ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ နစကဥက္ကဋ္ဌကိုယ်တိုင် ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံတမန်ပြော

ဖနွမ်းပင်၊ ဇူလိုင်-၂၂-၂၀၂၂
မျိုးဆက်(VOM)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်အနေနဲ့ အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ အလားအလာကောင်းတွေရှိတယ်လို့ နစကဥက္ကဋ္ဌက ကတိပြုပြောဆိုထားကြောင်း ပရက်ခ်ဆိုခွန်က ဇူလိုင် ၂၁ ရက်မှာထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပရက်ခ်ဆိုခွန်ဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်ထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက်လာရောက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရေးနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သူဟာ မြန်မာနိုင်ငံရေးမှာ အဓိကကျသူတွေထဲက တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် တွေ့ခွင့်မသာခဲ့ပါဘူး။

ကျွန်တော်တို့လေးစားလိုက်နာရမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတချို့ရှိနေပေမယ့် အနာဂါတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ဖွယ်ရှိတယ်လို့ နစကဥက္ကဌကိုယ်တိုင် ကတိပေးထားခဲ့ကြောင်း ပရက်ခ်ဆိုခွန်က ပြောပါတယ်။

ISEAS – Yusof Ishak Institute ကနေ ကမကထပြုပြီး ဇူလိုင် ၂၁ ရက်မှာကျင်းပတဲ့ မြန်မာ့အရေးအာဆီယံရဲ့ ကြိုးပမ်းမှုများဆိုင်ရာ အထူးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ပရက်ခ်ဆိုခွန်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲစတင်ဖို့အတွက် သက်ဆိုင်အားလုံးနဲ့တွေ့ခွင့်ရရေးဟာ သူ့ရဲ့လုပ်ပိုင်ခွင့်တွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့ ပရက်ခ်ဆိုခွန်ကပြောပါတယ်။

နစကအနေနဲ့ အာဆီယံ ၊ ကုလသမဂ္ဂတို့နဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ မြှင့်တင်နိုင်ဖို့အတွက် ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် နိုလင်းဟေဇာနဲ့ ပူးပေါင်းဆောင်ရွက်မယ့်နည်းလမ်းတွေ ရှာဖွေဖို့ သူ့ရဲ့ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်မှာ တိုက်တွန်းခဲ့ပါတယ်။

Ref: Phnom Penh Post
#voiceofmyanmar #VOM #ဖနွမ်းပင်

Related posts

Leave a Comment

VOM News

FREE
VIEW