မူဆယ်မှာ ခိုးခံရတဲ့ ကားနောက်ကို လိုက်သွားတဲ့ ကားပိုင်ရှင် သေနတ်နဲ့ပစ်ခံရလို့ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၂၂-၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မြို့ပတ်လမ်း ၊ အော်တိုဘရားသား ကားဝပ်ရှော့နားမှာ မနေ့ ဇူလိုင် ၂၁ ရက် ည ၈ နာရီဝန်းကျင်က ကား ၁ စီး သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ကားပေါ်ပါ လူ ၁ ဦးသေဆုံးခဲ့ပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ကျည်ဆံထိမှန် သေဆုံးသွားတဲ့သူက ကချင်တိုင်းရင်းသားလေးဖြစ်တယ် ၊ သူ့ သူငယ်ချင်း ကားခိုးခံရလို့ ၊ အခိုးခံရတဲ့ကားနောက်ကို လိုက်ရင်း အခုလို ပစ်သတ်ခံရတာ “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ မူဆယ်ခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ညက ပစ်ခတ်သံကြားရလို့ လှည့်ကင်းအဖွဲ့ ပတ်ရှာတဲ့အခါ လုယက်ဓားပြတွေ…

Read More

ဂတ်စ်မရလို့ YBSယာဥ်တွေ လိုင်းမဆွဲနိုင်တာကြောင့် ခရီးသည်တွေ အခက်အခဲနဲ့ရင်ဆိုင်နေရ

ဇူလိုင်၂၃-၂၀၂၂ KK(VOM) ရန်ကုန်မှာ CNG ဂတ်စ်မရလို့ YBS ယာဥ်လိုင်းမဆွဲနိူင်တာကြောင့် ခရီးသည်အချို့ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ YBS ယာဥ်အချို့မထွက်တာကြောင့် မနေ့ ဇူလိုင် ၂၂ရက် ညနေပိုင်းမှာ အလုပ်သမားတွေ၊ ရုံးဝန်ထမ်းတွေနဲ့ စျေးသည်တွေဟာ နေအိမ်ပြန်ဖို့ အခက်အခဲနဲ့ကြုံခဲ့ရတယ်လို့ မြောက်ဥက္ကလာမှာနေသူတဦးက ပြောပါတယ်။ “ကျွန်တော်တို့က ပန်းရံလုပ်တာ မြို့ထဲကပြန်ရင် YBS စီးရင် သုံးရာ ဆိုင်ကယ်ကယ်စီးရင် ၇ ရာ ပေါင်း ၁၀၀၀၊ ရတာမှ တစ်သောင်း၊ မဖြစ်မနေ ကားငှားပြန်ရမယ် ဒါတောင် စုပြီးငှားတာနော် စုပြီး Taxi ငါးထောင်ကျမယ်၊ ပိုတဲ့ငါးထောင်နဲ့ဘယ်လို စားမလဲ နေ့တိုင်းဖြစ်နေရင် ဒုက္ခရောက်ပြီ”လို့ သူကပြောပါတယ်။ ကျပန်းအလုပ်သမားတွေနဲ့ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေက အငှားယာဥ်နဲ့အိမ်ပြန်ဖို့ မတက်နိူင်တာ ကြောင့် YBSယာဥ်တွေကို ညအထိစောင့်နေပေမယ့် မတက်နိုင်တဲ့အဆုံး Taxiကားငှားပြန်ခဲ့ရလို့ စိတ်မကောင်းဖြစ်ရတယ်လို့…

Read More

လွမ်းလေစေရ စေရ ဟိုမြိုင်လယ်မှာ သည်မြိုင်လယ်မှာ

ဆူးငှက် “ဇော်လာပါတယ် ဖေတို့မောင်တို့ ဂျီလာပါတယ် ဖေတို့မောင်တို့ ၊ တောင်ဝှေးထောက်လို့ တောင်မြောက်မျှော်၊ဇော်ဂျီပါရင် ကျုပ်တို့ပါပဲ။ ဆေးတောင်ဝှေးတဲ့ ဆေးလေ မြစိမ်းတောင်ခြေထိုးတဲ့ အဂ္ဂိ၊ ရွှေမရှားပါလို့ ပြဒါးသေ…မြစိမ်းတောင်ခြေ ထိုးတဲ့ အဂ္ဂိ…” လမ်းပေါ်တွင် ဇော်တိုင်သံက လွင့်ပျံနေ၏။ ရုပ်သေးပွဲ၏ ဇော်တိုင်သံက ဘုရားပွဲမှာမဟုတ်။ ကန်သင်းရိုးက ရုပ်သေးစင်မှာမဟုတ်။ မန္တလေးက အရှေ့ကျုံးထောင့်ထိပ်အနီးရှိ ဆိုလာမီးရောင်ဖြန့်ခင်းထားသော နိုင်လွန်ကတ္တရာလမ်းဘေးက မီနီသီရေတာမှာဖြစ်သည်။ သည်နေရာမှာ မန္တလေးရုပ်စုံသဘင်ဟူသော အမည်ဖြင့် ရုပ်သေးကပွဲကို ညစဉ်ကပြဖျော်ဖြေခဲ့သည်။ နိုင်ငံခြားသား ခရီးသည်အများစုက လာရောက်အားပေးကြ၏။ ရုပ်သေးပွဲက မြန်မာဆိုင်းသံ၊ ဗုံသံများဖြင့် ခုနစ်သံချီ အပျိုတော်အက…၊ မြိုင်ထနှစ်ပါးသွား၊ ဇော်ချင်းများ ကြားနေရသည်။ နာမည်ကျော် မန္တလေးရုပ်စုံသဘင်အဖွဲ့ကို ဆရာ ဂုဏ်ထူးဦးသိန်းနိုင်၏သမီး ဒေါ်မမနိုင် က ၁၉၉၀ခုနှစ်မှ စ၍ တည်ထောင်ထားပြီး မြန်မာ့ဝါးများဖြင့် ဇာတ်ရုံငယ်ကို စနစ်တကျ တည်ဆောက်ထားကာ ‘ရုပ်သေးပွဲ’ကို…

Read More

ဥသျှစ်ပင်မြို့မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၃၀ ဦးဖမ်းမိ

ဇူလိူင် ၂၂-၂၀၂၂ VOM (GG) ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၊ ဥသျှစ်ပင်​မြို့မှာ ကုန်တင်ကားနဲ့ တရားမဝင် တင်ဆောင်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင်၂၂ ရက်နေ့မှာ ရခိုင်ဘက်ကနေ မောင်းလာတဲ့ ဒညင်းသီးတင်ဆောင်လာတဲ့ ကုန်ကားထဲမှာ လိုက်ပါလာကြတာဖြစ်ပြီး အမျိုးသား ၁၂ ဦး၊အမျိုးသမီး ၁၈ ဦးဖြစ်တယ်လို့ သိရပါတယ်။ ” ဒညင်းသီးကားနဲ့ အထဲမှာ ဝှက်ပြီး လိုက်လာကြတာကို ဥသျှစ်ပင် ဘူးဘက်တံတားဂိတ်ရောက်တော့ စစ်တပ်နဲ့ရဲက စစ်ဆေးတော့ တွေ့တာလို့သိရတယ်။ အခု သူတို့ကို ရဲစခန်းမှာ ချုပ်ထားတယ်။ “လို့ ရဲစခန်းနဲ့နီးစပ်သူ ဒေသခံတဦးကပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင်ထဲက ဖြစ်ပြီး မလေးရှားနိုင်ငံကို သွားရောက်ကြမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာ နိုင်ငံသားအထောက်အထားမဲ့သူ ၃၀ လုံးကို ဥသျှစ်ပင်မြို့မရဲစခန်းမှာ…

Read More

မင်္ဂလာတောင်ညွန့်မှာ ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးပါသွား

ဇူလိူင် ၂၂-၂၀၂၂ VOM(GG) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ သိမ်ဖြူလမ်းက Zaw Zaw Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးနဲ့ ငွေသား ၂၂သိန်းကျော် ပါသွားတယ်လို့သိရပါတယ်။ ဒီနေ့ ဇူလိူင်၂၂ ရက်နေ့ မနက်အစော ၅ နာရီလောက်မှာ ဖုန်းဆိုင်ဖောက်ထွင်းခံရတာ​ဖြစ်ပြီး ကျူးလွန်သူတွေက အမျိုးသား ၂ ယောက်ဖြစ်ကြောင်းကို CCTV မှတ်တမ်းတွေအရ သိရှိရတယ်လို့ ပြောပါတယ်။ ” ပြီးခဲ့တဲ့ ၂လလောက်ကလည်း ဆိုင်ကို ဖောက်ထွင်းဖို့လုပ်ခံရဘူးတယ်၊ အဲ့ဒီတုန်းကတော့ လုပ်မရတော့ မပါသွားဘူး။ အခုက ဆိုင်အနောက်ဘက်ကဝင်တာပါ။တံခါးက သစ်သားတထပ် သံပန်းတထပ်ပါ၊ ပိုက်ဆံက ၂၂ သိန်းကျော်ပါ။ဖုန်းက ၈၈ လုံး။သူတို့က ၅ နာရီကျော်လောက်မှာ ဝင်ပြီး လုပ်သွားတာ။အိုင်ဖုန်းကို မယူဘူး အိုင်ဖုန်းယူရင် သူတို့ကိုလိုက်လို့ရတော့…

Read More

ဆေးတင်သွင်းတဲ့အခါ ကိုယ့်အစီအစဉ်နဲ့ကိုယ် ငွေပေးချေရင် DOတင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးမယ်

ဇူလိုင် ၂၂ VOM(GG) ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ တင်သွင်းတဲ့ ကုမ္ပဏီတွေအနေနဲ့ ပြည်ပကနေ ဆေးပစ္စည်းတွေ တင်သွင်းရာမှာ ငွေပေးချေဖို့အတွက် နိုင်ငံခြားငွေမဝယ်ယူဘဲ ကိုယ့် အစီအစဉ်နဲ့ကိုယ် တဖက်ကုန်ရောင်းသူကို ငွေပေးချေ မယ်ဆိုရင် ကုန်ပစ္စည်းရောက်ရှိကြောင်း အထောက်အထား DO တင်ပြဖို့မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အသိ​ပေးထုတ်ပြန်လိုက်ပါတယ်။ ဒါ့ကြောင့် ဆေးဝါးတင်သွင်းမယ့်ကုမ္ပဏီတွေအနေနဲ့ သွင်းကုန်လိုင်စင် ရရှိပြီးပါက ပေးချေရမယ့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှာဖွေဝယ်ယူရမှာဖြစ်ပါတယ်။ ” အရင်ကလည်း ဒေါ်လာက ကိုယ့်ဘာသာရှာဝယ်ရတာပဲ ။သူတို့ ဘဏ်တွေက သူတို့သတ်မှတ်စျေးနဲ့ ရောင်းပေးလို့လား ။ တခုပဲရှိတယ် ဒေါ်လာက ပြင်ပပေါက်စျေးနဲ့ဝယ်ရတာ စျေးနူန်းက မြင့်တော့ ဆေးတွေစျေးတက်သွားဖို့များတယ်။ ပစ္စည်းပြတ်တာကတော့ ရက်အကြာကြီးမဖြစ်နိုင်ပါဘူး။လူတွေကလည်း လိုအပ်သလောက်ပဲဝယ်ကြပါ။အတင်းစုပြုံပြီးတိုးဝှေ့ဝယ်တာ စုဆောင်းတာတွေ မလုပ်စေချင်ဘူး “လို့ ဆေးကုမ္ပဏီတခုမှ အကြီးတန်းဝန်ထမ်းတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ရက်တွေမှာ ပြည်ပကနေ…

Read More

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ နစကဥက္ကဋ္ဌကိုယ်တိုင် ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံတမန်ပြော

ဖနွမ်းပင်၊ ဇူလိုင်-၂၂-၂၀၂၂ မျိုးဆက်(VOM) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်အနေနဲ့ အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အလားအလာကောင်းတွေရှိတယ်လို့ နစကဥက္ကဋ္ဌက ကတိပြုပြောဆိုထားကြောင်း ပရက်ခ်ဆိုခွန်က ဇူလိုင် ၂၁ ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပရက်ခ်ဆိုခွန်ဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်ထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်လာရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံရေးမှာ အဓိကကျသူတွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မသာခဲ့ပါဘူး။ ကျွန်တော်တို့လေးစားလိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတချို့ရှိနေပေမယ့် အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ နစကဥက္ကဌကိုယ်တိုင် ကတိပေးထားခဲ့ကြောင်း ပရက်ခ်ဆိုခွန်က ပြောပါတယ်။ ISEAS – Yusof Ishak Institute ကနေ ကမကထပြုပြီး ဇူလိုင် ၂၁ ရက်မှာကျင်းပတဲ့ မြန်မာ့အရေးအာဆီယံရဲ့ ကြိုးပမ်းမှုများဆိုင်ရာ အထူးဆွေးနွေးပွဲမှာ…

Read More

ပုသိမ်ကြီးမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး EPCဝန်ထမ်း(၂)ဦးနဲ့ သံဃာတပါး ဒဏ်ရာရ

ဇူလိုင် ၂၂-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့အဝင်အနီးရှိ ဦးလှထွန်း ကင်ဆာဖောင်ဒေရှင်းရှေ့မှာ ဗုံးပေါကွဲမှုဖြစ်ပွားခဲ့ပြီး EPC ဝန်ထမ်း(၂)ဦးနဲ့ ဗုံးပေါက်ကွဲချိန် ဖြတ်သန်းသွားလာနေတဲ့ သံဃာတော်(၁)ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ဖောင်းဒေရှင်းရှေ့မှာ မီးမီတာလိုက်ဖတ်နေတာပေါ့ သူတို့တွေက ၊ အရန်သင့်ထောင်ထားတဲ့ မိုင်းလို့ယူဆရတာက ထပေါက်တာပဲ၊ ဝန်ထမ်းတဦးက အမျိုးသားအင်္ဂါ မှာ ဒဏ်ရာရတယ်၊ ဆရာတော်တပါး နဲ့ နောက်ထပ် EPCဝန်ထမ်းတဦး ပေါင်း(၃)ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲတာဟာ ၂ ကြိမ်ဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၂၀)နှစ်အရွယ် မီတာစာရေး အမျိုးသားတဦးက အမျိုးသားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာ(၁)ချက်၊ မိုင်းစထိမှန်ဒဏ်ရာတွေ (မစိုးရိမ်ရ)၊ သက်တော်(၆၂)နှစ်အရွယ် သံဃာတော်တပါးက မိုင်းစထိမှန်ဒဏ်ရာ(၃)ချက်(စိုးရိမ်ရ)ဒဏ်ရာတွေ ရခဲ့ပြီး အသက်(၃၁)နှစ်အရွယ် အမျိုးသားတဦးက မိုင်းစထိမှန်ဒဏ်ရာတွေ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Generation Z…

Read More

သမ္မတရုံးအနီးက သီရိလင်္ကာအစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေ ဖြိုခွဲ

ကိုလံဘို၊ ဇူလိုင်-၂၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အစိုးရဆန့်ကျင်ရေး အဓိကသပိတ်စခန်းတစ်ခုကို ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းမှာ ၀င်ရောက်စီးနှင်းခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးကာ ဆန္ဒပြသူများပြုလုပ်ထားတဲ့ ယာယီတဲတွေကို ဖျက်ဆီးခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေဟာ ကိုလံဘိုမြို့ သမ္မတရုံးပြင်ပမှာ စခန်းချပြီးဆန္ဒပြနေသူတွေကိုဖြိုခွင်းခဲ့တာဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး ဒဏ်ရာရရှိကာ ကိုးဦးဖမ်းဆီးခံရခဲ့ရပါတယ်။ ဒါဟာ သမ္မတရုံးကို ပြန်လည်ထိန်းချုပ်ဖို့ အထူးစစ်ဆင်ရေးဖြစ်တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နိုင်ငံမှထွက်ပြေးပြီးနောက် ၀န်ကြီးချုပ်ဖြစ်သူ ၀စ်ခရီမီဆင်းက သမ္မတသစ်အဖြစ် ဇူလိုင် ၂၁ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ သမ္မတ၀စ်ခရီမီဆင်းဟာ ပြည်သူတွေအကြားမှာ ရေပန်းစားလူကြိုက်များသူ တစ်ဦးမဟုတ်ကြောင်း ရှုမြင်ခြင်းခံထားရသူဖြစ်ပြီး ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သူက ကတိပြုထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လပေါင်းများစွာ မငြိမ်မသက်မှုတွေ ဖြစ်ပွားနေပြီး ယခင်အစိုးရရဲ့ဘဏ္ဍာရေးဆိုင်ရာ လွဲမှားစွာကိုင်တွယ်မှုအပေါ် ပြည်သူအများစုက အပြစ်တင်နေကြပါတယ်။ Ref;…

Read More

ပဲခူးမှာ နေအိမ်ထဲပစ္စည်းဝင်ခိုးပြီး လူသတ်ခဲ့သူက အသက် ၁၃နှစ်အရွယ် ယောင်္ကျားလေးဖြစ်နေ

ဇူလိူင် ၂၂-၂၀၂၂ GG(VOM) ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ၊ရွှေအောင်ရွေး ၂ လမ်းက နေအိမ်တအိမ်မှာ ဒီနေ့မနက်အစောပိုင်းက နေအိမ်အတွင်းဝင်ခိုးတဲ့ အသက် ၁၃နှစ်အရွယ် သူခိုးက အိမ်ရှင်ကို ဓားနဲ့ထိုးတာကြောင့် ၁ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၃ နာရီလောက်မှာဖြစ်တာ။ခိုးတာကလည်း အသတ်ခံလိုက်ရတဲ့ကောင်လေးနဲ့အတူ ဂိမ်းတွေဘာတွေဆော့တဲ့သူ ၊အသက်က ၁၃ နှစ်လောက်ပဲရှိအုံးမယ်။အသတ်ခံလိုက်ရတဲ့သူက i phone ဝယ်လာတာ ၃ရက်လောက်ရှိသေးတယ်။ဟိုကလေးက ဖုန်းကိုလိုချင်စိတ်များသွားတာဖြစ်မယ်။မနက်ကဝင်ခိုးတော့ အသတ်ခံရတဲ့ကောင်လေးက နိုးသွားတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ထိုးတာ၊ အကိုဖြစ်သူကလည်း ဝင်ဖမ်းတော့ သူ့ကိုပါ ထိုးမိတာ ၊ အခု အဲ့ဒီကလေးကို ဖမ်းမိပြီ ပဲခူးခေါ်လာနေပြီလို့သိရတယ် “လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၃နှစ်အရွယ် ကလေးငယ်ကို ဝေါမြို့တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပြီး ပဲခူးမြို့က သက်ဆိုင်ရာရဲစခန်းကို ခေါ်ဆောင်လာနေပြီဖြစ်တယ်လို့လည်း…

Read More
VOM News

FREE
VIEW