တရုတ်ဒုံးပျံ အစိတ်အပိုင်းတွေ အိန္ဒိယ သမုဒ္ဒရာအတွင်း ကျရောက်

ပေကျင်း၊ ဇူလိုင် ၃၁၊ ၂၀၂၂
မျိုဆက်(VOM)

တရုတ် ဒုံးပျံရဲ့ အစိတ်အပိုင်းတွေဟာ အိန္ဒိယ သမုဒ္ဒရာအတွင်းကျရောက်ခဲ့ကြောင်း အမေရိကန်နဲ့တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။

Long March 5 ဒုံးပျံအစိတ်အပိုင်းအများစုဟာ လေထုအတွင်း မီးလောင်ပျက်စီးသွားခဲ့ပြီလို့ တရုတ် အာကာသအေဂျင်စီက ပြောပါတယ်။

အစောပိုင်းက လူနေထူထပ်သော နေရာတခုအပေါ်ကို ဒုံးပျံအစိတ်အပိုင်းတွေ ကျရောက်နိုင်ခြေမှာ အလွန်နည်းပါးကြောင်း အာကာသကျွမ်းကျင်သူတွေက အစောပိုင်းကတည်းက ပြောကြားထားခဲ့ပါတယ်။

ဒုံးပျံအစိတ်အပိုင်းတွေ အထိန်းအကွပ်မဲ့စွာ ပြန်လည်ကျဆင်းလာတာဟာ အာကာသ အမှိုက်တွေနဲ့ပတ်သက်ပြီး မေးခွန်ထုတ်မှုတွေလည်း ရှိနေပါတယ်။

ဒုံးပျံ အစိတ်အပိုင်းတွေ နိုင်ငံတကာစံနှုန်းအတိုင်း ပြန်လည်ဝင်ရောက်လာချိန်မှာ သေးငယ်သောအပိုင်းအစတွေအဖြစ် ပြိုကွဲစေဖို့ ဒုံးပျံတွေကို ဒီဇိုင်းထုတ်ရေးအတွက် နာဆာက တရုတ်အာကာသအေဂျင်စီကို ယခင်က တောင်းဆိုခဲ့ဖူးပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW