ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ကြေညာထား

ဇူလိုင်၂၅-၂၀၂၂
Voice Of Myanmar

ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ဒီကနေ့မနက်ပိုင်းမှာ ကြေညာထားတာကို တွေ့ရပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “သတင်းစာမှာပါတဲ့အတိုင်းပါဘဲ၊သတင်းစာရှင်းလင်းပွဲမှာလည်း ဒီအကြောင်းပြောမည်မဟုတ်ပါ၊ ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်လို့ ရှင်းစရာမလိုပါဘူး”လို့ VOMကို ပြောပါတယ်။

ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို ဇူလိုင် ၂၂ရက်နေ့က မိသားစုနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ပြည်တွင်းသတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ကိုဂျင်မီ #ကိုဖြိုးဇေယျာသော်

Related posts

Leave a Comment

VOM News

FREE
VIEW