ဂျပန်မှာ အိုမီခရွန် ဘီအေ-၅ ဗိုင်းရပ်စ်မျိုးကွဲကြောင့် နေ့စဉ်ကူးစက်မှု နှစ်သိန်းကျော်ထိ စံချိန်တင်

တိုကျို ၊ဇူလိုင်-၂၄-၂၀၂၂
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ သတ္တမလှိုင်း ဖြစ်ပွားနေပြီး နေ့စဉ်ကူးစက်မှုနှုန်းဟာ ဇူလိုင် ၂၃ ရက်မှာ နှစ်သိန်းကျော်ထိ စံချိန်တင်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီအရေအတွက်ဟာ ဇူလိုင် ၂၂ ရက်က ၁၉၅၀၀၀ ကျော်စံချိန်ကို ချိုးဖျက်ခဲ့ပြီး ရောဂါကူးစက်မှုတွေဟာ လေးရက်ဆက်တိုက် စံချိန်တင်မြင့်တက်နေပြီး အိုမီခရွန် ဘီအေ-၅ ဗိုင်းရပ်စ်မျိုးကွဲကြောင့်လို့ ပြောပါတယ်။

ဂျပန်နိုင်ငံ စီရင်စု ၄၇ ခုအနက် ၁၇ ခုမှာ ကူးစက်မှုတွေ မြင့်တက်နေပါတယ်။ တိုကျိုဒေသမှာတော့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ဇူလိုင် ၂၃ ရက်မှာ ၃၂၆၉၈ ဦးထိရှိနေတယ်လို့ တိုကျိုအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

ဒါဟာ သုံးရက်ဆက်တိုက် သုံးသောင်းကျော် ကူးစက်မှုဖြစ်ပွားနေတာဖြစ်ပြီး ကူးစက်မှုသစ်တွေဟာ သတ္တမလှိုင်းစတင်ပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ၁၃၇၉၉ ဦးရှိရာကနေ မြင့်တက်လာတာဖြစ်ပါတယ်။

ရောဂါကူးစက်မှုကြောင့် အပြင်းအထန်နာမကျန်းဖြစ်ပြီး အသက်ရှူစက်တပ်ထားရတဲ့ လူနာအရေအတွက်လည်း မြင့်တက်နေပြီး ဇူလိုင် ၂၃ ရက်မှာ ရောဂါကြောင့် လူခုနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref: NHK
Photo:Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW