ဆားလင်းကြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရ

ဇူလိုင် ၊ ၂၂-၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ စည်ပင်စျေးအနီးက လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်ဖက်ရည်ထိုင်သောက်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၇ နာရီခွဲ ဝန်းကျင်က စျေးအနောက်ဘက်က လက်ဖက်ရည်ဆိုင်မှာ ရဲ ၄ ယောက် လက်ဖက်ရည်ထိုင်သောက်နေတယ် ၊ အဲ့ဒီအချိန်မှာ ကား ၁ စီးနဲ့ လူ ၇ ယောက်လောက်က လာပြီး သေနတ်နဲ့ပစ်တယ် ၊ နောက်ပြီး ကားက မောင်းထွက်ပြေးသွားတာ “လို့ မြင်တွေ့ခဲ့ရတဲ့ ဆားလင်းကြီးမြို့ခံတယောက်က ပြောပါတယ်။

အဲ့ဒီ ရဲ ၄ ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ ဆားလင်းကြီး ရဲအသိုင်းအဝိုင်းက ” ဆားလင်းကြီးမှာ တာဝန်ကျတဲ့ နယ်ရဲ အသစ် ၂ ယောက်နဲ့ ရဲတပ်ရင်းက ရဲ ၂ ယောက် မနက်က စျေးဝယ်သွားရင် အပစ်ခံရတာ ၊ သူတို့က ရောက်တာ မကြာသေးဘူး “လို့ ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ဆားလင်းကြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက မြို့နယ်ရဲတပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲမှူးအပါအဝင် ရဲ ၃ ယောက်ဟာ လူသတ်မှုဖြစ်ပွားတာကို စစ်ဆေးပြီး ပြန်လာချိန် ညောင်ပင်ကြီး -ဆားလင်းကြီးကားလမ်းမှာ မိုင်းထိမှန် သေဆုံးခဲ့တာလည်း ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ဆားလင်းကြီး #ရဲလေးဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW