မြောက်ဒဂုံက လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ ဗုံးပေါက်လို့ ဆိုင်ရှင်နဲ့လူငယ်၂ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင် ၃၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၄၇ ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းမပေါ်ရှိ လမ်းဘေးမုန့်ဟင်းခါးဆိုင်မှာ ဒီကနေ့ မနက် ၁၁ နာရီခွဲက ဗုံးပေါက်ခဲ့ရာ ဆိုင်ရှင်နဲ့စားသုံးသူ လူငယ် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ “ဗိုလ်မြတ်ထွန်းလမ်း ဓမ္မာရုံအနီးက မုန့်ဟင်းခါးဆိုင်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဆိုင်ရှင်နဲ့စားသုံးသူလူငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်၊ ဆိုင်ခုံအောက်ကနေ ဗုံးထပေါက်တာ ကီးပတ်ဖုန်းနဲ့ထောင်ထားတာ ဆိုင်ရှင်နဲ့လူငယ်နှစ်ယောက်ထိတယ်၊ ဒဏ်ရာကတော့ အရမ်းမရဘူး အခုဆေးရုံကို လူနာတင်ယာဥ်နဲ့ခေါ်သွားတယ်”လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ဆိုင်ရှင်ဒေါ်သင်းသင်းထွေးနဲ့ လူငယ်၂ဦးကို ဆေးရုံပို့ဆောင်ကုသပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက် နတ်စင်မှတ်တိုင်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေသူခရီးသည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၉ ရပ်ကွက်မှာလည်း ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား၂ဦးသေဆုံးခဲ့ပါသေးတယ်။…

Read More

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေပြင်းထန် ၊ ဒွန်နက်ဒေသက ပြည်သူအားလုံး ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သမ္မတအမိန့်ထုတ်

ကိယက်ဗ်၊ ဇူလိုင် ၃၁၊ ၂၀၂၂ မျိုးဆက်(VOM) ရုရှားတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ယူကရိန်းထိန်းချုပ်မှုအောက်ရှိ အရှေ့ပိုင်း ဒွန်နက်ဒေသရှိ အရပ်သားအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမိန့်ထုတ်လိုက်ပါတယ်။ ဇူလိုင် ၃၀ရက် ညပိုင်းက မိန့်ခွန်းပြောကြာရာမှာ မစ္စတာ ဇီလန်စကီးက တိုက်ပွဲတွေပြင်းထန်လာတာနဲ့ပတ်သက်ပြီး အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။ ဒွန်နက်ဒေသရဲ့ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရှိန်အဟုန်နဲ့ ထိုးစစ် တိုးမြင့်လာနေချိန်ချိန်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ်။ ဒွန်နက် ဒေသမှ ဒေသခံတွေ ထွက်ခွာလာလေလေ၊ ရုရှားစစ်တပ်တွေက အရပ်သားတွေကို သတ်ဖြတ်တဲ့အရေအတွက် နည်းလေလေလို့ သမ္မတ ဇီလန်စကီးကပြောပါတယ်။ မိမိတို့အနေနဲ့ အသက်ပေါင်းများစွာကို တတ်နိုင်သမျှ ကယ်တင်ဖို့နဲ့ ရုရှားရဲ့ အကြမ်းဖက်မှုကို တတ်နိုင်သမျှ ကန့်သတ်ဖို့ ရနိုင်တဲ့ အခွင့်အရေးအားလုံးကို အသုံးပြုမယ်လို့ သမ္မတကထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:…

Read More

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဆယ်ရက်အတွင်း ဒုတိယအကြိမ် ကိုဗစ်ကူးစက်ခံရပြန်

ဝါရှင်တန်၊ ဇူလိုင် ၃၁၊ ၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ရောဂါ နောက်တကြိမ် ကူးစက်ခံနေရကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၃၀ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ အသက် 79 နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုးဘိုင်ဒင်ဟာ ဇူလိုင် ၂၁ ရက်ကလည်း ကိုဗစ်စက်ခံရပြီးအပျော့စားလက္ခဏာတွေခံစားခဲ့ရပါတယ်။ ၁၀ ရက်အတွင်း နောက်တကြိမ် ကူးစက်ခံရမှုမှာတော့ ရောဂါလက္ခဏာတွေခံစားရပေမယ့်လည်း ကွာရန်တင်းဝင်ရမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်္ဂါနေ့ကနေ သောကြာနေ့အထိ လေးကြိမ်တိုင်တိုင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု ကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။ ရောဂါကူးစက်မှုကြောင့် ကုသမှုပြန်လည်စတင်ဖို့ မလိုအပ်သော်လည်း သမ္မတဟာ အနီးကပ်စောင့်ကြည့်မှုအောက်မှာရှိနေတယ်လို့ သမားတော် Dr Kevin O’Connor က ပြောကြားထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #၀ါရှင်တန်

Read More

ပြင်ဦးလွင်မှာ မိုးများလို့ ရပ်ကွက်တချို့ကနေအိမ်တွေ ရေဝင်နေ

ပြင်ဦးလွင်၊ ဇူလိုင်၊ ၃၁၊၂၀၂၂ မနေ့ ဇူလိုင် ၃၀ ရက်နေ့ညကစပြီး မိုးများလို့ ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်တချို့မှာ ရေတွေဝင်နေပါတယ်။ ခုမနက် ၁၀နာရီထိ ရေပြန်ကျတာ မရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ကားတချို့ရေမြုပ်တာရှိသလို အုတ်တံတိုင်းလဲပြိုတာတွေလည်းရှိတယ်လို့ ပြင်ဦးလွင် မီးသတ်တပ်ဖွဲ့က သိရပါတယ်။ photo ပြင်ဦးလွင် မီးသတ် နှင့် CJ #voiceofmyanmar #VOM #ပြင်ဦးလွင် # မိုးများလို့ရေဝင်

Read More

ကလေးဝ – မော်လိုက်ကားလမ်းမှာ တံတားကျိုးကျနေလို့ ယာဥ်တွေသွားလာလို့မရသေး

ဇူလိုင် ၊ ၃၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ နန်းမော်ကယ်ကျေးရွာအနီး ကလေးဝ မော်လိုက်ကားလမ်းမှာ မနေ့ ဇူလိုင် ၃၀ ရက် မနက်ပိုင်းကတံတား ၁ စင်းကျိုးကျနေတာကြောင့် သွားလာမရဘဲ ယာဥ်ပိတ်ဆို့တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံ ကားသမားတွေဆီက သိရပါတယ်။ ” သံကူ ကွန်ကရစ်တံတားပါ ၊ တံတားချဥ်းကပ်လမ်းမြေသားတွေ ရေတိုက်စားသွားပြီး တံတားက ၆ ပေ ကျော်လောက် နိမ့်ကျသွားတာပါ ၊ ကွင်းလမ်း မရှိသေးတာကြောင့် ယာဥ်ပိတ်ဆို့တာတော့ ရှိတယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း အထက်ပိုင်းဖြစ်တဲ့ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင်၊ ဟုမ္မလင်း စတဲ့ မြို့နယ်တွေဘက်မှာ အခုလ ၂၅…

Read More

တရုတ်ဒုံးပျံ အစိတ်အပိုင်းတွေ အိန္ဒိယ သမုဒ္ဒရာအတွင်း ကျရောက်

ပေကျင်း၊ ဇူလိုင် ၃၁၊ ၂၀၂၂ မျိုဆက်(VOM) တရုတ် ဒုံးပျံရဲ့ အစိတ်အပိုင်းတွေဟာ အိန္ဒိယ သမုဒ္ဒရာအတွင်းကျရောက်ခဲ့ကြောင်း အမေရိကန်နဲ့တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ Long March 5 ဒုံးပျံအစိတ်အပိုင်းအများစုဟာ လေထုအတွင်း မီးလောင်ပျက်စီးသွားခဲ့ပြီလို့ တရုတ် အာကာသအေဂျင်စီက ပြောပါတယ်။ အစောပိုင်းက လူနေထူထပ်သော နေရာတခုအပေါ်ကို ဒုံးပျံအစိတ်အပိုင်းတွေ ကျရောက်နိုင်ခြေမှာ အလွန်နည်းပါးကြောင်း အာကာသကျွမ်းကျင်သူတွေက အစောပိုင်းကတည်းက ပြောကြားထားခဲ့ပါတယ်။ ဒုံးပျံအစိတ်အပိုင်းတွေ အထိန်းအကွပ်မဲ့စွာ ပြန်လည်ကျဆင်းလာတာဟာ အာကာသ အမှိုက်တွေနဲ့ပတ်သက်ပြီး မေးခွန်ထုတ်မှုတွေလည်း ရှိနေပါတယ်။ ဒုံးပျံ အစိတ်အပိုင်းတွေ နိုင်ငံတကာစံနှုန်းအတိုင်း ပြန်လည်ဝင်ရောက်လာချိန်မှာ သေးငယ်သောအပိုင်းအစတွေအဖြစ် ပြိုကွဲစေဖို့ ဒုံးပျံတွေကို ဒီဇိုင်းထုတ်ရေးအတွက် နာဆာက တရုတ်အာကာသအေဂျင်စီကို ယခင်က တောင်းဆိုခဲ့ဖူးပါတယ်။ Ref:BBC Photo:Getty Images #voiceofmyanmar #VOM #ပေကျင်း

Read More

သင်္ဃန်းကျွန်းနဲ့တောင်ဒဂုံမှာ ဗုံးပေါက်ကွဲပြီး လူ ၂ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ဇူလိုင် ၃၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်နဲ့တောင်ဒဂုံမြို့နယ်တို့မှာ ဒီကနေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုများဖြစ်ခဲ့ရာ ၂ဦးသေပြီး ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပေါက်ကွဲမှုဖြစ်ရာ မြို့နယ်တွေဆီကသိရပါတယ်။ တောင်ဒဂုံမြို့နယ်၊ ၁၇ ရပ်ကွက်၊ အမှတ် ၂လမ်းမကြီးပေါ်ရှိ နတ်စင်ကားမှတ်တိုင်မှာ ဒီကနေ့ မနက် ၉ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ YBS ကားစောင့်နေတဲ့ ခရီးသည်၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ကားမှတ်တိုင်မှာ ပေါက်တာ အဲ့ဒီမှာကားစောင့်နေတဲ့ ၄ဦး ဒဏ်ရာရတယ်၊ လူနာတင်ယာဥ်တွေနဲ့ခေါ်သွားတာတွေ့တယ် စစ်တပ်တော့ ရောက်ပြီး စစ်ဆေးနေတယ်”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ကိုသန်းဝင်း၊ကိုဟန်ဝင်းငြိမ်း၊ကိုကျော်မင်းနိူင်နဲ့မဖြူသွယ်အေးတို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးကပြောပါတယ်။ “အခုဆေးရုံပို့ထားပါတယ်၊ YBS မှတ်တိုင်က ခုံအောက်ကနေ ဗုံးကပေါက်တာ ဒဏ်ရာတော့ရတယ် မစိုးရိမ်ရပါဘူး”လို့ ပြောပါတယ်။ အလားတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ရပ်ကွက်၊ ကောက်သွယ်၁ လမ်းရှိ နေအိမ်တစ်လုံးအတွင်း ဒီကနေ့ မနက်၅နာရီက ဗုံးပေါက်ကွဲခဲ့ရာ…

Read More

မန္တလေး ရွှေဘို ကားလမ်းဘေးက လှတောရဲစခန်း မီးရှို့ခံရ

ဇူလိုင် ၊ ၃၁ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြိုနယ် ၊ လှတောကျေးရွာ ၊ မန္တလေး ရွှေဘိုကားလမ်းဘေးမှာရှိတဲ့ လှတောရဲကင်းစခန်းဟာ မနေ့ ဇူလိုင် ၃၀ ရက်ညပိုင်းက မီးရှို့ခံလိုက်ရတာ ဖြစ်တယ်လို့ လှတောဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က ညပိုင်း ၉ နာရီဝန်းကျင်မှာ အရှို့ခံလိုက်ရတာပါ ၊ ရဲစခန်း မီးမလောင်ခင် သေနတ်ပစ်ခတ်သံတွေလည်း ကြားရသေးတယ် ” လို့ လှတောဒေသခံ တယောက်က ပြောပါတယ်။ ” လှတော ရဲကင်းစခန်း မီးရှို့ခံရတာပါ ၊ နေအိမ်လိုင်းခန်းတွေနဲ့ အချုပ်ခန်း အပါအဝင် ရုံးအဆောက်ဦး လောင်သွားတယ် ၊ ပစ်ခတ်မှုရှိခဲ့တယ် ” လို့ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ လှတောရဲကင်းစခန်းဟာ…

Read More
VOM News

FREE
VIEW