မြိုင်မြို့နယ်ထဲက ကျောက်ကန်ရွာမှာ လူနေအိမ်နဲ့ အဆောက်အဦ ၁ ရာနီးပါး မီးရှို့ခံရ

ဇူလိုင်၂၅-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျောက်ကန်ရွာက အဆောက်ဦး ၁ ရာကျော်ဟာ အခုလ ၂၃ ရက်က မီးရှို့ခံခဲ့ရတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” လူနေအိမ်နဲ့ အခြား အဆောက်အဦ၁ ရာနီးပါး မီးရှို့ဖျက်စီးခံရတယ် ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ ၊ ဆိုင်ကယ်တွေ ၊ ကားတွေ ၊ ထော်လာဂျီ အပြင် လယ်ထွန်စက်တွေပါ မီးလောင်ကုန်တာ “လို့ ကျောက်ကန်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီလို မီးရှို့ဖျက်စီးခံရတဲ့အတွက် ကျောက်ကန်ရွာခံ အိမ်ထောင်မိသားစု ၇၀ ဟာ အိုးမဲ့အိမ်မဲ့ ဘဝရောက်ခဲ့ရပြီး ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထံ ခိုကပ်နေရတယ်သလို ကျောက်ကန်ရွာခံ တယောက်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ အဲ့ဒီရွာခံတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၂၄ ရက်ကလည်း…

Read More

ရွှေသောင်ယံမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၆ ယောက် ဖမ်းမိ

ဇူလိုင် ၂၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံကမ်းခြေကို စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရေတပ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေသောင်ယံမြို့ခံတွေဆီက သိရပါတယ်။ ရွှေသောင်ယံကမ်းခြေကိုဝင်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၆ ယောက်ကို ဇူလိုင်၂၃ ရက် ည ၁၂ နာရီကျော်လောက်မှာ ရွှေသောင်ယံမြို့အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်သင်္ဘော၊ ရဲတပ်ဖွဲ့နဲ့ရေတပ်က လှည့်ကင်းလုပ်ဆောင်နေရင်းနဲ့ဖမ်းမိခဲ့တာလို့ သိရပါတယ်။ “၂၃ ရက် ည ၁၂ နာရီကျော်လောက်က ဖမ်းမိတာလို့ သိရတယ်၊ရေတပ်သင်္ဘောကင်းလှည့်ရင်းဖမ်းလာတာတဲ့၊ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရွှေသောင်ယံရဲစခန်းမှာ စစ်ဆေးနေတာလို့ သိရတယ်။”လို့ ရွှေသောင်ယံမြို့ခံတဦးကပြောပါတယ်။ ”ဖမ်းမိတာဟုတ်ပါတယ် ၊လက်ရှိ ရွှေသောင်ယံရဲစခန်းမှာ ထားရှိပါတယ်၊ရေတပ် ၅၅၉ က ကင်းလှည့်ရင်းမိတာပါ၊ဥပဒေနနဲ့အညီ စစ်ဆေးနေတယ်၊ စက်လှေနဲ့လာတာပါ၊ ၄၆ ယောက်ပါ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၈ ယောက်မှာ အမျိုးသား…

Read More

ပခုက္ကူမြို့မှာ စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ များပြားလာ

ဇူလိုင် ၊ ၂၅-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်က လမ်းဆုံ၊ လမ်းခွတွေမှာ အခုရက်ပိုင်း စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက် ဖမ်းဆီးခံရတဲ့သူလည်း များပြားလာတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” အခုလ ၁၅ ရက်နောက်ပိုင်း အဖမ်းခံရတာ ၁ ဒါဇင်ကျော်တယ် ၊ မနေ့က ၁ ရက်တည်းကို ၃ ယောက်အဖမ်းခံရတယ် “လို့ ပခုက္ကူမြို့ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ မနေ့က အဖမ်းခံရတဲ့ ၃ ဦးနဲ့ ပတ်သက်ပြီး ” မနေ့က မနက် ၈ နာရီဝန်းကျင်မှာ ပခုက္ကူ -မြစ်ခြေကားလမ်း ၊ စစ်ဆေးရေးဂိတ်မှာ ကိုဇာနည်ထွန်း ခေါ် တောကြောင် ကို ဖမ်းတယ်။ အဲ့ဒီနောက် မနက် ၁၀ နာရီဝန်းကျင်မှာ ပခုက္ကူ-ရေစကြိုကားလမ်း မြို့ဖေ ဆီဆိုင်နားက…

Read More

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောထား

ဇူလိုင် ၂၅-၂၀၂၂ မျိုးဆက်(VOM) ကိုဂျင်မီ၊ ကိုဖြ်ိုးဇေယျာသော်အပါအ၀င် ၄ ဦးကို စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ နိုင်ငံပိုင်သတင်းစာကနေ တရား၀င်ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုတွေကို VOM ကဖော်ပြလိုက်ရပါတယ်။ -တွမ်အန်ဒရူးစ် (မြန်မာ့နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်) “ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွက် ကြိုးပမ်းနေသူတွေကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းဟာ ကျွန်တော်အတွက် ဒေါသထွက်ပြီး ၀မ်းနည်းကြေကွဲရပါတယ်။ ဒီကိစ္စဟာ မြန်မာ့အာဏာပိုင်တွေအပေါ် ကမ္ဘာက ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး အချိုးအကွေ့ အလှည့်အပြောင်းတခုဖြစ်ပါတယ်” -ဂျပန်နိုင်ငံခြားရေး၀န်ကြီး ယိုရှီမာဆာ ဟာယာရှီ “ မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးအထီးကျန်စေမှာဖြစ်ပြီး ဒီလိုကွပ်မျက်မှုတွေဟာ စိုးရိမ်ပူပန်စရာကိစ္စဖြစ်ပါတယ်” -မက်သရူးစမစ် (ဖိုတီးရိုက်အဖွဲ့ အရှေ့တောင်အာရှရေးရာ အကြီးအကဲ) “ ဒီလိုကြောက်စရာကောင်းတဲ့…

Read More

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ကြေညာထား

ဇူလိုင်၂၅-၂၀၂၂ Voice Of Myanmar ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ နဲ့ လှိုင်သာယာလူသတ်မှုကျူးလွန်သူတွေဖြစ်တဲ့ လှမျိုးအောင် (ခ) ဝက်ကြီး၊ အောင်သူရဇော်(ခ)သူရတို့ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးပြီလို့ နိုင်ငံပိုင်သတင်းစာကနေ ဒီကနေ့မနက်ပိုင်းမှာ ကြေညာထားတာကို တွေ့ရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး နစက ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “သတင်းစာမှာပါတဲ့အတိုင်းပါဘဲ၊သတင်းစာရှင်းလင်းပွဲမှာလည်း ဒီအကြောင်းပြောမည်မဟုတ်ပါ၊ ဥပဒေအတိုင်းဆောင်ရွက်တာဖြစ်လို့ ရှင်းစရာမလိုပါဘူး”လို့ VOMကို ပြောပါတယ်။ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ကို ဇူလိုင် ၂၂ရက်နေ့က မိသားစုနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ပြည်တွင်းသတင်းမီဒီယာအချို့မှာ ဖော်ပြခဲ့တာလည်း ရှိပါတယ်။ #voiceofmyanmar #VOM #ကိုဂျင်မီ #ကိုဖြိုးဇေယျာသော်

Read More
VOM News

FREE
VIEW