့…

Read More

ဘီးလင်းမှာ ကားမှောက်ပြီး ၄ယောက်သေ ၇ယောက်ဒဏ်ရာရ

ဇူလိူင် ၁၈ VOM (GG) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဒီကနေ့ ဇူလိူင် ၁၈ ရက် မနက်အစောပိုင်းက ကားတစီးတိမ်းမှောက်ပြီး လူ ၄ ယောက်သေကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ဘီးလင်းကနေ ကျိုက်ထိုကို မောင်းလာတဲ့ကားသပြေနီကျေးရွာနားမှာ မှောက်တာ။ ဆူဇူကီးကားပဲ ။ကားပေါ်မှာက ၁၁ ယောက်ပါတာကို ၄ယောက်သေတယ်၊၇ယောက်ဒဏ်ရာရတယ်။ ကားကအရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာလို့တော့ လောလောဆယ် သိရတယ် ” လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ သေဆုံးသူ ၄ ယောက်ထဲက၂ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးတာဖြစ်ပြီး ကျန် ၂ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးတာဖြစ်ကြောင်း ၊သေဆုံးသူတွေကတော့ ဒေါ်အေးအေးမြင့်၊ ဒေါ်ငွေလှိုင်၊ ဒေါ်ခင်ကြည်၊ ဦးမောင်သန်းရွှေတို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကတော့ ယာဥ်မောင်း ဦးမောင်နိုင်နဲ့ ဒေါ်ခင်သန်း၊ ဒေါ်မြင့်ကြည်၊ ဒေါ်မြစန်းရီ၊ ဒေါ်သန်းတင်၊ ဒေါ်တင်မော်၊ ဦးမောင်ကြိတ်…

Read More

အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေကြောင့် ကာကွယ်ဆေးတွေ ထပ်မံမှာယူနေရ

၀ါရှင်တန်၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း မျောက်ကျောက်ရေးဂါကူးစက်မှု မြင့်တက်လာဖွယ်ရှိတာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန(စီဒီစီ)က ကာကွယ်ဆေး ၂ ဒသမ ၅ သန်းထပ်မံမှာယူထားရပါတယ်။ လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၄၀၀ ကျော်ရှိကြောင်း စီဒီစီ ညွှန်ကြားရေးမှူး ရော့ချယ်၀ယ်လန်စကီးက အတည်ပြုပြောဆိုထားပါတယ်။ အမေရိကန်အစိုးရဟာ မျောက်ကျောက်ရောဂါကာကွယ်ဆေး ခုနှစ်သန်းထိ မှာယူထားပြီး ၂၀၂၃ ခုနှစ်နှစ်လယ်ထိ ကာကွယ်ဆေး ငါးသန်းရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံ ၆၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှု လက်ရှိချိန်ထိ ၁၂၃၃၃ ဦးရှိနေပြီး စပိန်မှာ၂၈၃၅ ဦး၊ ဗြိတိန်မှာ ၁၈၅၆ ဦး၊ ဂျာမနီမှာ ၁၈၅၉ ဦးထိရှိနေပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ တိုင်ပေ နဲ့ အိန္ဒိယတို့မှာလည်း ကူးစက်မှုတွေရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေဟုတ်မဟုတ် ဆွေးနွေးဖို့…

Read More

နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ကို ထုတ်ပယ်

ကိယက်ဗ်၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံတော်သစ္စာဖောက်မှုတွေများစွာရှိတယ်ဆိုပြီး ယူကရိန်းလုံခြုံရေးအေဂျင်စီအကြီးအကဲနဲ့ ရှေ့နေချုပ်ဖြစ်သူတို့ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အဲဒီအဖွဲ့အစည်းနှစ်ခုက ၀န်ထမ်းဟောင်း ၆၀ ကျော်ဟာ လက်ရှိရုရှားသိမ်းပိုက်ထားတဲ့ ဒေသတွေမှာ ယူကရိန်းကို ဆန့်ကျင်တဲ့လုပ်ရပ်တွေ လုပ်ဆောင်ခဲ့တယ်လို့ သမ္မတက ပြောပါတယ်။ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းမှု၊ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပတ်သက်ပြီး အမှုပေါင်း ၆၅၁ မှုဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ရာထူးကနေ ထုတ်ပယ်ခံရတဲ့ လုံခြုံရေးအေဂျင်စီအကြီးအကဲ Ivan Bakanov နဲ့ ရှေ့နေချုပ် Iryna Venediktova ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ဒီလိုထုတ်ပယ်မှုဟာ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အကြီးဆုံးသော နိုင်ငံရေးရာထူး ထုတ်ပယ်မှုလည်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ယူကရိန်းဟာ သူ့ရဲ့လုံခြုံရေးဆိုင်ရာဌာနတွေကို ရုရှားကနေ၀င်ရောက်စွက်ဖက်မှုရှိနေတယ်လို့ ယူဆထားပြီး ကြိမ်ဖန်များစွာ လုံခြုံရေးကျိုးပေါက်မှုပြသနာတွေရဲ့ အကျိုးသက်ရောက်မှုတွေကို ဖော်ထုတ်ဖို့ ယခင်ကတည်းက ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ Ref:…

Read More

လင်းနို့မှတဆင့် ကူးစက်တဲ့ မားဘတ်ဗိုင်းရပ်စ်ကြောင့် ဂါနာမှာ လူနှစ်ဦးသေဆုံး၊ ၁၀၀ နီးပါး ကွာရန်တင်း၀င်နေရ

အက်ခရာ၊ ဇူလိုင်-၁၈-၂၀၂၂ မျိုးဆက်(VOM) ဂါနာနိုင်ငံမှာ အီဘိုလာရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်အုပ်စု၀င် ကူးစက်မြန် မားဘတ်ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦးသေဆုံးသွားသည်။ အဲဒီလူနာနှစ်ဦးဟာ ဂါနာနိုင်ငံတောင်ပိုင်း အက်ရှန်တီဒေသရှိဆေးရုံမှာ မကြာသေးမီက သေဆုံးသွားခြင်းဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၇ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ သေဆုံးသူတွေမှာ မားဘာ့ဗိုင်းရပ်စ်ကူးစက်နေကြောင်း ယခုလအစောပိုင်းမှာ အတည်ပြုခဲ့ပြီး နမူနာတွေကို ဆီနီဂေါရှိ ဓါတ်ခွဲခန်းမှာ စစ်ဆေးလျှက်ရှိကာ လူ ၁၀၀ နီးပါးကို ကွာရန်တင်းထားပြီး စောင့်ကြည့်နေကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ မားဘတ်ဗိုင်းရပ်စ်အတွက် ကုသဖို့ ဆေးဝါးမရှိသေးပါဘူး။ ဒါပေမယ့် ရေများများသောက်ပြီး ရောဂါလက္ခဏာတွေကို ကုသခြင်းက လူနာရဲ့အသက်ရှင်နိုင်ခြေကို တိုးတက်စေတယ်လို့ ဆရာ၀န်တွေက အကြံပြုထားပါတယ်။ အဲဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေကတဆင့် လူတွေကို ကူးစက်ခြင်းဖြစ်ပြီး လူ့ခန္ဓာကိုယ်အရည်တွေမှတဆင့် လူလူချင်း ကူးစက်စေတတ်ပါတယ်။ မားဘတ်ဗိုင်းရပ်စ်ကူးစက်မှုဟာ ဂီနီမှာ ယမန်နှစ်က ကူးစက်မှုဖြစ်ပွားခဲ့ဖူးပြီး ဂါနာဟာ အဲဒီဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားတဲ့ ဒုတိယမြောက် အနောက်အာဖရိက…

Read More

လှိုင်မြို့နယ်နဲ့ တွံတေးမြို့နယ်မှာ ပစ်ခတ်မှုဖြစ်၊ ဗိုလ်ကြီးတဦး အပါအဝင် (၃)ဦးသေဆုံး

ဇူလိုင် ၁၈-၂၀၂၂ KK(VOM) ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်နဲ့တွံတေးမြို့နယ်တို့မှာ ဒီကနေ့မနက်ပိုင်း ပစ်ခတ်အချို့ဖြစ်ခဲ့ရာ ဗိုလ်ကြီးတဦးအပါအဝင် လူ (၃)ဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ လှိုင်မြို့နယ်၊ အမှတ်၂ ရပ်ကွက်၊ ဘုရင့်နောင် ၉ လမ်းမှာ ဒီကနေ့ မနက်ကိုးနာရီကျော်က အိမ်စီးကားတစီးပေါ်က အမျိုးသားနဲ့အမျိုးသမီးတဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “အဲ့ဒီ လင်မယားက ၄လမ်းမှာနေတာ၊ ဘုရင့်နောင် စျေးသွားရင်း အပစ်ခံရတာ”လို့ သူကပြောပါတယ်။ သေဆုံးသူနှစ်ဦးဟာ ဗိုလ်ကြီးအောင်နိူင်ဖြိုးနဲ့မဂျူးဂျူးအောင် ဆိုသူတို့ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာတချက်နဲ့သေဆုံးခဲ့တာဖြစ််တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ဗိုလ်ကြီးဆိုတာတော့ မှန်ပါတယ်၊ ဘယ်ကတပ်ကလဲဆိုတာ အတည်ပြုဖို့ပဲ ကြိုးစားနေတာ အခု ကုတင် ၁၀၀၀ကို ပို့ထားတယ်”လို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်၊ ကမ်းနားကူးတို့ဆိပ်မှာ သတင်းပေးဒလန်လို့သတ်မှတ်ခံထားရတဲ့ ဦးဇော်ထွန်းဆိုသူကို အမည်မသိသူတွေက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။…

Read More

ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား

ဇူလိုင် ၁၈-၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှရွှေကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား​တယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေသိရပါတယ်။ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးဟာ ကျောက်တော်မြို့နယ်က ဘုရားဖူးပြီးအပြန် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်​တယ်လို့ သိရပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ကောင်စီဝင်တစ်ဦးက ” မြို့နယ်အုပ်ချုပ်ရေးမှူးဖမ်းဆီးခံရတာ ဟုတ်တယ်လို့ကြားတယ်။ ဘာကြောင့်၊ ဘယ်လို ဖမ်းဆီးခံရတယ်ဆိုတာတော့ အသေးစိပ်မသိဘူး” လို့ ပြောပါတယ်။ အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူး ဖမ်းဆီခံရစဥ် အုပ်ချုပ်ရေးမှူးရဲ့ ကားဒရိုင်ဘာကိုလည်း ဖမ်းဆီးသွားကြောင်းနဲ့ သတင်းတွေကတော့ အမျိုးမျိုးထွက်နေကြောင်း မြို့နယ်ကောင်စီနဲ့ နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။ ” ကျနော်တို့ကြားတာကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကားခရိုင်ဘာ နှစ်ယောက်လို့ကြားတယ်။ ကားလည်းဘယ်မှာရှိတယ်ဆိုတာမသ်ိဘူး။ အပြင်မှာတော့ အမျိုးမျိုးပြောနေကြတယ်၊အေအေကဖမ်းသွားတယ်လို့ ပြောလို့ရလားဆိုတော့ ဟုတ်ပါတယ်။ သတင်းတွေမှာလည်း အေအေကဖမ်းသွားတယ်လို့ တက်ပါတယ်။”လို့ မြို့နယ်ကောင်စီနဲ့နီးစပ်တဲ့ မြို့ ရပ်မိရပ်ဖ တဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ်ထဲမှာ မြန်မာနိုင်ငံသား ၁ ဦးဆီက ဘိန်းဖြူတွေဖမ်းမိ

ဇူလိုင် ၊ ၁၈ ၊ ၂၀၂၂ SP(VOM) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ နယ်စပ်ကားလမ်းဖြစ်တဲ့ ဇိုခေါ်သာရ်ရွာနဲ့ မီလ်ဘုတ်ရွာကြားမှာ အခုလ ၁၅ ရက်က မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁ ဦးကို မီဇိုရမ်းပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဒေသဆိုင်ရာ သတင်းမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။ အဲ့ဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၁ ဦး အဖမ်းခံရတာနဲ့ ပတ်သက်ပြီး မီဇိုရမ်းကိုရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရဲဝန်ထမ်းဟောင်းတဦးက ” မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းလိုက်ရတဲ့သူက စစ်ကိုင်းတိုင်း ကလေးမြို့နယ် ၊ လက်ပံချောင်းကျေးရွာမှာနေတဲ့ လျယ်ဇွီမောရာ ( Lalzuimawia) အသက် ၂၅ အရွယ် ဖြစ်တယ် ၊ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးက ဘိန်းဖြူအမျိုးအစား ၃၈ ဂရမ် ၊ အိန္ဒိယ ရူပီငွေ…

Read More
VOM News

FREE
VIEW