ဘီးလင်းမှာ ကားမှောက်ပြီး ၄ယောက်သေ ၇ယောက်ဒဏ်ရာရ

ဇူလိူင် ၁၈
VOM (GG)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ဒီကနေ့ ဇူလိူင် ၁၈ ရက် မနက်အစောပိုင်းက ကားတစီးတိမ်းမှောက်ပြီး လူ ၄ ယောက်သေကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

” ဘီးလင်းကနေ ကျိုက်ထိုကို မောင်းလာတဲ့ကားသပြေနီကျေးရွာနားမှာ မှောက်တာ။ ဆူဇူကီးကားပဲ ။ကားပေါ်မှာက ၁၁ ယောက်ပါတာကို ၄ယောက်သေတယ်၊၇ယောက်ဒဏ်ရာရတယ်။ ကားကအရှိန်မထိန်းနိုင်ဘဲဖြစ်သွားတာလို့တော့ လောလောဆယ် သိရတယ် ” လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

သေဆုံးသူ ၄ ယောက်ထဲက၂ယောက်ဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးတာဖြစ်ပြီး ကျန် ၂ယောက်ကတော့ ဆေးရုံရောက်မှ သေဆုံးတာဖြစ်ကြောင်း ၊သေဆုံးသူတွေကတော့ ဒေါ်အေးအေးမြင့်၊ ဒေါ်ငွေလှိုင်၊ ဒေါ်ခင်ကြည်၊ ဦးမောင်သန်းရွှေတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေကတော့ ယာဥ်မောင်း ဦးမောင်နိုင်နဲ့ ဒေါ်ခင်သန်း၊ ဒေါ်မြင့်ကြည်၊ ဒေါ်မြစန်းရီ၊ ဒေါ်သန်းတင်၊ ဒေါ်တင်မော်၊ ဦးမောင်ကြိတ် ဆိုသူတို့ဖြစ်ပြီး ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုကိုပို့ဆောင်ပေးထားတယ်လို့သိရပါတယ်။

သေဆုံးသူ နဲ့ဒဏ်ရာရသူတွေအားလုံးဟာ အလူးကျေးရွာဒေသခံတွေဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဘီးလင်း #ကားမှောက် #၄ယောက်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW