မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ဂျီနီဗာ၊ ဇူလိုင်-၂၄-၂၀၂၂
မျိုးဆက်(VOM)

မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကကြေညာလိုက်ပါတယ်။

ကမ္ဘာတ၀န်းမှာမျောက်ကျောက်ရောဂါ ကူးစက်မှုတွေမြင့်တက်လာနေတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလို အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပြီး အရေးပေါ်ကော်မတီရဲ့ ဒုတိမြောက် အစည်းဝေးပြီးနောက် အခုလိုက် ကြေညာလိုက်တာဖြစ်ပါတယ်။

မျောက်ကျောက်ရေးဂါဟာ လက်ရှိချိန်ထိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ ရှိလာနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့စ်က ပြောပါတယ်။

ရောဂါကြောင့် သေဆုံးသူငါးဦးထိရှိလာပြီဖြစ်ပါတယ်။ ဒီရောဂါမတိုင်ခင်က ကျန်းမာရေးအရေးပေါ် အခြေအနေကြေညာထားတဲ့ ရောဂါနှစ်ခုသာရှိနေသေးပြီး ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ပိုလီယိုရောဂါတို့ဖြစ်ပါတယ်။

မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ခြင်းနဲ့ပတ်သက်ပြီး အရေးပေါ်ကော်မတီမှာ တညီတညွှတ်တည်း သဘောတူညီမှုမရရှိခဲ့ကြောင်း ဒါပေမယ့် ရောဂါဟာ ကမ္ဘာ့နိုင်ငံတွေမှာ လျှင်မြန်စွာကူးစက်နေတာကြောင့် ယခုကဲ့သို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း တက်ဒရို့စ်က ပြောပါတယ်။

လက်ရှိရောဂါကူးစက်မှု ပုံစံသစ်တွေနဲ့ပတ်သက်ပြီး နားလည်သိရှိထားတာ နည်းပါးလွန်းနေသေးတယ်လို့ သူကပြောပါတယ်။ လက်ရှိကြေညာချက်ဟာ ကာကွယ်ဆေးတွေ ထုတ်လုပ်ရေးအရှိန်မြှင့်ဖို့နဲ့ ရောဂါတားဆီးရေး အစီအမံတွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ကမ္ဘာ့ကျန်မာရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

Ref: BBC
Photo:Gtety Images

#voiceofmyanmar #VOM #မျောက်ကျောက်ရောဂါ #WHO

Related posts

Leave a Comment

VOM News

FREE
VIEW