ကိုဇေယျာသော်ရဲ့ မိဘနေအိမ်နဲ့ ကိုဂျင်မီရဲ့အိမ်ကို အမည်မသိလူအုပ်စုက ခဲနဲ့ လာရောက်ပစ်ပေါက် စိန်ခေါ်

ရန်ကုန်၊ဇူလိုင် ၂၇၊ ၂၀၂၂ KK(VOM) ကျောက်တံတားမြို့နယ် ၉ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိဘတွေနေထိုင်ရာ နေအိမ်ကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိလူအုပ်စုက လာရောက်ပြီး ခဲတွေနဲ့ပေါက် ဆဲဆိုကာ စိန်ခေါ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁၂နာရီခွဲ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်မှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့မိဘတွေနေအိမ်ကို Light Truck ကားတွေနဲ့ လူဦးရေ ငါးဆယ်ကျော်ခန့် ရောက်ရှိလာပြီး ဆဲဆို ခဲနဲ့ပေါက်ခဲ့တာဖြစ်တယ်လို့ ပတ်ဝန်းကျင်နေသူတဦးက ပြောပါတယ်။ “သူတို့ပြောတာ ဇေယျာသော်ရဲ့ မစ်ရှင်မှာတုန်းက သေခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေလို့ ပြောတာပဲ ဟုတ်မဟုတ်တော့မသိဘူး ခဲတွေနဲ့ပေါက်တယ် လေးခွတွေနဲ့ပစ်တယ် ကိုဇေယျာသော်အဖေကို ဆင်းခဲ့ဖို့ သတ္တိရှိရင်ထွက်ခဲ့ဖို့ စိန်ခေါ်တယ်”လို့ ပြောပါတယ်။ အဲဒီလူအုပ်ကြီးဟာ မိနစ်နှစ်ဆယ်ခန့် ခဲတွေ၊ လေးခွတွေနဲ့ပစ်ခတ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံလာရောက်မယ်လို့ ခြိမ်းခြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ကိုဇေယျာသော်ရဲ့မိဘနေအိမ်…

Read More

ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ နိုင်ငံသို့ပြန်လာဖို့ စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာဟာ စင်ကာပူနိုင်ငံကနေ သီရိလင်္ကာကို ပြန်လာဖို့စီစဉ်နေကြောင်း သီရိလင်္ကာအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မစ္စတာရာဂျာပက်ဆာဟာ ပုန်းရှောင်နေခြင်းမရှိကြောင်း ဒါပေမယ့် သူပြန်လာမယ့် နေ့ရက်ကို အတိအကျမသိရသေးကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘန်ဒူလာဂူနာဝါဒီနာက သတင်းထောက်တွေကို ပြောပါတယ်။ နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းကြောင့် လူထုအုံကြွမှုနဲ့ ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားပြီးနောက် သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။ သူဟာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် စီးပွားရေးအကြပ်ရိုက်ခဲ့ကာ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အခက်အခဲတွေဖြစ်ပေါ်စေခဲ့ကြောင်း ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ မစ္စတာရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ထွက်ပြေးခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

ဆားလင်းကြီး ရေမိန်တောင်ရွာမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်း ထက်မနည်းတွေ့

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ရေမိန်တောင်ရွာမှာ မနေ့ ဇူလိုင် ၂၆ ရက်က တိုက်ပွဲရှောင်တွေ ရွာကိုပြန်လာတဲ့အခါ ရွာထဲမှာ အသတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၅ လောင်းထက်မနည်းကို တွေ့ခဲ့ရတယ်လို့ ဆားလင်းကြီးနယ်ခံတွေဆီက သိရပါတယ်။ ရေမိန်တောင်ရွာထဲမှာ တွေ့ရတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” အလောင်းတွေက ပုတ်တောင်းထဲက တွေ့ရတာရှိတယ် ၊ မိုးကာစအုပ်ထားတာတွေလည်း တွေ့ရတယ် ၊ နောက်ပြီး အဆောက်အဦပျက်တွေကြားကလည်း တွေ့ရတယ် ၊ ဦးချစ်ရွှေ အသက် ၆၀ နှစ်နဲ့ ကိုအောင်မိုး အသက် ၃၀ နှစ်တို့ ၂ ယောက်ဟာ ဦးခေါင်းပိုင်းက လုံးဝ ကြေမွနေတာ “လို့…

Read More

မန္တလေးမှာ လူသတ်၊ ကားလုပြီး အလောင်းလမ်းဘေးစွန့်ပစ်ခံခဲ့ရ

ဇူလိူင် ၂၇-၂၀၂၂ VOM (GG) မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ စီးလာတဲ့ကားကို လုယူပြီး လူကိုသတ်ကာ အလောင်းကိုလမ်းဘေးစွန့်ပစ်ခဲ့မှု မနေ့ ဇူလိူင်၂၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၂ နာရီ ခွဲလောက်မှာ အမျိုးသားတဦး မျက်ကွင်းတွေညိုမဲပြီး နှာခေါင်းထဲက သွေးထွက်၊ မှောက်လျှက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဖုန်းဆက်သတင်းပေးလို့ ဆေးရုံကြီးရေခဲတိုက်ကိုပို့ပေးခဲ့တယ်၊ အလောင်းပိုင်ရှင်တွေနဲ့လည်းအဆက်သွယ်ရပါတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေမဉ္ဇူ ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။ အသတ်ခံရသူဟာ ကိုရဲကိုထက်၊ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနဲ့ (၁၃၉)လမ်းကြား၊ (၇၇)လမ်းနဲ့ (၇၈)လမ်းကြား လမ်းဘေးမှာ စွန့်ပစ်ထားတာခဲ့တာကိုတွေ့ရှိရတာ ဖြစ်တယ်လို့သိရပါတယ်။ ကိုရဲကိုထက်ဟာ အမရပူရမြို့နယ်၊ မြစ်လောင်းရွာမှာနေထိုင်သူဖြစ်ပြီး မနေ့ကမနက် ၉ နာရီခန့် နေအိမ်ကနေ…

Read More

မြိုင်မြို့နယ်မှာ ၁ လ အတွင်း ရေနံလက်ယက်တွင်း ၃ ရာကျော် မီးရှို့ဖျက်ဆီးခံရလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ လုပ်လက်မဲ့ဖြစ်လာ

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်း မှာရှိတဲ့ ရေခါးရေနံမှော်နဲ့ ကျောက်ခွက်ရေနံမှော်က ရေနံလက် ယက်တွင်း ၃ ရာကျော်ဟာ အခုလအတွင်း မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေဟာ အလုပ်လက်မဲ့ ဖြစ်လာရတယ်လို့ ဒေသခံ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မြိုင်နယ်မှာက စိုက်ပျိုးမြေရှားတယ် ၊ ဒေသခံအများစုက ရေနံလက်ယက်တွင်း တူးတဲ့သူတွေရှိတယ် ၊ အဲ့ဒီ ရေနံလုပ်ကွက်တွေကို အမှီပြုပြီး အလုပ်သမားလုပ်ကြတယ် ၊ စျေးရောင်းကြတယ် ၊ အခုလို တွင်းတွေ ဖျက်ဆီးခံရပြီး လုပ်ငန်းတွေ ရပ်နားသွားတော့ မြိုင်နယ်ခံတွေအနေနဲ့ စားဝတ်နေရေး ကြပ်တည်းသွားတယ် ၊ အလုပ်လက်မဲ့ လူ ၂ ထောင်ကျော်လောက်ဖြစ်သွားတယ် ” လို့ မြိုင်မြို့နယ် ရေနံလုပ်သား တယောက်က…

Read More

နစကကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ EAO အဖွဲ့ ဒုတိယအကြိမ် ထပ်မံဆွေးနွေးမယ်

ဇူလိူင် ၂၇-၂၀၂၂ KK(VOM) နစကကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) ၉ဖွဲ့ဟာ ဒုတိယအကြိမ်ထပ်မံဆွေးနွေးသွားမယ်လို့ နစကသတင်းထုတ်ပြန်ရေးကနေ သိရပါတယ်။ ဒုတိယအကြိမ်ထပ်မံဆွေးနွေးဖို့ ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီးကပြောခဲ့တာဖြစ်ပါတယ်။ “ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်န က်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်မထိုးထားက ၂ ဖွဲ့ က နိူင်ငံ တော်ဝန်ကြီးချုပ်နဲ့ ဆွေးနွေးပြီးဖြစ်တယ်၊ တွေ့ပြီးတဲ့အဲ့ဒီအဖွဲ့တွေနဲ့ပဲ ဒုတိယအကြိမ် ထပ်ပြီးဆွေးနွေးဖို့ လုပ်နေတယ်”လို့ သူကပြောပါတယ်။ နစကကောင်စီဟာ ဧပြီ၂၂ က ငြိမ်းချမ်းရေးရရှိဖို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေရဲ့ခေါင်းဆောင်တွေကို ကိုယ်တိုင်တွေ့ဆုံဆွေးနွေးမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ဖိတ်ခေါ်ပြီးနောက်မှာ မေလ၂၀ ရက်ကစပြီး ဇူလိုင်လ ၈ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်တဲ့ RCSS/SSA၊ NMSP၊ KNU/KNLA-PC၊ UWSP/UWSA၊…

Read More

ဒေါ်လာဈေးဂယက်ကြောင့် ဆန်၊ ဆေး၊ အခြေခံစားသောက်ကုန်နဲ့အသားငါးစျေး အကုန်မြင့်တက်သွား

ဇူလိူင် ၂၇-၂၀၂၂ GG(VOM) ဒေါ်လာဈေးထိန်းချုပ်မှုတွေကြောင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းတွေ စျေးနူန်းမြင့်တက်သွားတယ်လို့ ဆန်ရောင်းချသူတွေနဲ့စားသုံးသူတွေဆီကသိရပါတယ်။ ” စျေးကတော့ရောင်းရမှာတောင် ခပ်လန့်လန့်ပါ။ဆန်စျေးတက်လို့ ကျနော်တို့လည်း ပိုမမြတ်ဘူး အရင်းများသွားတာပဲရှိတယ်။စားသုံးသူလည်း အရမ်းဝန်ကြီးသွားစေတယ်။အရင်က ပေါ်ဆန်အကောင်းဆုံးမှ ၇၂၀၀၀ ရယ်၊ အခုက ၉၀၀၀၀ နားကပ်နေပြီ ” လို့ ဆန်ရောင်းချနေသူတဦးကပြောပါတယ်။ ရွှေဘိုပေါ်ဆန်းမွှေး ထူးရှယ် ၂၄ ပြည် တအိပ်ကို အရင် ၇၄၀၀၀ လောက်ကနေ လက်ရှိမှာ ၈၇၀၀၀ ကျပ်အထိ မြင့်တက်သွားတာဖြစ်ပါတယ်။ ဆန်တအိတ်ကို ၁၃၀၀၀ ကျပ်မြင့်တက်သွားတာဖြစ်ပြီး ကျန်တဲ့ ဆန်အမျိုးအစားတွေလည်း စျေးအနည်းငယ်တက်ပေမယ့် ရွှေဘိုပေါ်ဆန်းက အမြင့်ဆုံး တက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ရွှေဘိုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ စပါးစိုက်ပျိုးမှုကို အရင်နှစ်တွေကလို ပုံမှန်အတိုင်းမလုပ်နိုင်တာကြောင့် ဆန်ရှားပါးနေတာဖြစ်တယ်လို့ သိရပါတယ်။ ” ဒီဘက်မှာ ရွာတွေမှာ စပါးတွေစိုက်ပျိုးမှု အရင်လိုမရဘူးလေ။တိုက်ပွဲဖြစ်တော့…

Read More

အင်းစိန်အကျဥ်းထောင်တံခါး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတိုးမြှင့်ထား

ဇူလိုင်၂၆-၂၀၂၂ KK(VOM) အင်းစိန်အကျဥ်းဦးစီးဌာနကို မနေ့ ဇူလိုင်၂၅ရက် ညပိုင်းက လမ်းမပေါ်ကနေ သေနတ်နဲ့ပစ်ခတ်သွားပြီးနောက်ပိုင်း လုံခြုံရေးတိုးမြှင့်ထားတယ် ရွာမအရှေ့ရပ်ကွက်မှာနေထိုင်သူတွေဆီက သိရပါတယ်။ အင်းစိန်မြို့နယ်၊ရွာမအရှေ့ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်က အင်းစိန်ဗဟိုအကျဉ်းထောင်ဝင်/ထွက်ပေါက်ကို မနေ့ည ၇ နာရီက အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ “ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ တံခါးမကြီးကပိတ်ထားတာ ထိမထိတော့ မသိဘူး၊ ဒီနေ့တော့ စစ်တပ်ရော ရဲရော ထောင်နဲ့အနီးတဝိုက်မှာရှိတယ်”လို့ ပြောပါတယ်။ ဖော့ကန်ဘက်ကနေ အောက်မင်္ဂလာဒုံလမ်းအတိုင်းမောင်းလာတဲ့ ဆိုင်ကယ်တစီးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ အကျဥ်းဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။ “ပစ်ပြီးမောင်းပြေးတာပါ ထောင်ဗူးဝလည်းမဟုတ်ဘူး အနောက်ဘက်ပါ၊ လူထိခိုက်မှုလည်းမရှိပါဘူး ဒီနေ့ အင်းစိန်ထောင်မှာ ဆူတာလည်းမရှိဘူး၊ သေနတ်နဲ့ပစ်တာက ညကပါ ထောင်ထဲမှာ ဖြစ်တာမဟုတ်ဘူး၊ အပြင်ကနေ လာပစ်သွားတာ”လို့ ရှင်းပြပါတယ်။ အင်းစိန်အကျဥ်းထောင်မှာ ပြီးခဲ့တဲ့လတွေက အကျဥ်းထောင်ဝန်းအတွင်း ဗုံးပေါက်ကွဲမှုတွေ၊ ထောင်အပြင်ဘက်ဗုံးကွဲမှုတွေရှိခဲ့ပြီး မနေ့ညကလည်း ထောင်ကိုလာရောက်ပစ်ခတ်တာတွေရှိတာကြောင့်…

Read More

ပြည်တွင်းရွှေစျေး ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာစျေးက ၂၇၀၀ အထိ စျေးပေါက်နေ

ဇူလိူင် ၂၆-၂၀၂၂ VOM (GG) ကမ္ဘာရွှေစျေးက ဆက်တိုက်ကျနေပေမယ့် ပြည်တွင်း ရွှေဈေးနူန်းက တကျပ်သားကို ၂၃ သိန်းကျော်အထိ မြင့်တက်သွားပြီး ဒေါ်လာစျေးက ၂၇၀၀ အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွန်းစျေးက ရွှေတကျပ်သားကို သိန်း ၂၀၆၀၀၀၀ ကျပ်သာရှိပြီး ​ပြင်ပပေါက်စျေးက ၂၃၄၀၀၀၀ ကျပ်အထိ ရှိနေတာဖြစ်ပါတယ်။ ” အပြင်မှာ သူတို့စျေး ဘယ်သူမှအရောင်းဝယ်မရှိဘူး ။ အခုပေါက်တာ၂၃၄၀၀၀၀ ရှိတယ်။တဆိုင်နဲ့တဆိုင်တော့မတူဘူး ။ကြိုက်စျေးလိုဖြစ်နေ “လို့ ရွှေဆိုင် ပိုင်ရှင်တဦးကပြောပါတယ်။ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်ကတော့ အခုလိုရွှေစျေး၊ဒေါ်လာစျေး အဆမတန်မြင့်တက်နေတာဟာ နိုင်ငံရေးအခြေအနေပေါ် လိုက်ပြီး ကောလဟာလသတင်းတွေဖြန့်ကာ စျေးကစားနေကြတာဖြစ်တယ်လို့ ပြောပါတယ်။ ” အဲ့ဒါက ရန်ကုန် စျေးမဟုတ်ဘူး မန္တလေးမှာပေါက်တဲ့စျေး၊ မန္တလေးမှာ တအားအဝယ်လိုက်နေတယ် ရန်ကုန်မှာလျှောက်ပြောနေတာ မပေါက်ပါဘူး။ အပြင်မှာ…

Read More

ပြည်အကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ပွားခဲ့

ဇူလိူင် ၂၆-၂၀၂၂ VOM (GG) ပြည်မြို့အကျဥ်းထောင်မှာ ထောင်ဆူမှုဖြစ်ခဲ့လို့ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ကိုဖြိုးဇေယျာသော်၊ကိုဂျင်မီတို့ ၄ ဦး သေဒဏ်စီရင်ခံရတယ်ဆိုတဲ့ သတင်း​ကြောင့် ပြည်အကျဥ်းထောင်က အကျဥ်းသားတွေဟာ မနေ့ ဇူလိူင်၂၅ ရက် ညပိုင်းမှာ ထောင်တွင်းဆန္ဒပြမှုတွေလုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် မနေ့ကည ၁၁ နာရီလောက်ဖြစ်မယ် ထောင်ထဲမှာ သေနတ်ပစ်သံကြားရတယ်။ နိုင်ကျဥ်းတွေပြကြတာလို့တော့ကြားတယ်။သေနတ် ၉ ချက် ၁၀ ချက်လောက်ရှိမယ်၊ “လို့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။ ထောင်ဆူမှုဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြည်မြို့တွင်းမှာ လှည့်လည်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်အသေးစိတ်ကိုသိရဖို့အတွက် ပြည်အကျဥ်းထောင်တာဝန်ရှိသူဆီကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိခဲ့တာကြောင့် အတည်ပြုနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီနေ့ ဇူလိူင်လ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ပြည်မြို့ ယဉ်ကျေးမှုရုံအနီးက ပန်းဘဲတန်းကျောင်းနဲ့ အမှတ်(၁) အထကကျောင်းနားမှာ ဆန္ဒပြတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့လို့ ကျောင်းရှေ့မှာ…

Read More
VOM News

FREE
VIEW