ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ နိုင်ငံသို့ပြန်လာဖို့ စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၂၇-၂၀၂၂
မျိုးဆက်(VOM)

နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာဟာ စင်ကာပူနိုင်ငံကနေ သီရိလင်္ကာကို ပြန်လာဖို့စီစဉ်နေကြောင်း သီရိလင်္ကာအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မစ္စတာရာဂျာပက်ဆာဟာ ပုန်းရှောင်နေခြင်းမရှိကြောင်း ဒါပေမယ့် သူပြန်လာမယ့် နေ့ရက်ကို အတိအကျမသိရသေးကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘန်ဒူလာဂူနာဝါဒီနာက သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းကြောင့် လူထုအုံကြွမှုနဲ့ ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားပြီးနောက် သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။

သူဟာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် စီးပွားရေးအကြပ်ရိုက်ခဲ့ကာ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အခက်အခဲတွေဖြစ်ပေါ်စေခဲ့ကြောင်း ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။

မစ္စတာရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ထွက်ပြေးခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW