ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေပြင်းထန် ၊ ဒွန်နက်ဒေသက ပြည်သူအားလုံး ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သမ္မတအမိန့်ထုတ်

ကိယက်ဗ်၊ ဇူလိုင် ၃၁၊ ၂၀၂၂
မျိုးဆက်(VOM)

ရုရှားတပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ယူကရိန်းထိန်းချုပ်မှုအောက်ရှိ အရှေ့ပိုင်း ဒွန်နက်ဒေသရှိ အရပ်သားအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက အမိန့်ထုတ်လိုက်ပါတယ်။

ဇူလိုင် ၃၀ရက် ညပိုင်းက မိန့်ခွန်းပြောကြာရာမှာ မစ္စတာ ဇီလန်စကီးက တိုက်ပွဲတွေပြင်းထန်လာတာနဲ့ပတ်သက်ပြီး အခုလိုသတိပေးလိုက်တာဖြစ်ပါတယ်။

ဒွန်နက်ဒေသရဲ့ အစိတ်အပိုင်းအများအပြားကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရှိန်အဟုန်နဲ့ ထိုးစစ် တိုးမြင့်လာနေချိန်ချိန်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပါတယ်။

ဒွန်နက် ဒေသမှ ဒေသခံတွေ ထွက်ခွာလာလေလေ၊ ရုရှားစစ်တပ်တွေက အရပ်သားတွေကို သတ်ဖြတ်တဲ့အရေအတွက် နည်းလေလေလို့ သမ္မတ ဇီလန်စကီးကပြောပါတယ်။

မိမိတို့အနေနဲ့ အသက်ပေါင်းများစွာကို တတ်နိုင်သမျှ ကယ်တင်ဖို့နဲ့ ရုရှားရဲ့ အကြမ်းဖက်မှုကို တတ်နိုင်သမျှ ကန့်သတ်ဖို့ ရနိုင်တဲ့ အခွင့်အရေးအားလုံးကို အသုံးပြုမယ်လို့ သမ္မတကထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo: AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW