ပန်းတနော်မှာ MRTVနဲ့ MWD ရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ အသံချဲ့စက်နဲ့လိုက်လံကြေညာ

ဇူလိုင် ၂၄-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပန်းတနော်မြို့နယ်မှာ ဒေသခံပြည်သူတွေအနေနဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်းတွေကိုသာ ကြည့်ရှု့ဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အစိုးရရဲ့လုပ်ဆောင်ချက်တွေသာ အဓိကကြေညာပေးနေတဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သကြား MRTV နဲ့ မြဝတီရုပ်မြင်သံကြား MWD ရုပ်သံလိုင်တွေကိုသာကြည့်ရှု့ကြဖို့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ဇူလိုင်ဒုတိယအပတ်ကနေ စတင်ပြီး ဒီကနေ့အထိအသံချဲ့စက်တွေကိုအသုံးပြုကာ လိုက်လံကြေညာနေတယ်လို့သိရပါတယ်။ ”မြဝတီနဲ့ မြန်မာ့ရုပ်မြင်သံကြားရုပ်သံတွေကိုသာကြည့်ဖို့ တခြားရုပ်လိုင်းတွေကိုမကြည့်ဖို့ အသံချဲ့စက်နဲ့လိုက် ကြေညာနေတာ၊အဲ့ဒီရုပ်သံလိုင်းတွေက တိကျ မှန်ကန်တဲ့သတင်းတွေကို ထုတ်ပြန်ပေးတယ်၊ဒါ့ကြောင့် ဒီရုပ်သံလိုင်းတွေကိုသာကြည့်ဖို့ကြေညာသွားတာ။”လို့ ပန်းတနော်မြို့ခံတဦးကပြောပါတယ်။ မြန်မာ့ရုပ်မြင်သံကြား MRTVနဲ့ မြဝတီရုပ်သံကြား MWD ရုပ်သံလိုင်းတွေကိုကြည့်ကြဖို့ အဲ့ဒီရုပ်သံလိုင်းတွေကိုမကြည့်ဘဲ အခြားရုပ်သံလိုင်းတွေ ကြည့်တာကို လာစစ်တဲ့အခါတွေ့ရှိရင် ထိရောက်စွာအရေးယူမယ်လို့ အသံချဲ့စက်နဲ့ ထည့်သွင်းကြေညာသွားတာဖြစ်တယ်လို့ သိရပါတယ်။ ”ကျွန်မတို့က MRTV လည်း မကြည့်ဘူး MWD လည်း မကြည့်ဘူးMRTV-4…

Read More

ကော့ကရိတ်- မြဝတီအာရှလမ်းမှာ ဘောက်ဆာကားတစီး ပစ်ခတ်ခံရ

ဇူလိူင် ၂၃-၂၀၂၂ VOM (GG) ကော့ကရိတ်- မြဝတီ အာရှလမ်း၊ ကော့နွဲ့ကရွာအနီးမှာ ဓာတ်ငွေ့လောင်စာ တင်လာတဲ့ ဘောက်ဆာကားတစ်စီး ပစ်ခတ်ခံရမှု ဒီကနေ့ဇူလိုင် ၂၃ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” သတင်းပဲကြားတယ် ၊ဖြစ်တာက ကော့ကရိတ်အထွက်မှာပေါ့။ အဲ့ဒီဘက် သွားရတာမရှိဘူး။ ထိခိုက်တာ မရှိဘူးလို့တော့ကြားတယ်။ ဂတ်စ်တင်လာတာလို့ပြောတာပဲ သေချာတော့မသိရဘူး၊ လေယာဥ်ဆီတော့မဟုတ်ပါဘူး ၊ကားမီးလောင်သွားတယ်လို့ကြားတယ်”လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ ဘောက်စ်ဆာကား ​ပစ်ခတ်ခံရပြီးနောက် မြဝတီအာရှလမ်းတလျှောက် စစ်တပ်ကစစ်ဆေးတာတွေလုပ်ခဲ့ပြီး ၊ ပစ်ခတ်သံတွေလည်း ကြားရတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဘောက်ဆာကား ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။ #voiceofmyanmar #VOM #ကော့ကရိတ် #ဘောက်ဆာကားပစ်ခတ်ခံရ

Read More

ထိုင်းမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတင်တွေ့ရှိ ၊ အတည်ပြုလူနာ ထွက်ပြေးနေ

ဘန်ကောက်၊ ဇူလိုင်-၂၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုကို ပထဆုံးတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၂၂ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသားတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်နေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုင်ဂျီးရီးယားမှလာရောက်တယ်လို့ ခရီးသွားမှတ်တမ်းရှိသူ အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ဆေးရုံသို့သွားရောက်စစ်ဆေးစဉ်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ပြည်နယ်မှာရှိနေခဲ့ပေမယ့် လက်ရှိမှာတော့ ပျောက်ဆုံးနေပြီး သူနေထိုင်တဲ့ နေရာကို မသိရသေးကြောင်း အာဏာပိုင်တွေကပြောပါတယ်။ သူဟာ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်တာနဲ့ အဖျားတက်ခြင်းအပါအ၀င် ရောဂါလက္ခဏာတွေခံစားရပြီးနောက် မျောက်ကျောက်ရောဂါ ကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း ဆရာ၀န်တွေကပြောပါတယ်။ သူ့ရဲ့ဗီဇာဟာ သက်တမ်းကုန်ဆုံးနေပြီဖြစ်ကြောင်း ဒေသခံရဲတွေကပြောပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသမှာ အများအားဖြင့် ဖြစ်ပွားလေ့ရှိပေမယ့် လက်ရှိမှတော့ နိုင်ငံပေါင်း ၇၀ ၀န်းကျင်မှာ ကူးစက်မှု ၁၄၀၀၀ ကျော်ထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ Ref: NHK…

Read More

ရန်ကုန်မှာ YBS ယာဥ်တွေပြေးဆွဲမှုနည်းလို့ ပရဟိတအသင်းတွေက ခရီးသည်တွေကို လိုက်ပို့ပေးနေရ

ဇူလိုင် ၂၃၊၂၀၂၂ KK(VOM) ရန်ကုန်မှာ YBSယာဥ်တွေ CNG Gas ရရှိမှုမလုံလောက်လို့ ပြေးဆွဲမှုနည်းပါးတာကြောင့် ဒီကနေ့ မနက်ပိုင်းမှာ ပရဟိတအသင်းကားတွေက ခရီးသည်တွေကို လူနာတင်ယာဥ်တွေနဲ့ လိုက်ပို့ပေးနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။ မြို့နယ်အသီးသီးမှာရှိတဲ့ ပရဟိတအသင်းတွေနဲ့နာရေးကူညီမှုအသင်းတွေက သက်မှတ်ထားတဲ့လမ်းဆုံတွေကနေ ခရီးသည်တွေကို လိုက်လံပို့ဆောင်ပေးနေတာဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးက ပြောပါတယ်။ “ဒီမနက်ကားစောင့်တာ ညီမတို့တွေ ကားမရဘူး အဲ့ဒါနဲ့ လိုင်းပေါ်မှာတွေ့တဲ့ ပရဟိတကားကို ဖုန်းဆက်လိုက်တ ယ် ဆူးလေအထိလိုက်ပို့ပေးတယ်”လို့ ပြောပါတယ်။ သင်္ဃန်းကျွန်း ကြီးပွားရေးမှတ်တိုင်ကနေ ဆူးလေအထိ ရုံးတက် ရုံးဆင်းချိန် ခရီးသည်တွေ နေအိမ်ပြန်ရာမှာ အခက်အခဲမရှိစေရေးအတွက် ကားနှစ်စီးနဲ့ ကြိုပို့လုပ်ပေးနေတယ်လို့ ဘောဂလမ်းနာရေးလူမှု့ကူညီရေးအသင်းမှ ကိုလွင်ဦးက ပြောပါတယ်။ မြောက်ဥက္ကလာပချစ်သူများပရဟိတအသင်းက ကိုမိုးဆက်အောင်က “ဒီနေ့က စနေ့နေ့ဆိုတော့ အဲ့လောက်ကြီးလည်း လူမများဘူး၊ အခက်အခဲဖြစ်တဲ့သူကျတော့ လိုက်ပို့ပေးတာပေါ့၊ ခြောက်ကွေ့-ဆူးလေ ခြောက်ကွေ့-ယုဇနပလာဇာ ခြောက်ကွေ့-မြေနီကုန်း အဲ့လိုလိုက်ပို့ပေးတယ် “လို့ရှင်းပြပါတယ်။…

Read More

မုံရွာမြို့က ဖုန်းနဲ့ဆိုင်ကယ် အရောင်းဆိုင် ဓားပြတိုက်ခံရ

ဇူလိုင် ၊ ၂၃-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ သစ္စာလမ်း ၊ လမ်းသွယ် ၂ မှာရှိတဲ့ ဖုန်းSecondဆိုင် နဲ့ ဆိုင်ကယ်တွေရောင်းတဲ့ဆိုင်ဟာ ဒီကနေ့ မနက် အစောပိုင်းက ဓားပြတိုက်ခံရတယ်လို့ မြဝတီရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက် အစောပိုင်းက အိမ်စီးကား ၁ စီးနဲ့ လူ ၁၀ ယောက်လောက် ဆိုင်ကိုရောက်လာတယ် ၊ စျေးဝယ်လာတာ မှတ်နေတာ ၊ ဆိုင်ထဲရောက်မှ သေနတ်အတိုတွေနဲ့ ဓားပြတိုက်သွားတာပါ “လို့ အဲ့ဒီ ဖုန်းဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြတိုက်ခံရတဲ့ ဖုန်းဆိုင်ကို ဒီမနက်ပိုင်းက လုံးခြုံရေး အဖွဲ့တွေ ရောက်လာ​ပြီး စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။ ” သစ္စာလမ်းသွယ်ထဲက အဆွေတော်…

Read More
VOM News

FREE
VIEW