လိမ်တာ ကလိန်တာ၊ ညာတာတွေ၊ ပွေတတ်သမျှပွေ

ဆူးငှက် ““မန္တလေးဆို ..ရွှေမြို့၊ တို့ရတနာပုံနေပြည် … တင့်တယ်သာယာစည်ကား … ဟိုတုန်းအခါကလေ … အဲဒါတွေ မတွေးကြနဲ့ ရှေ့ဆက်ကာ စီမံကြံစို့လေ …””တဲ့။ သီချင်းရေး ဆရာအေဝမ်း ဆရာညှာနဲ့ မြို့မအသင်းကြီးက စစ်ကြီးအပြီး မန္တလေးပြန်အဝင်မှာ မန္တလေးပြန်လည်ထူထောင်ရေးအတွက် အားကောင်းမောင်းသန် ပြန်လည်ကြိုးစားကြဖို့ အားပေးခဲ့ပေမယ့် လူတွေက ပန်းနေပြီ။ ခြေကုန်လက်ပန်း ကျနေကြပြီ။ ကမ္ဘာစစ်ကြီးကြောင့် မြို့မှာ ပြာဘုံဘဝရာက်ရှိသွားခဲ့သည့် အတွက် ကိုယ့်အိုး ကိုယ့်အိမ်နေရာကိုပင် မနည်းပြန်လည်ရှာဖွေကာ ဖြစ်သလို ယာယီတဲထိုး၍ နေကြရသည်။ ကမ္ဘာစစ်ကြောင့် ပျက်စီးသွားသော မြို့ပြကြီး ပြန်လည်ထူထောင်ရေးအတွက် ကာယကံရှင် မြို့သူမြို့သားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ စိတ်ဓာတ်အားမာန်များ စွမ်းစွမ်းတမံရှိရေးကား အထူးလိုအပ်လှပေသည်။ ကမ္ဘာစစ်ကြီးက ရုပ်ဝတ္ထုပျက်စီးစေမှုများ သာမက စိတ်ဓာတ်ရေးရာ ပျက်စီးစေမှု“ဆိုးမွေ”များကို တနင့်တပိုးပေးခဲ့ချေပြီ။ နိုင်ငံခြားသား စစ်သားများနှင့် အတူပါလာသော အသောက်အစား၊ အပျော်အပါး၊လောင်းကစားမှု…

Read More

အိုင်အက်စ်အက်စ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်း ရုရှား တည်ဆောက်တော့မယ်

မော်စကို ၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ရုရှားဟာ နိုင်ငံတကာအာကာသစခန်း(အိုင်အက်စ်အက်စ်) မှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင်အာကာသစခန်းကို တည်ဆောက်တော့မယ်လို့ ရုရှားနိုင်ငံက ဇူလိုင် ၂၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ရုရှားတို့ဟာ အခြားသော မဟာမိတ်တွေနဲ့အတူ နိုင်ငံတကာအာကာသစခန်းမှာ ၁၉၉၈ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေကို အောင်မြင်စွာလုပ်ဆောင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဆက်ဆံရေးယိုယွင်းလာခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် နိုင်ငံတကာအာကာစခန်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှုတ်ထွက်မယ်လို့ ရုရှားက ယခင်ကတည်းက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအာကာသစခန်းမှာ လုပ်ဆောင်နေတဲ့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွေကနေ နှုတ်ထွက်မယ့် ရုရှားရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တရား၀င်အသိပေးချက် တစုံတရာမရရှိသေးကြောင်း နာဆာက ပြောဆိုထားပါတယ်။ အာကာသအေဂျင်စီငါးခုပါ၀င်တဲ့ ပူးပေါင်းစီမံကိန်းဖြစ်တဲ့ နိုင်ငံတကာအာကာသစခန်းဟာ ၁၉၉၈ ခုနှစ်ကတည်းက ကမ္ဘာပတ်လမ်းကြောင်းမှာ လည်ပတ်နေခဲ့ပြီး ထောင်နဲ့ ချီတဲ့ သိပ္ပံစမ်းသပ်မှုတွေပြုလုပ်ဖို့…

Read More

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်လို့ တရက်ထဲ လူ ၂၀ သေဆုံး

ဒေလီ၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်ရှိ ခရိုင်ရှစ်ခုမှာ မိုးကြိုးပစ်မှုတွေကြောင့် တရက်ထဲ လူ ၂၀ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၇ ရက်နဲ့ ၂၈ ရက်တို့မှာ အဲဒီပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မိုးကြိုးမုန်တိုင်းတွေ ပိုမိုဖြစ်ပွားနိုင်ကြောင်း မိုးလေ၀သတာ၀န်ရှိသူတွေက ခန့်မှန်းထားပါတယ်။ ဒေသခံတွေအနေနဲ့ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်တွေရဲ့လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ ပြည်နယ်၀န်ကြီးချုပ် နစ်ရ်ှကူးမားက တိုက်တွန်းထားပါတယ်။ သေဆုံးသူတွေရဲ့ မိသားစုတွေအတွက် ဂရုဏာကြေး ရူပီးလေးသောင်းစီ ပေးအပ်ထားကြောင်း ပြည်နယ်၀န်ကြီးချုပ်က ဇူလိုင် ၂၆ ရက်မှာပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ မုတ်သုန်မိုးရွာသွန်းတဲ့ ကာလတွေမှာ မိုးကြိုးပစ်တာတွေကြောင့် နှစ်စဉ်နှစ်တိုင်း လူရာနဲ့ချီပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မိုးကြိုးပစ်မှုကြောင့် သေဆုံးမှုမြင့်မားရတဲ့ အကြောင်းရင်းတွေထဲကတခုကတော့ အိန္ဒိယနိုင်ငံမှာ အဆောက်အအုံတွေပြင်ပမှာ အလုပ်လုပ်ကိုင်သူတွေဟာ အခြားသောနိုင်ငံတွေထက် ပိုမိုများပြားတာကြောင့်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

ကိုဇေယျာသော်ရဲ့ မိဘနေအိမ်နဲ့ ကိုဂျင်မီရဲ့အိမ်ကို အမည်မသိလူအုပ်စုက ခဲနဲ့ လာရောက်ပစ်ပေါက် စိန်ခေါ်

ရန်ကုန်၊ဇူလိုင် ၂၇၊ ၂၀၂၂ KK(VOM) ကျောက်တံတားမြို့နယ် ၉ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိဘတွေနေထိုင်ရာ နေအိမ်ကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိလူအုပ်စုက လာရောက်ပြီး ခဲတွေနဲ့ပေါက် ဆဲဆိုကာ စိန်ခေါ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက် ၁၂နာရီခွဲ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်မှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့မိဘတွေနေအိမ်ကို Light Truck ကားတွေနဲ့ လူဦးရေ ငါးဆယ်ကျော်ခန့် ရောက်ရှိလာပြီး ဆဲဆို ခဲနဲ့ပေါက်ခဲ့တာဖြစ်တယ်လို့ ပတ်ဝန်းကျင်နေသူတဦးက ပြောပါတယ်။ “သူတို့ပြောတာ ဇေယျာသော်ရဲ့ မစ်ရှင်မှာတုန်းက သေခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေလို့ ပြောတာပဲ ဟုတ်မဟုတ်တော့မသိဘူး ခဲတွေနဲ့ပေါက်တယ် လေးခွတွေနဲ့ပစ်တယ် ကိုဇေယျာသော်အဖေကို ဆင်းခဲ့ဖို့ သတ္တိရှိရင်ထွက်ခဲ့ဖို့ စိန်ခေါ်တယ်”လို့ ပြောပါတယ်။ အဲဒီလူအုပ်ကြီးဟာ မိနစ်နှစ်ဆယ်ခန့် ခဲတွေ၊ လေးခွတွေနဲ့ပစ်ခတ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံလာရောက်မယ်လို့ ခြိမ်းခြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။ ကိုဇေယျာသော်ရဲ့မိဘနေအိမ်…

Read More

ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ နိုင်ငံသို့ပြန်လာဖို့ စီစဉ်နေ

ကိုလံဘို၊ ဇူလိုင်-၂၇-၂၀၂၂ မျိုးဆက်(VOM) နိုင်ငံကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာရာဂျာပက်ဆာဟာ စင်ကာပူနိုင်ငံကနေ သီရိလင်္ကာကို ပြန်လာဖို့စီစဉ်နေကြောင်း သီရိလင်္ကာအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မစ္စတာရာဂျာပက်ဆာဟာ ပုန်းရှောင်နေခြင်းမရှိကြောင်း ဒါပေမယ့် သူပြန်လာမယ့် နေ့ရက်ကို အတိအကျမသိရသေးကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘန်ဒူလာဂူနာဝါဒီနာက သတင်းထောက်တွေကို ပြောပါတယ်။ နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းကြောင့် လူထုအုံကြွမှုနဲ့ ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်ပွားပြီးနောက် သမ္မတဂိုတာဘာယာ ရာဂျာပက်ဆာဟာ နိုင်ငံကနေ ထွက်ပြေးသွားခဲ့ပါတယ်။ သူဟာ နိုင်ငံတော်ဘဏ္ဍာငွေတွေကို အလွဲသုံးစားလုပ်ခဲ့ခြင်းကြောင့် စီးပွားရေးအကြပ်ရိုက်ခဲ့ကာ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အခက်အခဲတွေဖြစ်ပေါ်စေခဲ့ကြောင်း ဆန္ဒပြသူတွေက စွပ်စွဲထားပါတယ်။ မစ္စတာရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ သီရိလင်္ကာနိုင်ငံမှ မော်လ်ဒိုက်သို့ ထွက်ပြေးခဲ့ပြီး ဇူလိုင် ၁၄ ရက်မှာ စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

ဆားလင်းကြီး ရေမိန်တောင်ရွာမှာ အသတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်း ထက်မနည်းတွေ့

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ ရေမိန်တောင်ရွာမှာ မနေ့ ဇူလိုင် ၂၆ ရက်က တိုက်ပွဲရှောင်တွေ ရွာကိုပြန်လာတဲ့အခါ ရွာထဲမှာ အသတ်ခံထားရတဲ့ အမျိုးသား ရုပ်အလောင်း ၅ လောင်းထက်မနည်းကို တွေ့ခဲ့ရတယ်လို့ ဆားလင်းကြီးနယ်ခံတွေဆီက သိရပါတယ်။ ရေမိန်တောင်ရွာထဲမှာ တွေ့ရတဲ့ အလောင်းတွေနဲ့ ပတ်သက်လို့ ဒေသခံတယောက်က ” အလောင်းတွေက ပုတ်တောင်းထဲက တွေ့ရတာရှိတယ် ၊ မိုးကာစအုပ်ထားတာတွေလည်း တွေ့ရတယ် ၊ နောက်ပြီး အဆောက်အဦပျက်တွေကြားကလည်း တွေ့ရတယ် ၊ ဦးချစ်ရွှေ အသက် ၆၀ နှစ်နဲ့ ကိုအောင်မိုး အသက် ၃၀ နှစ်တို့ ၂ ယောက်ဟာ ဦးခေါင်းပိုင်းက လုံးဝ ကြေမွနေတာ “လို့…

Read More

မန္တလေးမှာ လူသတ်၊ ကားလုပြီး အလောင်းလမ်းဘေးစွန့်ပစ်ခံခဲ့ရ

ဇူလိူင် ၂၇-၂၀၂၂ VOM (GG) မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ စီးလာတဲ့ကားကို လုယူပြီး လူကိုသတ်ကာ အလောင်းကိုလမ်းဘေးစွန့်ပစ်ခဲ့မှု မနေ့ ဇူလိူင်၂၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” မနေ့က နေ့လယ် ၂ နာရီ ခွဲလောက်မှာ အမျိုးသားတဦး မျက်ကွင်းတွေညိုမဲပြီး နှာခေါင်းထဲက သွေးထွက်၊ မှောက်လျှက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဖုန်းဆက်သတင်းပေးလို့ ဆေးရုံကြီးရေခဲတိုက်ကိုပို့ပေးခဲ့တယ်၊ အလောင်းပိုင်ရှင်တွေနဲ့လည်းအဆက်သွယ်ရပါတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေမဉ္ဇူ ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။ အသတ်ခံရသူဟာ ကိုရဲကိုထက်၊ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနဲ့ (၁၃၉)လမ်းကြား၊ (၇၇)လမ်းနဲ့ (၇၈)လမ်းကြား လမ်းဘေးမှာ စွန့်ပစ်ထားတာခဲ့တာကိုတွေ့ရှိရတာ ဖြစ်တယ်လို့သိရပါတယ်။ ကိုရဲကိုထက်ဟာ အမရပူရမြို့နယ်၊ မြစ်လောင်းရွာမှာနေထိုင်သူဖြစ်ပြီး မနေ့ကမနက် ၉ နာရီခန့် နေအိမ်ကနေ…

Read More

မြိုင်မြို့နယ်မှာ ၁ လ အတွင်း ရေနံလက်ယက်တွင်း ၃ ရာကျော် မီးရှို့ဖျက်ဆီးခံရလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ လုပ်လက်မဲ့ဖြစ်လာ

ဇူလိုင် ၊ ၂၇ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်း မှာရှိတဲ့ ရေခါးရေနံမှော်နဲ့ ကျောက်ခွက်ရေနံမှော်က ရေနံလက် ယက်တွင်း ၃ ရာကျော်ဟာ အခုလအတွင်း မီးရှို့ဖျက်ဆီးခံရလို့ ဒေသခံတွေဟာ အလုပ်လက်မဲ့ ဖြစ်လာရတယ်လို့ ဒေသခံ ရေနံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” မြိုင်နယ်မှာက စိုက်ပျိုးမြေရှားတယ် ၊ ဒေသခံအများစုက ရေနံလက်ယက်တွင်း တူးတဲ့သူတွေရှိတယ် ၊ အဲ့ဒီ ရေနံလုပ်ကွက်တွေကို အမှီပြုပြီး အလုပ်သမားလုပ်ကြတယ် ၊ စျေးရောင်းကြတယ် ၊ အခုလို တွင်းတွေ ဖျက်ဆီးခံရပြီး လုပ်ငန်းတွေ ရပ်နားသွားတော့ မြိုင်နယ်ခံတွေအနေနဲ့ စားဝတ်နေရေး ကြပ်တည်းသွားတယ် ၊ အလုပ်လက်မဲ့ လူ ၂ ထောင်ကျော်လောက်ဖြစ်သွားတယ် ” လို့ မြိုင်မြို့နယ် ရေနံလုပ်သား တယောက်က…

Read More
VOM News

FREE
VIEW