ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတင်တွေ့ရှိ ၊ အတည်ပြုလူနာ ထွက်ပြေးနေ

ဘန်ကောက်၊ ဇူလိုင်-၂၃-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထဆုံးတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ဂျီးရီးယားမှလာရောက်တယ်လို့ ခရီးသွားမှတ်တမ်းရှိသူ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဆေးရုံသို့သွားရောက်စစ်ဆေးစဉ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်မှာရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ပျောက်ဆုံးနေပြီး သူနေထိုင်တဲ့ နေရာကို မသိရသေးကြောင်း အာဏာပိုင်တွေကပြောပါတယ်။

သူဟာ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်တာနဲ့ အဖျားတက်ခြင်းအပါအ၀င် ရောဂါလက္ခဏာတွေခံစားရပြီးနောက် မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း ဆရာ၀န်တွေကပြောပါတယ်။

သူ့ရဲ့ဗီဇာဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း ဒေသခံရဲတွေကပြောပါတယ်။

မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများအားဖြင့် ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှတော့ နိုင်ငံပေါင်း ၇၀ ၀န်းကျင်မှာ ကူးစက်မှု ၁၄၀၀၀ ကျော်ထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: NHK
Photo:Getty Images
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW