အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်မှုတွေကြောင့် ကာကွယ်ဆေးတွေ ထပ်မံမှာယူနေရ

၀ါရှင်တန်၊ ဇူလိုင်-၁၈-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ လာမယ့် ရက်သတ္တပတ်တွေအတွင်း မျောက်ကျောက်ရေးဂါကူးစက်မှု မြင့်တက်လာဖွယ်ရှိတာကြောင့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန(စီဒီစီ)က ကာကွယ်ဆေး ၂ ဒသမ ၅ သန်းထပ်မံမှာယူထားရပါတယ်။

လက်ရှိချိန်ထိ အမေရိကန်မှာ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၁၄၀၀ ကျော်ရှိကြောင်း စီဒီစီ ညွှန်ကြားရေးမှူး ရော့ချယ်၀ယ်လန်စကီးက အတည်ပြုပြောဆိုထားပါတယ်။

အမေရိကန်အစိုးရဟာ မျောက်ကျောက်ရောဂါကာကွယ်ဆေး ခုနှစ်သန်းထိ မှာယူထားပြီး ၂၀၂၃ ခုနှစ်နှစ်လယ်ထိ ကာကွယ်ဆေး ငါးသန်းရရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ကမ္ဘာ့နိုင်ငံ ၆၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှု လက်ရှိချိန်ထိ ၁၂၃၃၃ ဦးရှိနေပြီး စပိန်မှာ၂၈၃၅ ဦး၊ ဗြိတိန်မှာ ၁၈၅၆ ဦး၊ ဂျာမနီမှာ ၁၈၅၉ ဦးထိရှိနေပြီး တောင်ကိုရီးယား၊ စင်ကာပူ၊ တိုင်ပေ နဲ့ အိန္ဒိယတို့မှာလည်း ကူးစက်မှုတွေရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ လက်ရှိဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါဟာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေဟုတ်မဟုတ် ဆွေးနွေးဖို့ ဇူလိုင် ၂၁ ရက်မှာ အရေးပေါ်ကော်မတီအစည်းအဝေး ထပ်မံကျင်းပသွားဖို့ရှိနေပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW