ဈေးချိုတော် ညဈေးတန်း

ဆူးငှက် မန္တလေးဈေးချိုတော်ဆိုတာ မြန်မာမင်းလက်ထက်ကတည်းက တည်ရှိခဲ့ပါတယ်။ တကယ်တမ်း ထင်ရှားလာတာကတော့ ကိုလိုနီခေတ်ရာက်လာမှပါ။ မန္တလေးရဲ့ ဓာတ်ရထားလမ်းတွေကလည်း စျေးချိုတော်ကိုပဲ ဦးတည်ကြ၊ဖြတ်သန်းကြတယ်။ မန္တလေးဈေးကွက်ရဲ့ အဓိကလိုအပ်တဲ့ ကောက်ပဲသီးနှံ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း မတ္တရာနယ် တစ်ဝိုက်က အဓိက တင်ပို့နေရလေတော့ ဘိုးတော်ဘုရားလက်ထက်ကတည်းက ဖောက်လုပ်ခဲ့တဲ့ ရွှေတချောင်းမြောင်းကနေ စျေးချို အရောက် ဒုတ်ဒုတ်ထိ လှသမ္ဗာန်တွေနှင့် တင်ပို့နိုင်တယ်။ ဒါတင်မက စျေးချိုနှင့် မတ္တရာကိုလည်း မီးရထားလမ်း သီးသန့်ဖောက်ပြီး ခရီးသည်နှင့် ကုန်ပစ္စည်းတွေ သယ်ပို့ပေးခဲ့တယ်။ စျေးချိုဆိုတာလည်း ၂၆(ပေ၁၂၀၀နီးပါး)ပတ်လည် အကျယ် အဝန်းအတွင်းမှာ အုတ်ကာသွပ်မိုး စျေးရုံကြီး ၁၂ရုံကို ပင်မထား ဖွဲ့စည်းထားတာအပြင် ပတ်လည်မှာလည်း သံဖြူတန်း၊ ထိုးမုန့်တန်း၊မွ့ယာတန်း၊ မုန့်စုံတန်း၊ လင်းရောင်ခြည်ဈေးတန်း၊ အောင်ဈေးတန်း၊ ဝက်သားရုံ၊ ဆိတ်သားရုံ၊ ငါးတန်း၊ ပန်းတန်း၊ ထီးတိုင်ဈေး၊ ကိုင်တန်းဈေး၊ မန်းသီရီဈေး စတဲ့ စျေးတန်းစျေးရုံတွေကလည်း တစ်ဆက်စပ်တည်း…

Read More

ဓားပြတိုက်လာတဲ့ကားက ဓာတ်တိုင်ဝင်တိုက်မိပြီး တိမ်းမှောက်ရာကနေ ဓားပြဗိုလ် အဖမ်းခံရ

ဇူလိုင်၂၄-၂၀၂၂ SP(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်မြို့ မှာ မနေ့ ဇူလိုင် ၂၃ ရက်ည ၁၁ နာရီဝန်းကျင်က ဓားပြတိုက်လာတဲ့ကားက လမ်းဘေးဓာတ်တိုင်ဝင်တိုက်မိပြီး ကားပေါ်ပါလာတဲ့ ဓားပြဗိုလ်ဖြစ်သူကို ဌာနေပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မူဆယ်မြို့ခံတွေဆီက သိရပါတယ်။ ” ဓာတ်တိုင်တိုက်မိပြီး တိမ်းမှောက်သွားတဲ့ကားက မူဆယ် မြောက်ရပ်ကွက် ၊ တာမိုးညဲစျေးနားက အိမ်တခုကနေ ဓားပြတိုက်လုယူလာတဲ့ကားဖြစ်တယ် ၊ ကားပေါ်ကနေ ဓားပြဗိုလ်ကို ဖမ်းမိတာ ” လို့ မူဆယ်မြိုခံ တယောက်က ပြောပါတယ်။ အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီးမူဆယ်ခရိုင်ရဲရုံးနဲ့ နီးစပ်သူတယောက်က ” လှည့်ကင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးရေး လုပ်နေတာ ၊ အဲ့ဒီကားက ဖြတ်မောင်းလာတော့ ရပ်ခိုင်းတာကို မရပ်ဘဲ ကားပေါ်ကနေ သေနတ်နဲ့ ၁၀ ချက်လောက်ပစ်ပြီး မောင်းပြေးတာ ၊ နောက်ကလိုက်တော့ အဲ့ဒီ…

Read More

မန္တလေးမြို့က မောသစ်ရွှေဆိုင် သိန်း၂ထောင်ခန့် တန်ဖိုးရှိ ရွှေသားနဲ့ ငွေကျပ် သိန်း၆၀ခန့် ဓားပြတိုက်ခံရ

ဇူလိုင် ၂၄-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၅လမ်း ၅၈၅၉ကြားက မောသစ်ရွှေဆိုင်မှာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်ခတ်ပြီး ရွှေသား သိန်း၂ထောင်ခန့်တန်ဖိုးနဲ့ ငွေကျပ် သိန်း ၆၀ခန့် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ “ပစ္စတိုကိုင်လာတဲ့ လူ၂ဦးက ဆိုင်ထဲ၀င်လာပြီး သေနတ်၃ချက်လောက်ပစ်တယ်၊ ပြီးတာနဲ့ ရွှေတွေနဲ့ ငွေသားတွေ ယူသွားတာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဆိုင်ထဲ၀င်တဲ့အချိန် သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရွှေဆိုင်လုံခြုံရေး၀န်ထမ်း အသက် ၄၀အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက် နေ့ကလည်း ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့်က မောသစ်ရွှေဆိုင် ဆိုင်ခွဲ(၁)မှာ ရွှေသား သိန်း ၁၁၈၀ ခန့် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရရှိခဲ့တဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီဖြစ်စဥ် ဖြစ်ပွားတုန်းက…

Read More

ထားဝယ်မြို့မရဲစခန်းမှူးကို လူမှောင်ခိုမှုနဲ့ ဖမ်းဆီးစစ်ဆေးနေ

ဇူလိုင် ၊ ၂၄ ၊ ၂၀၂၂ SP(VOM) တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ ၊ ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူး ၁ ဦးကို လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်နေတယ်ဆိုကာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။ “လူမှောင်ခိုမှုနဲ့ ပတ်သက်နေလို့ ဖမ်းခံရတဲ့ သူက ဒုရဲမှူး စိုးနိုင်ဖြစ်တယ် ၊ သူက ထားဝယ် နယ်ထိန်းလုပ်ဖူးတယ် ၊ မောင်းမကန် နယ်မြေစခန်းမှူး လုပ်ဖူးတယ် ၊ အနေကြာနဲ့ တနင်္သာရီတိုင်းက ပြောင်းသွားပြီး ၊ အခု ရာထူးတိုးနဲ့ နောက်တကြိမ် ပြောင်းဝင်လာတာဖြစ်တယ် ၊ လူမှောင်ခိုမှုနဲ့ ဖမ်းဆီး စစ်ဆေးနေတာ”လို့ ထားဝယ်ခရိုင်ရဲရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ထားဝယ်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တယောက်က ” ဗိုလ်ကြီး စိုးနိုင် အဖမ်းခံရပြီး စစ်ဆေးနေတာလို့ ကြားရတယ် ၊…

Read More

ဂျပန်မှာ အိုမီခရွန် ဘီအေ-၅ ဗိုင်းရပ်စ်မျိုးကွဲကြောင့် နေ့စဉ်ကူးစက်မှု နှစ်သိန်းကျော်ထိ စံချိန်တင်

တိုကျို ၊ဇူလိုင်-၂၄-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ သတ္တမလှိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ကူးစက်မှုနှုန်းဟာ ဇူလိုင် ၂၃ ရက်မှာ နှစ်သိန်းကျော်ထိ စံချိန်တင်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဒီအရေအတွက်ဟာ ဇူလိုင် ၂၂ ရက်က ၁၉၅၀၀၀ ကျော်စံချိန်ကို ချိုးဖျက်ခဲ့ပြီး ရောဂါကူးစက်မှုတွေဟာ လေးရက်ဆက်တိုက် စံချိန်တင်မြင့်တက်နေပြီး အိုမီခရွန် ဘီအေ-၅ ဗိုင်းရပ်စ်မျိုးကွဲကြောင့်လို့ ပြောပါတယ်။ ဂျပန်နိုင်ငံ စီရင်စု ၄၇ ခုအနက် ၁၇ ခုမှာ ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ တိုကျိုဒေသမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဇူလိုင် ၂၃ ရက်မှာ ၃၂၆၉၈ ဦးထိရှိနေတယ်လို့ တိုကျိုအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒါဟာ သုံးရက်ဆက်တိုက် သုံးသောင်းကျော် ကူးစက်မှုဖြစ်ပွားနေတာဖြစ်ပြီး ကူးစက်မှုသစ်တွေဟာ သတ္တမလှိုင်းစတင်ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ၁၃၇၉၉ ဦးရှိရာကနေ မြင့်တက်လာတာဖြစ်ပါတယ်။ ရောဂါကူးစက်မှုကြောင့် အပြင်းအထန်နာမကျန်းဖြစ်ပြီး…

Read More

ကျောက်ဖြူ စနဲနယ်မြေရဲစခန်းမှူး စျေးဝယ်သွားရင်း ပျောက်ဆုံးနေ

ဇူလိုင် ၂၄ ၊ ၂၀၂၂ SP(VOM) ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ စနဲနယ်မြေရဲစခန်းမှူးဟာ ဒီကနေ့ မနက်ပိုင်းက စနဲစျေးထဲမှာ လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံလိုက်ရတယ်လို့ စနဲစျေးသည်တွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီဝန်းကျင်က စျေးဝယ်လာတဲ့ စခန်းမှူး ရဲအုပ်ကျော်ဇင်ဝင်းကို အရပ်ဝတ် လက်နက်ကိုင်ထားတဲ့ အဖွဲ့ ၁ ခုက ဖမ်းဆီးခေါ်ဆောင်သွားတာ ” လို့ စနဲစျေးမှာ စျေးရောင်းနေတဲ့ စျေးသည်တယောက်က ပြောပါတယ်။ အဲ့ဒီနောက် ဒီမနက် ၈ နာရီခွဲ ဝန်းကျင်ကစပြီး စနဲစျေးသည်တွေဟာ ဆိုင်တွေပိတ်ထားကြတယ်လို့ သိရပြီး စနဲမြို့ရဲ့နေရာတချို့နဲ့ ဆေးရုံနားဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးနေတာတွေရှိတာကြောင့် စနဲ ဒေသခံတွေဟာ သွားလာတာတွေမလုပ်ကြတော့ဘူးလို့လည်း ​သိရပါတယ်။ စနဲ နယ်မြေရဲစခန်းမှူး ပျောက်ဆုံနေတာနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။…

Read More

မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဂျီနီဗာ၊ ဇူလိုင်-၂၄-၂၀၂၂ မျိုးဆက်(VOM) မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။ ကမ္ဘာတ၀န်းမှာမျောက်ကျောက်ရောဂါ ကူးစက်မှုတွေမြင့်တက်လာနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလို အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး အရေးပေါ်ကော်မတီရဲ့ ဒုတိမြောက် အစည်းဝေးပြီးနောက် အခုလိုက် ကြေညာလိုက်တာဖြစ်ပါတယ်။ မျောက်ကျောက်ရေးဂါဟာ လက်ရှိချိန်ထိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။ ရောဂါကြောင့် သေဆုံးသူငါးဦးထိရှိလာပြီဖြစ်ပါတယ်။ ဒီရောဂါမတိုင်ခင်က ကျန်းမာရေးအရေးပေါ် အခြေအနေကြေညာထားတဲ့ ရောဂါနှစ်ခုသာရှိနေသေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပိုလီယိုရောဂါတို့ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး အရေးပေါ်ကော်မတီမှာ တညီတညွှတ်တည်း သဘောတူညီမှုမရရှိခဲ့ကြောင်း ဒါပေမယ့် ရောဂါဟာ ကမ္ဘာ့နိုင်ငံတွေမှာ လျှင်မြန်စွာကူးစက်နေတာကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တက်ဒရို့စ်က ပြောပါတယ်။ လက်ရှိရောဂါကူးစက်မှု ပုံစံသစ်တွေနဲ့ပတ်သက်ပြီး နားလည်သိရှိထားတာ…

Read More
VOM News

FREE
VIEW