မော်လမြိုင် အ -ထ -က (၅ ) ကျောင်းအုတ်တံတိုင်းပြိုကျ ငါးဦးသေ သုံးဦးဒဏ်ရာရ

ရန်ကုန်၊ဇူလိုင် ၂၂ ၊၂၀၂၂
KK(VOM)

မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် မာလာဝင်း တောင်ရိုးတန်းလမ်းရှိ အထက ၅ ကျောင်းမှာ ဒီကနေ့ မနက်ပိုင်းကအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့တာမှာ ငါးဦးသေဆုံးပြီး သုံး
ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောင်းအုတ်တံတားပြိုကျမှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး၊မော်လမြိုင်လူမှုကယ်ဆယ်ရေး၊အဖြူရောင်တွဲလက်လူမှု ကယ်ဆယ်ရေး၊ ရွှေတောင်ရပ်ကွက်လူမှုကယ်ဆယ်ရေးနဲ့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ပရဟိအဖွဲ့တွေဆီက သိရပါတယ်။

​ကယ်ဆယ်ရေးလုပ်ရာမှာပါဝင်ခဲ့တဲ့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြောပြတာက

“ငါးဦးသေတယ် ယောက်င်္ကျား
၂ ယောက် မိန်းခလေး သုံးယောက် ဒဏ်ရာရတာက သုံးယောက်”လို့ ပြောပါတယ်။

ဒဏ်ရာရရှိသူသုံးဦးကို ပရဟိတအဖွဲ့တွေက လူနာတင်ယာဥ်တွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့
တယ်လို့ သူကရှင်းပြပါတယ်။

ဒီကနေ့မနက်ပိုင်းက မော်လမြိုင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းရာ အ.ထ.က(၅)ကျောင်းရဲ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး ဆိုင်တန်းမှာရှိနေတဲ့လူတွေ အပေါ်ပိခဲ့တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်ကလည်း မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်မှာ အုတ်တံတိုင်း ဆောက်လုပ်ဖို့အတွက် မြေတူးနေရင်းကနေ မြေပြိုကျလို့ အလုပ်သမားတစ်ယောက်သေဆုံးခဲ့တဲ့ဖြစ်စဥ်လည်းရှိခဲ့ဘူးပါတယ်။

#voiceofmyanmar #VOM #မော်လမြိုင်အထက၅ #ကျောင်းအုတ်တံတိုင်းပြိုကျ

Related posts

Leave a Comment

VOM News

FREE
VIEW