မန္တလေးမြို့က မောသစ်ရွှေဆိုင် သိန်း၂ထောင်ခန့် တန်ဖိုးရှိ ရွှေသားနဲ့ ငွေကျပ် သိန်း၆၀ခန့် ဓားပြတိုက်ခံရ

ဇူလိုင် ၂၄-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း ၅၈၅၉ကြားက မောသစ်ရွှေဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတ်ပြီး ရွှေသား သိန်း၂ထောင်ခန့်တန်ဖိုးနဲ့ ငွေကျပ် သိန်း ၆၀ခန့် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ပစ္စတိုကိုင်လာတဲ့ လူ၂ဦးက ဆိုင်ထဲ၀င်လာပြီး သေနတ်၃ချက်လောက်ပစ်တယ်၊ ပြီးတာနဲ့ ရွှေတွေနဲ့ ငွေသားတွေ ယူသွားတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဆိုင်ထဲ၀င်တဲ့အချိန် သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး၀န်ထမ်း အသက် ၄၀အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက် နေ့ကလည်း ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့်က မောသစ်ရွှေဆိုင် ဆိုင်ခွဲ(၁)မှာ ရွှေသား သိန်း ၁၁၈၀ ခန့် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရရှိခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဥ် ဖြစ်ပွားတုန်းက ဓားပြတိုက်သွားသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ နစက က ထုတ်ပြန်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေး #မောသစ်ရွှေဆိုင် #ဓားပြတိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW